စာအုပ်တွေနဲ့ပတ်သက်ပြီး လူတွေ သိပ်မသိသေးတဲ့ ထူးခြားတဲ့ သမိုင်းကြောင်းများ
shwemom.com
|
2019-09-06

“စာအုပ်စာပေ လူ့မိတ်ဆွေ” .. “အလိမ္မာ စာမှာရှိ” စသဖြင့် ရှေးလူကြီးတွေဟာ စာအုပ်စာပေနဲ့ ပတ်သတ်ပြီး ညွှန်းဆိုခဲ့တာတွေအများကြီးရှိပါတယ်။ စာပေဟာ လူတွေရဲ့အသိဉာဏ်ကို မြင့်မားစေနိုင်သလို ဗဟုသုတလည်း တိုးပွားစေနိုင် ပါတယ်။ စာပေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် စာအုပ်စာပေတွေနဲ့ ပတ်သတ်တဲ့ ထူးထူးခြားခြား သမိုင်းကြောင်း လေးတွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။


Amazon

(၁) ကမာမ္ဘာ့ ပထမဆုံးစာပေအမျိုးအစား
မှတ်တမ်းတင်တွေ့ရှိချက်တွေအရ ကမ္ဘာပါ်မှာရှိခဲ့တဲ့ ပထမဆုံးစာပေလက်ရာဟာ ကဗျာအမျိုးအစားဖြစ်ပါတယ်။ ကဗျာခေါင်းစဉ်ကတော့Epic of Gilgameshဖြစ်ပါတယ်။ ရှေးမက်ဆိုပိုတေးနီးယားခေတ်က ရေးဖွဲ့ထားတဲ့ ကဗျာပဲဖြစ်ပါတယ်။အဲဒီအချိန်ကာလတုန်းက စက္ကူတွေကို မတွေ့ရှိသေးတာကြောင့်အဆိုပါကဗျာကို ကျောက်စာ ၁၂ ချပ်ပေါ်မှာ ထွင်းကာ ရေးသားထားခဲ့ပါတယ်။အခုခေတ်မှာတော့Epic of Gilgameshကဗျာကိုအင်တာနက်မှာ လွယ်လွယ်ကူကူနဲ့ ဖတ်ရှု့နိုင်ပါပြီ။


Amazon

(၂) ကမ္ဘာ့ပထမဆုံး ဝတ္ထု
စာအုပ်စာပေ တွေမှာအများဆုံးတွေ့ရှိရတဲ့ စာပေအမျိုးအစားက ဝတ္ထုစာပေတွေပါပဲ။ ကမ္ဘာပေါ်မှာ ပထမဆုံးရေးသားခဲ့တဲ့ ဝတ္ထုကတော့ The Tale of Genji ဆိုတဲ့ ဝတ္ထုဖြစ်ပြီး ရေးသားခဲ့သူကတော့ စာရေးဆရာမ Murasaki Shikibu ဖြစ်ပါတယ်။ ၁၁ ရာစုခေတ်မှာ ဂျပန်နိုင်ငံက ထွက်ပေါ်လာခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။


wikimedia commons

(၃) ကမ္ဘာပေါ်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်
ကမ္ဘာပေါ်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်ကတော့ Gutenberg Bible စာအုပ်ဖြစ်ပြီး ၁၄၅၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။အဆိုပါစာအုပ်ကို ပုံနှိပ်ခဲ့သူကတော့ ပုံနှိပ်စက်ကို တီထွင်ခဲ့တဲ့ ဂူတင်ဘတ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဂူတင်ဘတ်ရဲ့ ကြိုးစားအားထုတ်မှုဟာ လူသားတွေရဲ့ သမိုင်းကြောင်းကို ပြောင်းလဲစေရုံတင်သာမက စာပေအတွက်လည်းအများကြီးပြောင်းလဲသွားစေခဲ့ပါတယ်။

