” ရေဘေးသင့်ပြည့်သူများအတွက်အလှူငွေတွေနဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ထိပ်ထားသခင် “
celegabar.com
|
2019-09-06



လူမှုကွန်ရက်ကဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီးအနုပညာလောကထဲကိုအသက်(၃)နှစ်အရွယ်မှာအငယ်ဆုံး ကြော်ငြာမင်းသမီးလေးအဖြစ်စတင်ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင်လေးဟာပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး လည်းဖြစ်ပါတယ်။ပြည်သူ့အချစ်တော် သူမကတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီချောလေး ဖွေးစိန်လေးကလည်းသူရဲ့စံပြအနုပညာရှင်ပါလို့ ဆိုထားပါသေးတယ်။





မကြာသေမီက ထိပ်ထားလေးဟာ ဗီဒီယိုလေးတစ်ခုမှာ သူမရဲ့အမေကို ရဘေးသင့်နေတဲ့သူတွေကို သွားရောက်ကူညီချင်တာကြောင့် သူမရဲ့ မွေးနေ့အတွက် လက်ဆောင်တွေမပေးပဲ ရေဘေးအတွက်အလှူငွေလေးတွေ ထည့်ဖို့ ပြောပြခဲ့ပါသေးတယ်။ထိပ်ထားလေးကတော့ လူလေးငယ်သလောက် သဒ္ဒါတရားထက်သက်လွန်းသူလေးပဲ ဖြစ်ပါတယ်။





ထိပ်ထားလေးကတော့ သူမရည်ရွယ်ထားတဲ့အတိုက် ရေဘေးသင့်ပြည့်သူများအတွက်အလှူငွေတွေနဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့တာကို “ကလေးသရုပ်ဆောင် ထိပ်ထားသခင် မှ ယနေ့တွင်အသက်(၅)နှစ်ပြည့်မွေးနေ့အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ကာအလှူငွေ -( ၅၀၀,၀၀၀) – (ငါးသိန်းကျပ်တိတိ) နှင့် တိဗက်ဆေးတိုက်မှ ကျပ်(၈၁၆,၀၀၀) တန်ဖိုးရှိ တိုင်းရင်းဆေးဝါးများကို လှူဒါန်းခဲ့ပါသည်။ဥက္ကဌ ဦးကျော်သူမှ ကလေးသရုပ်ဆောင် ထိပ်ထားသခင်အား ပရဟိတကို ငယ်စဉ်ကပင် စိတ်ပါဝင်စားပြီး သနားကြင်နာတတ်တဲ့ ကလေးဖြစ်တာကြောင့်အောင်မြင်ကျော်ကြားတဲ့ ပညာတတ်အနုပညာရှင်ကြီးဖြစ်ပါစေလို့လဲ မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ် ။ထို့နောက်တွင် ကလေးသရုပ်ဆောင် ထိပ်ထားသခင်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပရဟိတလုပ်ဆောင်မှုများကို လေ့လာခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင်လူနာများနှင့်နက်စ်မလေးများကိုအားပေးစကားပြောခြင်း၊သုခအလင်းပညာရေးကျောင်းတွင်ပညာသင်ကြားနေသော ကိုကိုဖ၊မမများအားနူတ်ခွန်းဆက်သခြင်း၊သုခအလင်းစာကြည့်တိုက်အားလေ့လာခြင်း၊ကစားကွင်းတွင်ကစားခြင်းတို့အားပြုလုပ်ခဲ့ပါသည်။ကလေးသရုပ်ဆောင် ထိပ်ထားသခင် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်မြင်ကျော်ကြားသောအနုပညာရှင်ဖြစ်ပါစေ ဉာဏ်ပညာကြီးမားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။” လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ထိပ်ထားလေးရဲ့ မွန်မြတ်တဲ့အလှူလေးကို မေတ္တာထားပြီး သာဓုခေါ်သွားဦးနော်။



