တက္ကသိုလ်စာမေးပွဲကာလ ဝိုင်ဘီအက်စ်ယာဉ်များဖြည့်စွက်ပြေးဆွဲမည်
mmtimes.com
|
2019-09-06

ဆူးလေဘုရားအနီး ပန်းဆိုးတန်းကားမှတ်တိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ- ကျော်သူမြင့်စိုး/ မြန်မာတိုင်းမ်နေ့စဉ်

တက္ကသိုလ်စာမေးပွဲကာလ ဝိုင်ဘီအက်စ်ယာဉ်များဖြည့်စွက်ပြေးဆွဲမည်

တက္ကသိုလ်စာမေးပွဲဖြေဆိုရမည့်ကာလအတွင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအဆင်ပြေရန် ခရီးသည်တင် ဝိုင်ဘီအက်စ်ယာဉ်များ ဖြည့်စွက်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင် နှစ်ဝက် စာမေးပွဲများကို စက်တင်ဘာ ၂ ရက်မှအောက်တိုဘာ ၄ ရက်အထိပြုလုပ်နေ၍ ဂိတ် ရင်းရှိကျောင်းနေရာများကို စာမေးပွဲဖြေဆိုချိန်အမီရောက်ရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ပြေးဆွဲထားပေးမည်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းကြောင်းပိတ်မှုများနှင့် ကား ပျက်မှုဖြစ်စဉ်များမရှိရအောင်အရန်ပြေးဆွဲယာဉ်များကိုပါ ထားရှိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


စောစောရောက်ဖို့စီစဉ်ပေး

"ကျောင်းသူကျောင်းသားတွေကိုလည်းအသိပေးထားပါတယ်။ စာမေးပွဲဖြေဆိုချိန်မှာ လည်း ခရီးသည်တင်ဝိုင်ဘီအက်စ်ယာဉ်တွေကို ဖြည့်စွက်ပြီးပြေးဆွဲပေးနေပါတယ်။ ပုံမှန် ယာဉ်တွေကလည်း ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ဂိတ်ရင်းတွေဟာ ကျောင်းတွေမှာရှိပါတယ်။ ဒါပေမဲ့ စာမေးပွဲကာလမှာကျတော့ ကျောင်းတွေကို စောစောရောက်ဖို့လုပ်ပေးရမှာဖြစ် ပါတယ်။ စာမေးပွဲဖြေဆိုရမယ့် ကျောင်းသား ကျောင်းသူတွေအဆင်ပြေချောမွေ့စေဖို့အတွက် စီမံဆောင်ရွက်မှုတွေကို ပြောင်းလဲပြီးလုပ်ပေးရတာဖြစ်ပါတယ်။ ပုံမှန်ဆွဲရင် ကျောင်းသူ ကျောင်းသားတွေ သွားလာမှုအဆင်မပြေမှာစိုးတဲ့အတွက် ယာဉ်တွေအဆင်သင့်ထားပြီး ကျောင်းကိုပို့ပေးတာတွေ လုပ်ဆောင်ပေးသွားမှာပါ။ ကားပိတ်တာတို့၊ ကားပျက်တာတို့ ဖြစ်ပေါ်လည်း စာမေးပွဲအချိန်မီရောက်ရှိနိုင်အောင်အရန်ယာဉ်တွေကိုလည်းအဆင်သင့် ထားရှိပြေးဆွဲပေးထားမှာပါ"ဟု ဝိုင်အာရ်တီအေတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က စက်တင်ဘာ ၅ ရက်က မြန်မာတိုင်းမ်နေ့စဉ်သို့ပြောဆိုခဲ့သည်။




Some text some message..