ပြက္ခဒိန်ထဲက လတွေရဲ့နာမည်တွေ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းများ
shwemom.com
|
2019-12-03

ပြက္ခဒိန်ထဲမှာရှိတဲ့ လတွေရဲ့နာမည်နောက်ကွယ်က သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို စာဖတ်သူတွေသိဖို့ ဖော်ပြပေးလိုက်ပါတယ်။ လတိုင်းလတိုင်းမှာ သက်ဆိုင်တဲ့အထိမ်းအမှတ်တွေရှိကြမှာအမှန်ပါပဲ။မွေးနေ့လိုနေ့မျိုး၊ နှစ်ပတ်လည်လိုနေ့မျိုး ဒါမှမဟုတ် ပထမဆုံးအလုပ်ဆင်းတဲ့လ အဲ့ဒီလိုအဓိပ္ပါယ်ရှိတဲ့နေ့စွဲတွေဟာ လတိုင်းလတိုင်းမှာ ရှိနေပါတယ်။


ဒါ့ကြောင့် အဲ့လိုအဓိပ္ပါယ်ရှိတဲ့နေ့ရက်တွေရှိတဲ့ လတွေရဲ့နာမည်တွေဖြစ်ပေါ်လာတဲ့အကြောင်းတွေကို သိချင်ရင် ဒီစာလေးကို ဆက်လက် ဖတ်ကြည့်ကြပါအုံးနော်….


1) January


January ဆိုတဲ့နာမည်ဟာ ရောမနတ်ဘုရား Janus ရဲ့နာမည်ကိုယူပြီးပေးထားတာပဲဖြစ်ပါတယ်။ Janus ဟာမျက်နှာ(၂)ဖက်ရှိတဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီး မျက်နှာတစ်ဖက်က အနာဂတ်ကိုကြည့်ရှုကာ နောက်မျက်နှာ တစ်ဖက်ကတော့ အတိတ်ကိုကြည့်ရှုတာဖြစ်ပါတယ်။ဒါ့ကြောင့် Janus ဟာ စိတ်ဝင်စားစရာကောင်းတဲ့နတ်ဘုရား ဖြစ်ပြီး တံခါးတွေကိုစောင့်တဲ့နတ်ဘုရားလို့လည်း ရည်ညွှန်းပြောဆိုကြပါတယ်။


2) February.


February ဆိုတဲ့နာမည်ဟာ ရောမနတ်ဘုရားFebrualiaရဲ့နာမည်ကိုယူပြီးပေးထားတာပဲဖြစ်ပါတယ်။ အရမ်းကိုထူးခြားတဲ့အမှတ်အသားတစ်ခုကိုဖော်ဆောင်တယ်ဆိုတဲ့အဓိပ္ပါယ်ကိုရည်ညွှန်းတာဖြစ်ပြီး ကိုယ်ပြုခဲ့တဲ့အပြစ်တွေကို ပြန်လည်ချေပဖို့ ပူဇော်မှုတွေပြုလုပ်ကြတဲ့ သန့်စင်တဲ့လတစ်လလည်းဖြစ်ပါတယ်။


Wikimedia Commons


3) March.


စစ်နဲ့ပတ်သက်တဲ့နတ်ဘုရားMarsရဲ့နာမည်ကိုယူပြီး ပေးထားတဲ့လတစ်လဖြစ်ပါတယ်။ ရောမပြက္ခဒိန်မှာဆိုရင်တော့ ဒီ March လဟာ ပထမဆုံးလတစ်လဖြစ်ပြီး March ပြီးမှာ January နဲ့ February ကိုထည့်ပေါင်းထားတာဖြစ်ပါတယ်။ March လဟာ အထူးအဓိပ္ပါယ်ရှိတဲ့လတစ်လလည်းဖြစ်ပါတယ်။


4) April.