Source: Kyaw Thu
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




” ရေဘေးသင့်ပြည့်သူများအတွက် အလှူငွေတွေနဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ထိပ်ထားသခင် ”

လူမှုကွန်ရက်ကဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး အနုပညာလောကထဲကို အသက်(၃)နှစ်အရွယ်မှာ အငယ်ဆုံး ကြော်ငြာမင်းသမီးလေးအဖြစ်စတင်ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင်လေးဟာပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး လည်းဖြစ်ပါတယ်။ပြည်သူ့အချစ်တော် သူမကတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီချောလေး ဖွေးစိန်လေးကလည်းသူရဲ့စံပြအနုပညာရှင်ပါလို့ ဆိုထားပါသေးတယ်။

မကြာသေမီက ထိပ်ထားလေးဟာ ဗီဒီယိုလေးတစ်ခုမှာ သူမရဲ့အမေကို ရဘေးသင့်နေတဲ့သူတွေကို သွားရောက်ကူညီချင်တာကြောင့် သူမရဲ့ မွေးနေ့ အတွက် လက်ဆောင်တွေမပေးပဲ ရေဘေးအတွက် အလှူငွေလေးတွေ ထည့်ဖို့ ပြောပြခဲ့ပါသေးတယ်။ထိပ်ထားလေးကတော့ လူလေးငယ်သလောက် သဒ္ဒါတရားထက်သက်လွန်းသူလေးပဲ ဖြစ်ပါတယ်။

ထိပ်ထားလေးကတော့ သူမရည်ရွယ်ထားတဲ့ အတိုက် ရေဘေးသင့်ပြည့်သူများအတွက် အလှူငွေတွေနဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့တာကို “ကလေးသရုပ်ဆောင် ထိပ်ထားသခင် မှ ယနေ့တွင် အသက်(၅)နှစ်ပြည့်မွေးနေ့ အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ကာ အလှူငွေ -( ၅၀၀,၀၀၀) – (ငါးသိန်းကျပ်တိတိ) နှင့် တိဗက်ဆေးတိုက်မှ ကျပ်(၈၁၆,၀၀၀) တန်ဖိုးရှိ တိုင်းရင်းဆေးဝါးများကို လှူဒါန်းခဲ့ပါသည်။ဥက္ကဌ ဦးကျော်သူမှ ကလေးသရုပ်ဆောင် ထိပ်ထားသခင်အား ပရဟိတကို ငယ်စဉ်ကပင် စိတ်ပါဝင်စားပြီး သနားကြင်နာတတ်တဲ့ ကလေးဖြစ်တာကြောင့် အောင်မြင်ကျော်ကြားတဲ့ ပညာတတ် အနုပညာရှင်ကြီးဖြစ်ပါစေလို့လဲ မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ် ။ထို့နောက်တွင် ကလေးသရုပ်ဆောင် ထိပ်ထားသခင်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပရဟိတလုပ်ဆောင်မှုများကို လေ့လာခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင်လူနာများနှင့်နက်စ်မလေးများကိုအားပေးစကားပြောခြင်း၊သုခအလင်းပညာရေးကျောင်းတွင်ပညာသင်ကြားနေသော ကိုကိုဖ၊မမများအားနူတ်ခွန်းဆက်သခြင်း၊သုခအလင်းစာကြည့်တိုက်အားလေ့လာခြင်း၊ကစားကွင်းတွင်ကစားခြင်းတို့အားပြုလုပ်ခဲ့ပါသည်။ကလေးသရုပ်ဆောင် ထိပ်ထားသခင် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ကျော်ကြားသော အနုပညာရှင်ဖြစ်ပါစေ ဉာဏ်ပညာကြီးမားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။” လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ထိပ်ထားလေးရဲ့ မွန်မြတ်တဲ့ အလှူလေးကို မေတ္တာထားပြီး သာဓုခေါ်သွားဦးနော်။




Some text some message..