Proဆန်သော တက်တူးထိုးပညာရှင်တစ်ယောက်ဖြစ်ဖို့ အတွက် အပ်နှင့်မင်တွေထက် အများကြီးပိုလိုအပ်ပါတယ်။ ကျွန်တော်တို့နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု(လခမရဘဲ)နှင့် သင့်ရဲ့ လက်ရာအပေါ်မှာ အကြွင်းမဲ့ရင်းနှီးမြှပ်အပ်နှံထားခြင်းအကြောင်းကို ပြောနေခြင်းဖြစ်ပါတယ်။ အနုပညာရှင်တိုင်းရဲ့ ခရီးသည်က ကွဲပြားခြားနားပေမယ့်လည်း အငြိမ်းစားတက်တူးထိုးဆရာ Melanie Nead နှင့် လက်ရှိပညာရှင် Laura Martinezတို့ဟာ စက်မှုလုပ်ငန်းမှာ ၁၇နှစ်ကြာလေ့လာသင်ယူခဲ့တဲ့ အရာတွေကို ပြောကြားခဲ့ပါတယ်။ Martinezက တက်တူးထိုးတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီးနောက်မှာ ဘရွတ်ကလင်ရဲ့ Fleur Noire Tattoo Parlorရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။ သူမဟာ ငါးနှစ်ကြာ တက်တူးထိုးခြင်းနှင့် အနုပညာ စတိုင်ကို နူးညံ့သိမ်မွေ့မှု ၊ ကြမ်းတမ်းမှု ၊ သဟဇာတဖြစ်မှုတို့အဖြစ် ဖော်ပြထားပါတယ်။ ပန်းအလှဆင်ခြင်းနှင့် ကောင်းမွန်သော လိုင်းများကို အထူးပြုနေတယ်ဆိုပေမယ့်လည်း သူ့ရဲ့ လှုံ့ဆော်မှုက သူ့ကို ပိုတိုးတက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ Lifestyle Myanmarကနေပြီးတော့ တက်တူးထိုးပညာရှင်တစ်ယောက်ဖြစ်ဖို့ သိသင့်သော အရေးကြီးဆုံးအချက်အလက်တွေကို မျှဝေထားပါတယ်။
၁။ ပုံဆွဲတတ်ရုံနှင့် တက်တူးဆရာ မဖြစ်နိုင်
စက္ကူပေါ်မှာ ပုံဆွဲတာနှင့် ဖရုံသီးကို ထွင်းခြင်း နှစ်ခုကြားက ကွာခြားခြင်းက တူတယ်လို့ သင့်အနေနဲ့ထင်နိုင်ပါတယ်။ ပုံဆွဲဖို့ သဘာဝပင်ကိုယ်စွမ်းရည်ရှိဖို့ တော့ အမှန်တကယ်လိုအပ်ပါတယ်။ သင်ဆွဲနိုင်တဲ့အရာနှင့် သင်တက်တူးထိုးနိုင်သည့် အကြားကွာခြားချက်ကို နားလည်ဖို့ အချိန်များစွာ လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့ တက်တူးထိုးပုံတွေက အချိန်ကြာလာတာနဲ့ အမျှ တိုးတက်လာပါလိမ့်မယ်။ ရိုးရှင်းသော ဒီဇိုင်းများနှင့် စတင်ဖို့အရေးကြီးပါတယ်။
၂။ ကျောင်းတက်ဖို့ မလိုအပ်ပါဘူး
”တက်တူးပညာရှင်တစ်ယောက်အနေနဲ့ သင့်မှာ တိကျတဲ့ ပညာရေးရှိဖို့မလိုအပ်ပါဘူး။ အဲ့ဒီ့အစား ငါ့တက်တူးကမ္ဘာကို နှစ်သက်တယ်။ ငါတို့အားလုံးဟာ မတူကွဲပြားတဲ့ နောက်ခံကနေလာခဲ့ကြတာပါ”လို့ Martinezက ရှင်းပြခဲ့ပါတယ်။ သေချာတာက သင့်အနေနဲ့ သန့်ရှင်းရေးလုပ်တာတွေ၊ ပိုးသတ်ခြင်း၊ သွေးမှ ရောဂါပိုးများနှင့် သင်အလုပ်လုပ်နေစဉ်အတွင်းမှာ အရေပြားမပျက်စီးအောင် ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ သိဖို့သာ ကြိုးစားပါ။ တက်တူးထိုးတာနဲ့ ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ တက်တူးထိုးဖို့ကို အကြံပေးချင်ပါတယ်။ တကယ်တက်တူးထိုးပညာရှင်တစ်ယောက်ဆိုတာ ဘာလဲဆိုတာ သဘောပေါက်ချင်တယ်ဆိုရင် Martinezက ”တက်တူးထိုးတဲ့အရောင်းဆိုင်မှာ တက်တူးထိုးသူတွေနဲ့ ဖောက်သည်တွေကြားက ကျောင်းတက်ပိုကောင်းတဲ့ ကျောင်းမရှိဘူး”လို့ အကြံပေးထားပါတယ်။
၃။ပညာသင်ချိန်မှာ ငွေကြေးကို အဓိကမထားပါနဲ့