Latin ဘာသာစကားAperireကိုယူပြီး ပေးထားတဲ့နာမည်ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွင့်လှစ်ရန်လို့ အဓိပ္ပါယ်ရပါတယ်။Aprilလဟာ နွေဦးအစဖြစ်တာကြောင့် လှပတဲ့ပန်းမျိုးစုံဖူးပွင့်ပြီး ပျော်ရွှင်စရာတွေနဲ့ပြည့်နေတဲ့ လတစ်လလည်းဖြစ်ပါတယ်။


5) May.


May ဆိုတဲ့နာမည်ကို ဂရိနတ်ဘုရားမMaiaရဲ့နာမည်ကိုယူပြီးပေးထားတာဖြစ်ပါတယ်။ သစ်ပင်တွေကောင်းမွန်စွာ ရှင်သန်ကြီးထွားဖို့ စောင့်ရှောက်မှုတွေပေးတဲ့ နတ်ဘုရားမလို့ ယုံကြည်ကြပါတယ်။


6) June.


June လမှာတော့ မင်္ဂလာဆောင်တွေတော်တော်များများပြုလုပ်ကြတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဒီလကို ရောမနတ်ဘုရားမJunoရဲ့နာမည်ကိုယူပြီးပေးထားတာဖြစ်ပါတယ်။ ဒီနတ်ဘုရားမဟာ လက်ထပ်ခြင်းနဲ့ မွေးဖွားခြင်းတွေကို စောင့်ရှောက်ပေးတဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီး နတ်ဘုရားတွေရဲ့ဘုရင် Jupiter ရဲ့ဇနီးလည်းဖြစ်ပါတယ်။


7) July.


ရှေးခေတ်ရောမကမ္ဘာမှာ သြဇာလွှမ်းမိုးမှုအရှိဆုံးJulius Caesarရဲ့နာမည်ကိုယူပြီးပေးထားတာဖြစ်ပါတယ်။ July ဆိုတဲ့နာမည်မပေးခင်မှာ Latin ဘာသာစကားမှာ နံပါတ်(၅)လို့အဓိပ္ပါယ်ရတဲ့ Quintilis လို့လည်းခေါ်ဆိုခဲ့ကြပါသေး တယ်။


Wikimedia Commons


8) August.


B.C (၈)ရာစုက ရှေးခေတ်ရောမကမ္ဘာမှာ သြဇာလွှမ်းမိုးမှုအရှိဆုံးသူတစ်ဦးဖြစ်ခဲ့တဲ့Augustus Caesarရဲ့နာမည်ကိုယူပြီး ပေးထားတဲ့နာမည်ဖြစ်ပါတယ်။ August လဟာလည်း July လလို အစောပိုင်းတုန်းက Latin ဘာသာစကားမှာ နံပါတ်(၆)လို့အဓိပ္ပါယ်ရတဲ့ Sextilia လို့လည်းခေါ်ဆိုခဲ့ကြပါသေးတယ်။


9) September.


Latin ဘာသာစကားမှာ နံပါတ်(၇)လို့အဓိပ္ပါယ်ရတဲ့septemကနေယူပြီး September လဆိုတာဖြစ်လာခဲ့တာဖြစ်ပါတယ်။


10) October.


ဒီလဟာလည်း Latin ဘာသာစကားမှာ နံပါတ်(၈)လို့အဓိပ္ပါယ်ရတဲ့Octoကနေယူပြီး October လဆိုတာဖြစ်လာခဲ့တာဖြစ်ပါတယ်။


11) November.


November လဟာလည်း Latin ဘာသာစကားမှာ နံပါတ်(၉)လို့အဓိပ္ပါယ်ရတဲ့novemကနေဆင်းသက်လာတဲ့ နာမည်ဖြစ်ပါတယ်။


12) December.


အလားတူပဲ December လဟာလည်း Latin ဘာသာစကားမှာ နံပါတ်(၁၀)လို့အဓိပ္ပါယ်ရတဲ့ decem ကနေဆင်းသက်လာတဲ့ နာမည်ဖြစ်ပါတယ်။

Thae Su




Some text some message..