(၄) တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို စာအုပ်ဘယ်နှစ်အုပ်ထွက်သလဲ
ခန့်မှန်းချေအရ တစ်နှစ်ကို စာအုပ်ပေါင်း၇၅၅၇၅၅အုပ်ထွက်ရှိတယ်လို့ စာရင်းဇယားများအရသိရှိရပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ရဲ့ နှစ်လည်မှာ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရအသစ်ထွက်ရှိတဲ့ စာအုပ်အရေအတွက်ဟာ ၁၃၄၃၉၉၄၁၁အုပ်ရှိပါတယ်။


Wikimedia Commons

(၅) ကမ္ဘာ့အကြီးဆုံးစာအုပ်
ကမ္ဘာ့အကြီးဆုံးစာအုပ်ကတော့ မြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင်အံ့သြသွားမှာပါ။ ဟုတ်ပါတယ်။ မန္တလေးမြို့ကုသိုလ်တော်ဘုရားမှာ ရှိတဲ့ ကျောက်စာတွေဟာ ကမ္ဘာ့အကြီးဆုံး စာအုပ်ပဲဖြစ်ပါတယ်။ ကျောက်စာရဲ့ မျက်နှာစာနှစ်ဖက်စလုံးမှာ ထေရဝါဒဗုဒ္ဓသာသနာအကြောင်းကို ရေးထိုးထားပြီး ကျောက်စာချပ်ရေ ၇၃၀ ကျော်ရှိပါတယ်။

(၆) စက္ကူနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးစာအုပ်
ကမ္ဘာ့အကြီးဆုံးစာအုပ်ဟာ ကျောက်စာချပ်တွေ ဖြစ်နေပေမယ့်အခုတစ်ခါမှာတော့ စက္ကူနဲ့လုပ်ထားတဲ့ မြင်တွေ့နေကျ စာအုပ်ပုံစံဟာ ဒူဘိုင်းမှာ ရှိနေပါတယ်။ စာအုပ်နာမည်ကတော့This is Muhamedဖြစ်ပြီးအဆိုပါ စာအုပ်ကို ဖန်တီးသူတွေကတော့ Mshahed International Group ဖြစ်ပြီး ၂၀၁၂ ဖေဖော်ဝါရီလမှာပဲ ပြီးဆုံးအောင် ဖန်တီးခဲ့ပါတယ်။


စာအုပ်ဟာ ငါးမီးတာအကျယ်ရှိပြီး ၈ မီတာကျော်ကျော် ရှည်လျားပါတယ်။ စာမျက်နှာ ၄၂၉ ရွက်ပါရှိပြီး ပေါင်သုံးထောင်ကျော်အလေးချိန်ရှိပါတယ်။


Amazon

(၇)ကမ္ဘာ့အရှည်ဆုံးဝတ္ထုစာအုပ်
ကမ္ဘာ့အရှည်ဆုံးဝတ္ထုစာအုပ်လည်း ရှိပါတယ်။ စာအုပ်နာမည်ကတော့Remembrance of Things Pastဖြစ်ပြီး ပြင်သစ်စာရေးဆရာကြီး Marcel Proust ရေးသားခဲ့တာပါ။ ခန့်မှန်းချေအရအဆိုပါ ဝတ္ထုစာအုပ်ထဲမှာ စာလုံးပေါင်းအရေအတွက် ကိုးသိန်းကျော်ပါဝင်ပါတယ်။


Amazon

(၈)ကမ္ဘာ့အထူဆုံးစာအုပ်
စာအုပ်နာမည်ကတော့The Complete Miss Marpleဖြစ်ပြီးအထူကတော့ ၁ ပေကျော်ကျော်လောက် ထူထဲပါတယ်။ စာမျက်နှာအရေအတွက် စုစုပေါင်း လေးထောင်ကျော်ပါဝင်ပါတယ်။


အဆိုပါ စာအုပ်ဟာ ဝတ္ထုအပုဒ်ရေ ၂၀ နဲ့ ထူးဆန်းအံ့သြဖွယ်ဝတ္ထုရှည် ၁၂အုပ် ပါဝင်ပါတယ်။ စာရေးသူ Agatha Christie ရဲ့ လက်ရာတွေဖြစ်ပြီး ရာဇဝတ်မှုကို ဖြေရှင်းရတဲ့ ဇာတ်လမ်းနောက်ခံထားတဲ့ ဝတ္ထုများလည်း ဖြစ်ပါတယ်။

