စာခိုးမချနိုင်အောင် နည်းလမ်းအဆန်းနဲ့တားဆီးခဲ့မိလို့ ခေါင်းမီးတောက်ခဲ့ရတဲ့ ကျောင်းဆရာ
yoyarlay.com
|
2019-09-05



ကျောင်းသူ/သားတွေ စာခိုးမချနိုင်အောင် ထူးထူးခြားခြားနည်းလမ်းတစ်ခုကိုသုံးပြီး တားဆီးခဲ့တဲ့ မက္ကဆီကန်ကျာင်းဆရာတစ်ဦးကတော့ သူ့သုံးခဲ့တဲ့နည်းကြောင့်ပဲအလုပ်ပြုတ်မယ့်ကိန်းဆိုက်သွားခဲ့ပါတယ်။




မက္ကဆီကိုနိုင်ငံ၊Tlaxcala ပြည်နယ် Bachilleres 01 El Sabinal ကျောင်းက ကျောင်းဆရာ လူးဝစ် ဟွာရက်ဇ် တက်ဇစ် (Luis Juarez Texis ) က ဘာသာရပ်စာမေးပွဲတစ်ခုဖြေဆိုမယ့် ကျောင်းသူ/သားတွေကို စာခိုးချတာမျိုးမလုပ်နိုင်စေဖို့ နည်းလမ်းအသစ်တစ်ခုကို တွေးမိခဲ့ပါတယ်။အဲဒါကြောင့် သူတွေးမိတဲ့နည်းလမ်းအတိုင်းပဲ ကျောင်းသူ/သားအားလုံးရဲ့ခေါင်းမှာ ကတ်ထူစက္ကူပုံးတွေစွပ်ပေးပြီး ဖြေဆိုစေခဲ့တာပါ။




ကျောင်းသားမိဘတွေက ကျောင်းဆရာ လူးဝစ်ရဲ့လုပ်ရပ်ဟာ ကျောင်းသားတွေကိုအရှက်ခွဲတဲ့လုပ်ရပ်ပဲ လို့ ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေါသူပုန်လည်းထခဲ့ကြပါတယ်။ ကျောင်းတာဝန်ရှိသူတွေကိုလည်း ကျောင်းသားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ ကျောင်းဆရာ လူးဝစ်ကို တာဝန်ကနေရပ်စဲပြီး ထုတ်ပယ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ကျောင်းတာဝန်ရှိသူတွေဘက်ကတော့ ဒါဟာ ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်အောင်လေ့ကျင့်ပေးမှုတစ်ခုသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုကို ကျောင်းသားတွေကိုယ်တိုင် ကြိုပြီး သိရှိသဘောတူပြီးဖြစ်တယ်လို့ဆိုခဲ့ပြီး ကျောင်းအနေနဲ့လည်း လူအခွင့်အရေးကို လေးစားတန်ဖိုးထားကြောင်း ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ ဒီအဖြစ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေလုပ်၊ မလုပ်ကိုတော့ ထပ်ပြီးမသိရှိရသေးပါဘူး။

Ref: Daily Mail “Mexican teacher stops students cheating during exams by putting cardboard boxes on their heads”

TH (ရိုးရာလေး)




Some text some message..