
ဓာတ်ပုံ- ကျော်သူမြင့်စိုး/မြန်မာတိုင်းမ်နေ့စဉ်
နဂါးရစ်တောင်ဆရာတော်၏ ဝိဇာတမွေးနေ့ မင်္ဂလာအထိမ်းအမှတ် လှူဒါန်းမှုများ စုပေါင်းရေစက်ချ၊ သက်သတ်လွတ်မုန့်ဟင်းခါးစတုဒိသာကျွေး
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ပန်းပုကွင်းကျေးရွာအနီးရှိ နဂါးရစ်တောင်ဓမ္မပါလတောရကျောင်း သက် သတ်လွတ်နယ်မြေ နဂါးရစ်တောင်မေတ္တာရှင် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိသုဒ္ဓ၏ သက်တော်(၆၂)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်လှူဒါန်းမှုအစုစုအား စုပေါင်း ရေစက်ချခြင်းနှင့် သက်သတ်လွတ်မုန့်ဟင်းခါး ပိဿာချိန် ၅၀ဝ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း တို့အား သြဂုတ် ၂၇ရက် နံနက် ၇နာရီက ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ကျိုက် ဒေးအပ်ဆုတောင်းပြည့် ဆံတော်ဦးစေတီတော် မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။
စုပေါင်းရေစက်ချ
"ဗုဒ္ဓရဲ့ဆံတော်မြတ်ကို ညီနောင်နှစ်ဦးက သယ်လာတော့ ကုန်းပေါ်ကိုဘုရင်က ဗိုလ်ခြေ တစ်ထောင်နဲ့ဆင်းပြီး ပင့်ဆောင်တာကြောင့် ဗိုလ်တထောင် ဆံတော်ဦးစေတီဆိုပြီးဖြစ်လာ တယ်။ ဒါ့ကြောင့် ဗုဒ္ဓကိုပူဇော်သောအားဖြင့် နောက်ပြီး ဗုဒ္ဓရဲ့အခြေခံဖြစ်တဲ့ သရဏဂုံကို လူတိုင်းဒီနေရာကနေစပြီး တစ်သက်လုံးမြဲသွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘုန်းဘုန်းမွေးနေ့ မှာဒီနေရာကို ရွေးပြီးလှူဖြစ်တာပါ။ နောက်ပြီး လူတိုင်းလူတိုင်းက သူတို့ရဲ့ချွေးနှဲစာနဲ့လှူတဲ့အလှူကိုဘုန်းဘုန်းက မြတ်စွာဘုရားရဲ့ဆွမ်း ဒါယကာ၊ သင်္ကန်းဒါယကာ၊ ဆေးဒါယကာ၊ ကျောင်းဒါယကာနဲ့ ဘုရားဒါယကာစတဲ့ကုသိုလ် ငါးမျိုးရအောင် လုပ်ပေးတယ်။ ဒါကြောင့်အများကောင်းမှုကိုအကြောင်းပြုပြီးလှူတဲ့အလှူတွေဖြစ်တာကြောင့် စုပေါင်းရေစက်ချပြီးအမျှပေးဝေတာပါ"ဟု နဂါးရစ်တောင်မေတ္တာ ရှင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိသုဒ္ဓ က မြန်မာတိုင်းမ်နေ့စဉ်သို့ မိန့်ကြားသည်။
လေးကြိမ်ခွဲ
လစဉ်လှူဒါန်းမှုအစုစုအတွက် စုပေါင်း ရေစက်ချခြင်းနှင့် နဂါးရစ်တောင်ဆရာတော် ကြီး သက်တော်(၆၂)နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ် သက်သတ်လွတ်မုန့်ဟင်းခါးစတုဒိသာလှူဒါန်းကျွေးမွေးခြင်းအား လူပေါင်း များစွာလာရောက်သဖြင့် ဆရာတော်၏သီလ ပေး တရားဟောကြားခြင်းအား ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆုတောင်း ပြည့်ဆံတော်ဦးစေတီ တော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ နန်းဦးဘုရား ကြီးတန်ဆောင်း၌ လေးကြိမ်ခွဲ၍ပြုလုပ်ခဲ့သည်။
"ဘုန်းဘုန်းက လစဉ်လှူဒါန်းပေးကြတဲ့ ဆွမ်းအလှူရှင်၊ သင်္ကန်းအလှူရှင်၊ ဇရပ်တန် ဆောင်းသိမ်ကျောင်းဗိမာန်အလှူရှင်၊ ဘုရားအလှူရှင်၊ ဆေးအလှူရှင်၊ ကျေးဇူးရှင်အပေါင်း၊ ခင်ပွန်းကြီး(၁၀)ပါးနဲ့ မကျွတ်မလွတ်သေးတဲ့ သူတွေကို ရေစက်ချအမျှအတန်းပေးဝေလိုက် တဲ့အတွက်အလှူရှင်တွေလည်းအပ္ပာယ်လေး ဘုံကလွတ်မယ်၊ မကျွတ်မလွတ်သေးတဲ့ သူတွေလည်း ကျွတ်လွတ်သွားကြမှာပါ"ဟု နဂါးရစ် တောင်ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။