ဘယ်သူပဲဖြစ်ဖြစ် တက်တူးထိုးတာကို မလေ့ကျင့်ရသေးဘဲ သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အသားကို မထိုးပဲလေ့ကျင့်လို့ မရပါဘူး။ အချို့လူများက ခပ်ကြီးကြီးအသီးတွေမှာ လေ့ကျင့်ကြပေမယ့်လည်း၊ nervousကြောများ၊ ချွေးများ၊ အသက်ရှူခြင်း၊ ခံနိုင်ရည်နည်းသော လူသားများနှင့် အမှန်တကယ်နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ အနုပညာရှင်အများစုက အလုပ်သင်အဖြစ် စတင်လုပ်ကိုင်ကြတယ်။ Neadရဲ့ ဆိုင်ဟာဆိုရင် ပထမနှစ်အတွက် အလွန်ရိုးရှင်းသောဒီဇိုင်းများကို ပြုလုပ်ပြီး အခမဲ့ တက်တူးထိုးခဲ့ပါတယ်။ Nead စတင်ပြီး တစ်နှစ် (သို့) နှစ်နှစ်တိုင်အောင် သူမသည် အခြားအနုပညာရှင်တွေလို မြန်မြန်ဆန်ဆန်နဲ့ ကျွမ်းကျင်မှုမရှိတောကြောင့် ဈေးနှုန်းကို အချိုသာဆုံးနှုန်းထားဖြင့် တက်တူးထိုးနေဆဲဖြစ်ပါတယ်။ ”ကျွန်တော်အလုပ်သင်လုပ်တာက ငွေကြွေးအတွက်ပါပဲ။ အကြောင်းကတော့ ကျွန်တော့်ကို သင်ကြားပေးတဲ့ ကျွန်တော့်ရဲ့ ဆရာအတွက် လျော်ကြွေးငွေအဖြစ် (ဖောက်သည်များ ကြိုဆိုခြင်း၊ ကြမ်းပြင်နှင့် ရေချိုးခန်းသန့်ရှင်းရေး စသည်) ကူညီပေးပါတယ်”။ သူမကိုယ်ရေးကိုယ်တာ အသုံးအတွက် ဆိုင်ဘေးက ဘားမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ”ကျွန်တော်တစ်ချိန်လုံးအလုပ်လုပ်တယ်။ ဆိုင်၊ ဘားနှင့် ညအချိန်မှာ ပန်းချီကားတွေ လှည့်ပတ်လုပ်နေရင်းနဲ့ အားလပ်ချိန်တွေအားလုံးကို စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမယ့် ဒါဟာ အရမ်းတန်ပါတယ်။ တစ်နေ့နေ့မှာ ငါဟာ တက်တူးပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မယ် ဆိုတဲ့ အတွေးကို ကျွန်တော်ကြိုက်တယ်။ ဒါဟာ ကျွန်တော့်ကို လှုံ့ဆော်မှုပေးပါတယ်။ တကယ်လို့ ကျွန်တော့်အနေနဲ့ အကြိမ်ကြိမ်ထပ်လုပ်ရမယ်ဆိုရင် ကျွန်တော်လုပ်မယ်”လို့ Neadက သူ့ဘဝဖြတ်သန်းပုံကို ဖွင့်ဟခဲ့ပါတယ်။
၄။ ကိရိယာတန်ဆာပလာတွေမှာ ကြီးမားသောရင်းနှီးမြှပ်နှံမှုအတွက် ပြင်ဆင်ပါ
Neadဟာ အနည်းဆုံးတက်တူးထိုးစက်နှစ်ခု၊ starter မှင်အစုံနှင့် (တက်တူးထိုးစက်များတွင် အပ်များကို ကိုင်ထားသော ) ပြွန်များ၊ တစ်ခါသုံးဆေးထိုးအပ်များ၊ Thermafax စာရွက်များ၊ အရေပြားကုသရေးဆိုင်ရာပစ္စည်းများ၊ လက်အိတ်များ၊ ရာဘာကြိုးများ စုစုပေါင်းပစ္စည်းကိရိယာအတွက် ဒေါ်လာ၄၀၀၀အထက် ကုန်ကျနိုင်ပါတယ်။ Neadနေထိုင်သော အော်ရီဂွန်ကဲ့သို့သော တက်တူးထိုးကျောင်းများကို စည်းကမ်းသတ်မှတ်ထားတဲ့ ပြည်နယ်တွေမှာတော့ အလုပ်သင်တစ်ယောက်အတွက် ဒေါ်လာ ၁၀၀၀၀၀န်းကျင်ခန့် ရှိပါတယ်။
၅။ ငွေကြေးအာမခံချက်အတွက် မလုပ်ပါနဲ့
သင့်အနေနဲ့ တက်တူးထိုးငွေရှာပြီး နောက်မှာ အကြွေးတွေတောင် ကျေဦးမှာ မဟုတ်ပါဘူး။ တက်တူးထိုးတဲ့ အနုပညာရှင်တစ်ဦးအတွက် ပျမ်းမျှနှစ်စဉ်လစာမှာ ဒေါ်လာ၃၅၀၀၀၀န်းကျင်ရှိပါတယ်။ အခြေခံအားဖြင့် သင်တက်တူးထိုးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ငွေအတွက် မလုပ်ပါနဲ့။
ပထမပိုင်းမှာတော့ ဒီလောက်ပါပဲ။ ဒုတိယပိုင်းမှာ ပိုပြီးပြည့်ပြည့်စုံစုံ ပြောပြပေးပါ့မယ်။ ဒါပေမယ့် ဆက်ရေးမယ် မရေးဘူးဆိုတာကတော့ ယူတို့ရဲ့ တုန့်ပြန်မှု မှာ မူတည်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
sources-cosmopolitan