(၉)ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်
Bay Psalm Bookပထမအကြိမ်ပုံနှိပ်မူစာအုပ်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး စာအုပ်ပါတဲ့။ နယူးယောက်မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာအဆိုပါစာအုပ်ကို ကန်ဒေါ်လာ ၁၄သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်ဖြစ်ခဲ့ပါတယ်။ စာအုပ်ရဲ့ ပထမအကြိမ်ပုံနှိပ်မူဟာ ၁၆၄၀မှာ ရိုက်နှိပ်ခဲ့တာလည်းဖြစ်ပါတယ်။

(၁၀)ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်
အခုအချိန်အထိ ရောင်းအားအကောင်းဆုံးလည်းဖြစ်တယ်၊ လူတွေလည်း ဖတ်ရှု့လေ့လာနေဆဲ စာအုပ်ကတော့ သမ္မာကျမ်းစာအုပ်ပဲဖြစ်ပါတယ်။

(၁၁) ရှေးခေတ်ကအကြီးမားဆုံးစာကြည့်တိုက်
ယနေ့ခေတ်မှာတော့ မရှိတော့ပေမယ့်အရင်တုန်းအကြီးမားဆုံးစာကြည့်တိုက်ကတော့အီဂျစ်နိုင်ငံမှာရှိတဲ့အလက်ဇန်းဒီးယားစာကြည့်တိုက်ဖြစ်ပါတယ်။ စက္ကူတေေွမထွန်းကားသေးတဲ့ ခေတ်ကာလက စာကြည့်တိုက်ဆိုတော့ ကျမ်းစာအလိပ်တွေနဲ့ ရေးမှတ်ထားလေ့ရှိပါတယ်။ စာကြည့်တိုက်ကြီးအဖျက်ဆီးမခံရခင်ကာလတုန်းက ကျမ်းစာအလိပ်ပေါင်း လေးသိန်းကျော်လောက် စုစည်းထားနိုင်ချေရှိတယ်လို့ ဆိုပါတယ်။အခုခေတ်မှာတော့အဆိုပါစာကြည်တိုက်ဟာ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာနေဆဲဖြစ်တဲ့ သမိုင်းဝင်နေရာတစ်နေရာအဖြစ် ရှိနေပါတယ်။


Wikimedia Commons

(၁၂) ယနေ့ခေတ်အကြီးမားဆုံးစာကြည့်တိုက်
ယနေ့ခေတ်ရဲ့အကြီးမားဆုံးစာကြည့်တိုက်ကတော့အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်စာကြည့်တိုက်ပဲ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၃၈ သန်းကျော် သိမ်းဆည်းထားပါတယ်။


အမေရိကန်သမ္မတအဒမ်ရဲ့လက်ထက်မှာ မူလပထမစာကြည့်တိုက်ကို ဆောက်လုပ်ခဲ့ပြီး ၁၈၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် စာကြည့်တိုက်ဟာ ပျက်စီးခဲ့ပါတယ်။ သမ္မတသောမတ်ဂျက်ဖာဆန်လက်ထက်မှာတော့အဆိုပါ စာကြည့်တိုက်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံးစာကြည့်တိုက်အဖြစ် ယနေ့ထက်တိုင် တည်ရှိနေပါတယ်။


Amazon

(၁၃) ၂၁ ရာစုမှာအပိတ်ပင်ခံရဆုံး စာအုပ်
အမေရိကန်ပြည်ထောင်စု စာကြည့်တိုက်အစည်းအရုံးရဲ့အဆိုအရ ဟယ်ရီပေါ်တာ စာအုပ်စီးရီးတွေဟာ (၂၁)ရာစုအတွင်း နိုင်ငံအတော်များများမှာ ပိတ်ပင်ခံရမှုအများဆုံး ဖြစ်ခဲ့ပါတယ်။


Ye Yint Kyaw

Ref : Wikipedia




Some text some message..