သီတင်းကျွတ်မှာ သံဃာတော်တွေအတွက် ပံသကူအလှူဒါနပြုဖို့ ကြိုတင်ပြင်ဆင်နေကြတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစု
myanmarload.com
|
2019-10-13
သရုပ်ဆောင် မင်းသားချော ပိုင်ဇေရဲထွန်းကတော့ VCD ခေတ်ကတည်းက ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု ရရှိလာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ ပိုင်ဇေရဲထွန်းကိုတော့ ပရိသတ်တွေက ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။
ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံးက အားကျရတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးမှာတော့ ဇနီးလေးဇင်သဲနိုင်ကလည်း တကယ့်ကိုချောမောလှပတဲ့ မိန်းမလှလေး ဖြစ်ပါတယ်။ အခုလည်း ဇင်သဲနိုင်က သီတင်းကျွတ်အခါသမယမှာ သံဃာတော်တွေအတွက် ပံ့သကူအလှူပြုဖို့ ကြိုတင်ပြင်ဆင်နေတဲ့ သူမတို့မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားပါတယ်။
ဇင်သဲနိုင်က '' ပံ့သကူဒါန '' ဆိုပြီး အလှူအတွက် မိသားစုလိုက် တက်ညီလက်ညီပြင်ဆင်နေတဲ့ ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့မိသားစုလေးက သံဃာတော်တွေအတွင် သပိတ်၊သင်္ကန်းနဲ့အလှူငွေတွေကို လှူဒါန်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်ဇေရဲထွန်းတို့မိသားစုလေးရဲ့ ပံ့သကူအလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#ပံ့သကူ
#မိသားစုလေး
#အလှူ
#ရဲ
#သံဃာတော်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်