“Brand Ambassador ခန့်အပ်တဲ့အထိမ်းအမှတ်အနေနဲ့အမေများအဖွဲ့ကိုအလှူငွေ (၅)သိန်းလှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်”
celegabar.com
|
2019-08-29



ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ရရှိထားတဲ့ ရွှေပိုးအိမ်ကတော့ ပရိသတ်အချစ်တော် ဇာတ်ပိုဇာတ်ရံ တစ်ယောက်ပါ။မြန်မာဆန်ဆန်လေးနဲ့ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း ချစ်ခင်ဖော်ရွှေစွာဆက်ဆံတတ်တဲ့အနုပညာရှင်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ပရိသတ်အချစ်တွေကို တခဲနက်ဆိုသလိုပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ရွှေပိုးအိမ်ကတော့ ပြီးခဲ့တဲ့ မွေးနေ့တုန်းကလည်း မွေးနေ့လက်ဆောင်အနေနဲ့ ပရိသတ်တစ်ဦးထံမှ ပုံတူပန်းချီကားကို လက်ခံရရှိခဲ့သူတစ်ယောက်ပါ။




ရွှေပိုးအိမ်ကအလှူအတန်းလုပ်တဲ့နေရာမှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ(၂၇)ရက်နေ့က သွားရောက်လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေပိုးအိမ်ဟာ ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော ဆုတောင်းပြည့်အောင်သိဒ္ဓိသစ္စာရှင်အောင်သိဒ္ဓိစြင်္ကာရှင်အောင်သိဒ္ဓိမေတ္တာရှင် မြတ်စွာဘုရားများအား နေအိမ်ကို ပင့်စောင်ပူဇော်နေတာဖြစ်ပြီး မည်သူမဆိုလာရောက်ဖူးမြော်နိုင်ရန်လည်း ဖိတ်ကြားထားတာကို သိခဲ့ရပါတယ်။




သြဂုတ်လ(၂၈)ရက်နေ့ကလည်းအမေများအိမ်ရာရှိအမေများအားလုံးအတွက် ဆေးပဒေသာပင် ကို သရုပ်ဆောင် နွဲ့နွဲ့စန်းထံသို့ ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီးတော့ “Cover Queen Phone ccessories House တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ကော ရွှေပိုးကို ambassador ခန့်အပ်တဲ့အထိမ်းအမှတ်အနေနဲ့အမေများအားလုံးအတွက်အလှူငွေ (၅)သိန်းလှူခဲ့ပါသည်ရှင်” လို့သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ ရွှေပိုးအိမ်ရဲ့ မွန်မြတ်လှတဲ့အလှူတွေထဲကအလှူတစ်ခုပါ……။



Source:Shwe Poe Eain
ချစ်သဲမေ @ CeleGabar




ယူနီကုတ်ဖြင့်ဖတ်ရန်

“Brand Ambassador ခန့်အပ်တဲ့အထိမ်းအမှတ်အနေနဲ့ အမေများအဖွဲ့ကို အလှူငွေ (၅)သိန်းလှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်”

ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ရရှိထားတဲ့ ရွှေပိုးအိမ်ကတော့ ပရိသတ်အချစ်တော် ဇာတ်ပိုဇာတ်ရံ တစ်ယောက်ပါ။မြန်မာဆန်ဆန်လေးနဲ့ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း ချစ်ခင်ဖော်ရွှေစွာဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ပရိသတ်အချစ်တွေကို တခဲနက်ဆိုသလိုပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ရွှေပိုးအိမ်ကတော့ ပြီးခဲ့တဲ့ မွေးနေ့တုန်းကလည်း မွေးနေ့လက်ဆောင်အနေနဲ့ ပရိသတ်တစ်ဦးထံမှ ပုံတူပန်းချီကားကို လက်ခံရရှိခဲ့သူတစ်ယောက်ပါ။




ရွှေပိုးအိမ်က အလှူအတန်းလုပ်တဲ့နေရာမှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ(၂၇)ရက်နေ့က သွားရောက်လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေပိုးအိမ်ဟာ ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော ဆုတောင်းပြည့်အောင်သိဒ္ဓိသစ္စာရှင် အောင်သိဒ္ဓိစြင်္ကာရှင် အောင်သိဒ္ဓိမေတ္တာရှင် မြတ်စွာဘုရားများအား နေအိမ်ကို ပင့်စောင်ပူဇော်နေတာဖြစ်ပြီး မည်သူမဆိုလာရောက်ဖူးမြော်နိုင်ရန်လည်း ဖိတ်ကြားထားတာကို သိခဲ့ရပါတယ်။


သြဂုတ်လ(၂၈)ရက်နေ့ကလည်း အမေများအိမ်ရာရှိ အမေများ အားလုံးအတွက် ဆေးပဒေသာပင် ကို သရုပ်ဆောင် နွဲ့နွဲ့စန်းထံသို့ ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီးတော့ “Cover Queen Phone ccessories House တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ကော ရွှေပိုးကို ambassador ခန့်အပ်တဲ့
အထိမ်းအမှတ်အနေနဲ့ အမေများအားလုံးအတွက် အလှူငွေ (၅)သိန်းလှူခဲ့ပါသည်ရှင်” လို့သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ ရွှေပိုးအိမ်ရဲ့ မွန်မြတ်လှတဲ့ အလှူတွေထဲက အလှူတစ်ခုပါ……။
Source:Shwe Poe Eain
ချစ်သဲမေ @ CeleGabar




Some text some message..