အိပ်ဇောဘရိတ်နဲ့ အင်ဂျင် ဘရိတ် အကြောင်း သိကောင်းစရာ
automobiledirectory.com.mm
|
2020-01-21

အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင် အတွက် ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်သည် ဓာတ်ဆီအင်ဂျင် နဲ့ ကွာခြားသည်မှာ ဆီမကျွေးသောအခါ ဓာတ်ဆီ အင်ဂျင်ကဲ့သို့ လည်ပတ်မှုနူန်း မထိုး ကျသွားပါ။ ထိုကြောင့် ယာဉ်ကို အရှိန်လျော့ကျသွားစေရန် အင်ဂျင်အားကို သုံးရန်မဖြစ်နိုင်တော့ဘဲ ဂီယာပြောင်းပေးခြင်းလည်း ကားကို အရှိန်လျော့ချပေးနိုင်ခြင်းမရှိပါ။

ဒါကြောင့် ဘီးများမှာ တပ်ထားတဲ့ ဘရိတ်စနစ်ကို အားမကိုးရအောင် အိပ်ဇော ဘရိတ်ကို တပ်ဆင်ထားကြပါတယ်။ သူရဲ့ အဓိက တာဝန်ကတော့ ဘီးမှာ တပ်ထားတဲ့ ဘရိတ်စနစ်ရဲ့ အကူအညီမပါဘဲ သူချည်းသက်သက် ဖြင့်ကားကို အရှိန်လျော့ချပေးဖို့ ဖြစ်ပါတယ်။ အိပ်ဇောဘရိတ်ကို စေခိုင်းပုံ အမျိုးမျိုးလည်း ရှိပါတယျ။

အလိုအလျောက်စနစ်ဆိုရင် လီဗာကို လွှတ်လိုက်တာနဲ့ အိတ်ဇောဘရိတ်စတင် အလုပ်လုပ်ပါတယ်။ ခလုတ်နဲ့ ထိန်းချုပ်ထားပါက စတီယာရင် အနီးတွင်ရှိတဲ့ ခလုတ်ကို ဖွင့်ထားပေးလိုက်မှအလုပ်လုပ်ပါတယ်။ အချိုကကားများမှာ အိပ်ဇောဘရိတ်မှသက်ရောက်မှု အပြင်း၊ အပျော့ပေါ်မှုတည်ပြီး ချိန်နိုင်ရန် အတွက် ခလုတ်မှာ စီစဉ်ပေးထားပါတယ်။

အိပ်ဇော ဘရိတ်ကို သုံးသင့် ၊ မသုံးသင့်

အိပ်ဇောဘရိတ်သည် မြို့တွင်းမှာသာ သုံးသင့်ပြီး အဝေးပြေးခရီးလမ်းများတွင် မသုံးသင့်ဟု ပြောဆိုနေကြတာတွေရှိပါတယ်။ ထိုအချက်မှာ မမှန်ကန်ပါဘူး။ အိပ်ဇော ဘရိတ်သည် ဘရိတ်စနစ် တစ်မျိုးသာဖြစ်ပြီး ယာဉ်ကို အရှိန်လျော့ချတဲ့အခါ ဘီးမှာပါတဲ့ ဘရိတ်စနစ်ကို အထောက်အကူပေးပါတယ်။

ဘရိတ်ရှူးအစား သက်သာစေတဲ့အပြင် ယာဉ်တန်ချိန်နဲ့ ကုန်တန်ချိန်စုစုပေါင်းတန်ဖိုး များပြားနေပါက အိပ်ဇောဘရိတ်ကို သုံးခြင်းသည် ဘေးကင်းစေပါတယ်။ တောင်ဆင်းလမ်းများတွင် ဘရိတ်ကို တောက်လျှောက်နင်းလာရာ ကားဘီးမှာ ရှိတဲ့ ဘရိတ်ရှူးကနေပြီး ပူတက်လာပြီး ဘီးခွေပါ ပူတက်လာတဲ့အထိဖြစ်ပေါ်နိုင်ရာ အပူက တာယာအထိရောက်လာနိုင်ပါတယ်။ အိပ်ဇောဘရိတ်ကို တွဲသုံးပေးပါက ဘီးဘရိတ်များ အထိုက်အလျော် သက်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်တင်ယာဉ်ကြီးများ၊ ဘတ်စ်ကားများ၊ ဒီဇယ်အင်ဂျင်တပ်ထားသော ပစ်ကပ်အချို့မှာ အိပ်ဇောဘရိတ်ကို တပ်ဆင်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အိပ်ဇောဘရိတ်သည် လိုအပ်သောကြောင့် တပ်ဆင်ပေးထားခြင်းဖြစ်ရာ မဖြစ်မနေ သုံးစွဲ သင့်ပါတယ်။

