သတို့သားနဲ့ သတို့သမီးတို့က ခေါင်းတလားထဲဝင်ပြီးမှသာ မင်္ဂလာဆောင်ရလေ့ရှိတဲ့ ထိုင်းမင်္ဂလာဆောင်
shweinnlay.com
|
2019-11-15



ထိုင်းနိုင်ငံက မင်္ဂလာပွဲမှာပြုလုပ်လေ့ရှိတဲ့ ထူးထူးခြားခြား ထုံတမ်းဓလေ့တစ်ခုပါ။ ထိုင်းလူမျိုးတွေဟာ မင်္ဂလာမဆောင်ခင်မှာ သတို့ သားနဲ့ သတို့သမီးတို့အတွက် အထူးသဖြင့် လုပ်ဆောင်ကြရလေ့ရှိတဲ့ ဓလေ့တစ်ခုကို မဖြစ်မနေပြုလုပ်ကြပါတယ်။ အဲ့ဒါကတော့ မင်္ဂလာမဆောင်ခင်၊ နှစ်ဦးသားအတူ မပေါင်းဖက်ခင်မှာ သတို့သားနဲ့ သတို့သမီးတို့က အရင်ဆုံး ခေါင်းတလားထဲဝင်ရောက်ပြီးတော့ သေ အတူရှင်မကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ ထုံးတမ်းအစဉ်အလာမင်္ဂလာပြုလုပ်ဆောင်ကြလေ့ရှိတယ်လို့ သိရပါတယ်။




ဒါဟာ သိပ်ကို ထူးခြားပြီး ဆန်းကြယ်တဲ့ ထိုင်းလူမျိုးတွေရဲ့ အစဉ်အလာတစ်ခုပါပဲ။ ထိုင်းနိုင်ငံ မြို့ တော်အပြင်ဘက်မှာရှိတဲ့ မြို့တော် တစ်ခုရဲ့ ဘုရားကျောင်းမှာဆိုရင် လက်ထပ်ထိမ်းမြားကြမယ့် မင်္ဂ လာဦးမောင်နှံတွေဟာ မင်္ဂလာဆောင် ဓလေ့ထုံးတမ်းရိုးရာဝတ် စုံတွေနဲ့အတူ သူတို့တွေအတွက် အထူးပြုလုပ်ထားကြတဲ့ နှစ်ယောက်အိပ်စာ ခေါင်းတလားထဲကို ဝင်ရောက်ကြပါတယ်။ အဲ့ဒါမှ သာ မင်္ဂလာဆောင် ဇနီးမောင်နှံနှစ်ဦးသားရဲ့ အချစ်ဟာစစ်မှန်ပြီးတော့ သေအတူရှင်မကွာဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်နိုင်တယ်လို့ သိရပါတယ်။




မင်္ဂလာမောင်နှံတို့ဟာ ခေါင်းတလားထဲတစ်ခဏဝင်ရောက်အိပ်စက်နေဟန် ဝင်ရောက်ကြပြီးတော့ ဗုဒ္ဓဘာသာရေးဘုန်းကြီးတွေနဲ့ ဆရာသမားတွေက သူတို့တွေအတွက် ပရိတ်၊ ရေမန်းနဲ့ ကံကောင်း ခြင်းတွေ ရရှိစေမယ့် အဆောင်အယောင်၊ ဂါထာရွတ်ဖတ်သရ ဈာန်ခြင်းတွေ ပြုလုပ်ပေးကြပါတယ်။ ဒါဟာ အသစ်စက်စက်ဇနီးမောင်နှံတွေအတွက် အန္တရာယ်မကျရောက်အောင်၊ ကံဆိုးခြင်းတွေ မဖြစ်ရ လေအောင် ကာကွယ်မှုတွေနဲ့စောင့်ရှောက်ပေးတဲ့ အစီအရင်ထုံးတမ်းဓလေ့တွေပဲဖြစ်ကြလို့ ထိုင်းလူ မျိုးတွေဟာ ယုံ ယုံကြည်ကြည်နဲ့ပြုလုပ်ကြလေ့ရှိတယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)




Some text some message..