ရှေးဟောင်းစေတီ ၂၄၇၈ ဆူရှိ မွေတော်ကက္ကူဘုရားသို့ ပြည်ပခရီးသွားအချို့လာရောက်နေစဉ်။
ရှေးဟောင်းစေတီ ၂၄၇၈ ဆူရှိ မွေတော်ကက္ကူဘုရားသို့ ပြည်ပခရီးသွားလာရောက်မှုများပြား
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင် ကြီးခရိုင် ကျောက်တစ်လုံးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ညောင်ရမ်း ခေတ်လက်ရာများရှိသော အသောက မင်းတရားကြီးတည်ထားခဲ့သည့် စေတီ ၂၄၇၈ ဆူရှိ မွေတော်ကက္ကူဘုရားသို့ ပြည်ပခရီးသွားများ လာရောက်မှုမှာ ပြတ်လပ်မှုမရှိဘဲ စည်ကားနေကြောင်း သိရသည်။
စေတီ၂၄၇၈ ဆူရှိ မွေတော်ကက္ကူ ဘုရားတွင် ဘုရားစေတီများ၊ ရင်ပြင် တော်များ ပြုပြင်ထိန်းသိမ်းခြင်း အတွက် သြဝါဒါစရိယဆရာတော် ၂၇ ပါး ဘုရားဂေါပကအဖွဲ့ဝင် ၆၈ ဦး တို့က ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ ပအိုဝ်းတိုင်းရင်းသားများထံမှ သိရသည်။
ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရားတွင် ခရစ်နှစ် ၁၈၉၃ ကမ္ပည်း ပါ ကက္ကူမွေတော်ဘုရား၊ ရွှေဝက်ကူး ဘုရားစေတီ၊ ရွှေဝက်ဂူဘုရားစေတီ၊ သက်ဘုရားစေတီ၊ ရွှေဂူ၊ ရွှေဂူကြီးဘုရား ခရစ်နှစ် ၁၇၉၃ကမ္ပည်းစေတီ ဘွဲ့တော် အမည်များရှိပြီး ရှေးအခါက ဆီဆိုင် စော်ဘွားနှင့် ညောင်ရွှေစော်ဘွားနယ်စပ် ဒေသတွင်ဖြစ်ကြောင်း သိရသည်။
မွေတော်ကက္ကူဘုရားစေတီတွင် အသောကစေတီတော်ကြီး တည်ရှိပြီး စေတီအုပ်စုအဆူပေါင်း ၂၄၇၈ ဆူ ရှိပြီး ရှေးအနုပညာလက်ရာ၊ ရှေး အနုပညာအရုပ်ပုံတော်များ ရှေးယဉ် ကျေးမှုအဆင့်အတန်းဟန်ရှိသော ဝတ်စားဆင်ယင်ပုံများ၊ သမိုင်းကြောင်း နောက်ခံတစ်စိတ်တစ်ပိုင်းကို မြင်တွေ့ နိုင်ကြောင်း သိရသည်။
ထို့ပြင် မွေတော်ကက္ကူဘုရားတွင် သရီရဓာတ်တော်မွေတော်များကို ဌာပနာသွင်းပြီး တည်ထားကိုးကွယ်သည့် (ဓာတုစေတီ)၊ ရှင်သောနနှင့် ရှင်ဥတ္တ ရတို့ သမုတ်ထားသော ရှေးဟောင်း ရဟန္တာသိမ်တော်တည်ရှိခြင်း၊ ကျောင်း ပေါင်း ၈၄ဝဝဝ တွင် ပါဝင်သော ရှေးဟောင်းကျောင်း အထိမ်းအမှတ် အဖြစ် အဆောက်အအုံများကြွင်းကျန်ခြင်းမရှိသော်လည်း ရှေးဟောင်း ကျောင်းနေရာတည်ရှိခြင်း၊ ရေတွင်း ပေါင်း ၈၄ဝဝဝ တွင် ပါဝင်သော အထိမ်းအမှတ် ရေတွင်းရှိခြင်း၊ ရေကန် ပေါင်း ၈၄ဝဝဝ တွင် ပါဝင်သော အထိမ်း အမှတ် ရေကန်ရှိခြင်းစသည်တို့ ကြောင့် ခရီးသွားဧည့်သည်များ စိတ်ဝင် စားမှု များလျက်ရှိသည်။