ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သား ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုခွင့် ကို စက်တင်ဘာ ၁၃ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ပြီ
myanmaplatform.com
|
2019-09-06



ထိုင်း ၊ စက်တင်ဘာ

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သား ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုခွင့် ကို စက်တင်ဘာ ၁၃ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ပြီလို့ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးအသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ထိုင်းရောက် ရွှေ့ပြောင်း မြန်မာလုပ်သား ကျောင်းသူကျောင်းသား များ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားရန်အတွက် သတ်မှတ် ချက်များ ပူးတွဲပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ၊ မြန်မာ သံရုံး၊အုပ်ချုပ်ရေးဌာနထံ လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထား လိုသည့် မြန်မာရွှေ့ပြောင်းကလေးများအနေဖြင့် ကျောင်းသား၊ မိဘ(သို့မဟုတ်)အုပ်ထိန်းသူများ၏ နိုင်ငံ ကူးလက်မှတ် မိတ္တူ၊ မူရင်း ပြသနိုင်ရမည်၊ ဗီဇာအမျိုးအစား၊တံဆိပ်တုံးပါရှိတဲ့ စာမျက်နှာ မိတ္တူ၊ မိဘအုပ်ထိန်းသူနဲ့အတူ လိုက်ပါနေထိုင် သူဖြစ်ပါက မိဘရဲ့ သက်ဆိုင်ရာ နိုင်ငံမှ နေထိုင်မှု ကာလအတွက် ပေးထားတဲ့ကတ်အထောက်အထားတစ်စုံတစ်ရာ မှုရင်း၊ မိတ္တူ မိဘ(သို့မဟုတ်)အုပ်ထိန်းသူမရှိဘဲ ကိုယ်တိုင်အလုပ်လုပ်ကိုင်၍ဖြစ်စေ ကျောင်းတက် ရောက်နေတာ ကြောင့်ဖြစ်စေ စသဖြင့် မည်သည့်အတွက်ကြောင့် ထိုင်းသို့ရောက်ရှိနေရတယ်ဆိုတဲ့အထောက်အထားမူရင်း၊ မိတ္တူ၊ မြန်မာနိုင်ငံတွင် တက် ရောက်သင်ကြားခဲ့တဲ့ ကျောင်းအတွက် ကျောင်းထွက် လက်မှတ် မိတ္တူ၊ စတဲ့အထောက်အထားများနဲ့ လျှောက်လွှာဖိုး ဘတ်၂၀ ပေးသွင်း၍ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလာတဲ့ ကျောင်းသားများ စာမေးပွဲ ဖြေဆိုရာမှာလည်း ပညာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့မှ ချမှတ်ထားတဲ့ စာမေးပွဲ စည်းမျဉ်း စည်းကမ်းများကိုအတိအကျလိုက်နာရမည်ဖြစ် ကြောင်း၊ ပြည်ပစာစစ်ဌာန ဘန်ကောက်မြို့ မြန်မာ သံရုံးအနေနဲ့လည်း စာမေးပွဲစည်းမျဉ်းစည်း ကမ်းများအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo- မြန်မာသံရုံး (ဘန်ကောက်မြို့)




Some text some message..