မိုးကုတ်ဆရာတော်ကြီး ဟောကြားခဲ့သည့်တရားတော်များကို ကျောက်ထက်အက္ခရာတင်၍ ဓမ္မစေတီတော်အဖြစ်တည်ထားမှု အဆူ ၄၀ဝ ကျော်ပြီးစီးနေ
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး မြောက်ပိုင်းရှိ ရှင်သီဝလိတောရရိပ် သာကြီးတွင် ကျေးဇူးတော်ရှင် အဂ္ဂ မဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ကြီး ဟောကြားတော်မူအပ်သော သစ္စာလေး ပါးမြတ်တရားတော် (ပုဒ်ရေ ၁၃၅၀)ကျော်ကို ကျောက်ထက်အက္ခရာတင် ဓမ္မစေတီတော်အဖြစ်တည်ထားလျက် ရှိရာ လက်ရှိအချိန်တွင် စေတီအဆူ ပေါင်း ၄၀ဝ ကျော် တည်ထားပြီးစီး နေပြီဖြစ်ကြောင်း ရှင်သီဝလိတောရ ရိပ်သာမှ သိရသည်။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ကြီး၏အဆုံးအမ များ၊ သစ္စာလေးပါးတရားတော်များ ကို မပျောက်ပျက်အောင် ကျောက် ထက်အက္ခရာတင် ဓမ္မစေတီတော် တည်ဆောက်မှုကို နိုင်ငံတော်မဟာ ကမ္မဌာနာစရိယ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီး၏ မဟာဓမ္မကထိက ဘဒ္ဒန္တသုမန (မဟာထေရ်) ဦးစီး၍ မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင် အလှူရှင်များ၏လှူဒါန်း မှုဖြင့် ၂၀၁၇ ခုနှစ် မတ်လအတွင်းက စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ လက်ရှိအချိန်တွင် စေတီ အဆူပေါင်း ၄၀ဝ ကျော် ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း တည်ဆောက်ရေးအဖွဲ့ တာဝန်ခံ ဦးအောင်မောင်းကပြော သည်။
"အခု စေတီအဆူပေါင်း ၄၀ဝ ကျော်လောက် ပြီးနေပါပြီ။ နောက် နှစ်လလောက်ဆို အဆူ ၅၀ဝ ကျော် ပြီးပါမယ်။ စေတီအဆူပေါင်း ၁၃၅၀ တည်ဆောက်သွားမှာဖြစ်တဲ့အတွက် အလှူငွေရတဲ့အပေါ်မူတည်ပြီး ဆောင် ရွက်နေရတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ စေတီတစ်ဆူလျှင် မိုးကုတ်ဆရာ တော်ကြီး ဟောကြားခဲ့သည့်တရား တော်တစ်ပုဒ် ကျောက်ထက်အက္ခရာ တင်၍ ပူဇော်တည်ထားမည်ဖြစ်ပြီး စေတီတော်ပုံသဏ္ဌာန်မှာ ရွှေတိဂုံ စေတီပုံစံတူဖြစ်ကြောင်း သိရသည်။
စေတီ၏အောက်တွင် မဏ္ဍိုင်ရှိ မည်ဖြစ်ပြီး ယင်းမဏ္ဍိုင်၏လေးမျက် နှာတွင် တရားတစ်ပုဒ်စာကို ကျောက် စာလေးချပ်အပြည့်ရေးထိုးပူဇော်ထား ရှိမည်ဖြစ်ကြောင်း၊ ကျောက်စာအမြင့် ပေခြောက်ပေ၊ စေတီဥာဏ်တော်အမြင့် ကိုးပေရှိပြီး မြေပြင်မှ ထီးတော်အထိ စုစုပေါင်းပေ ၂၀ ခန့်ရှိမည်ဖြစ်ကြောင်း၊ ဓမ္မစေတီတစ်ဆူလျှင် ငွေကျပ်သိန်း ၇၀ နှုန်းဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ စုပေါင်းထည့်ဝင်လှူဒါန်းနိုင် ကြောင်း သိရပြီး လှူဒါန်းလိုသည့် စေတနာရှင်အလှူရှင်များအနေဖြင့် ဒေါ်ဝါယမီ ဖုန်း-ဝ၉–၇၈၀၉၁၁၈၇၁၊ ဦးအောင်မောင်း ဝ၉–၇၉၇၉၅၅၂၈၉၊ ဦးမင်းမင်းမြတ် ဝ၉–၄၀၂၅၀၇၀၁၆ တို့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။