အိပ်ဇောဘရိတ် အလုပ်လုပ်ပုံ

ကားအင်ဂျင်မှစွန့်ပစ်တဲ့ ဓာတ်ငွေ့အမျိုးမျိုးတို့ဟာ အိပ်ဇောပိုက်ကနေ တစ်ဆင့် ပိုက်ဝကို ရောက်ရှိပြီး ယာဉ်ပေါ်ကနေ ခုန်ဆင်းကျန်နေခဲ့ရပါတယ်။

ဒီလို ပိုက်လိုင်းတစ်လျှောက် ဓာတ်ငွေ့တွေ သွားကြရာ ရှေ့ကို တိုးရာတွင် ပြေပြေပြစ်ပြစ် မဖြစ်ပါက နောက်ကို ပြန်လှန်တဲ့ တန်ပြန် သက်ရောက်မှု ဖြစ်ပေါ်ပါတယ်။ ဒီလို နောက်ပြန် တန်ပြန်တဲ့ သက်ရောက်မှုဟာ အင်ဂျင် ရဲ့ လည်ပတ်မှုနှုန်းကို လျော့ကျစေပါတယ်။ ထိုသဘောတရားကို အခြေခံပြီး အိပ်ဇော ဘရိတ်ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အင်ဂျင် လည်ပတ်မှုအားကို လျော့ချပေးခြင်းဖြင့် ကားဘီးလည်ပတ်မှုကို လျော့ချပေးကာ ယာဉ်ကို အရှိန်လျော့ချပေးလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ခုသိထားရမည်မှာ အိပ်ဇောဘရိတ်စည် ယာဉ်ကို အရှိန်လျော့ချပေးနိုင်သည် မှန်သော်လည်း ကားဘီးတွင်ပါရှိတဲ့ ဘရိတ်စနစ်ကို ထောက်ကူပေးခြင်းသာ ဖြစ်ပြီး ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ဘရိတ်စနစ်ကို သက်သာမှု ရရှိစေရန် အတွက်သာ ဖြစ်ပါတယ်။ အိပ်ဇောဘရိတ်ချည်းသက်သက်ဖြင့် ကားကို ထိန်းကျောင်းမောင်းနှင်ခြင်း မပြုသင့်ပါဘူး။

အိပ်ဇော်ဘရိတ်စနစ် တည်ဆောက်ထားပုံ အမျိုးမျိုး ရှိရာ အချို့ဘရိတ်များမှာ အင်ဂျင် လည်ပတ်မှုနှုန်း နိမ့်ကျနေပါက အလုပ်မလုပ်တော့ပါ။ သတ်မှတ်ထားတဲ့ အင်ဂျင်လည်ပတ်မှုနှုန်းမှာ သာ အလုပ်လုပ်ပါတယ်။ အချို့ အိပ်ဇော ဘရိတ်များသည် ဒီဇိုင်းပိုင်း အားနည်းချက် ရှိသဖြင့် အသံထွက်တာမျိုးတွေလည်း ရှိပါတယျ။အိပ်ဇောဘရိတ် ဒီဇိုင်းအမျိုးမျိုး ရှိနေကြရာ အလုပ်လုပ်တဲ့ အခြေခံသဘောတရားကတော့ အတူတူပင်ဖြစ်ပါတယ်။

အင်ဂျင်ကနေ စွန့်ထုတ်လိုက်တဲ့ အိပ်ဇော ဓာတ်ငွေ့များကို အတိုင်းအတာတစ်ခုထိ ပိတ်ကာ တားဆီးပေးပါတယ်။ ဓာတ်ငွေ့များ ရှေ့ကို ခရီးဆက်လို့မရတော့သဖြင့် နောက်ကြောင်း ပြန်သည် သက်ရောက်မှု ဖြစ်ပေါ်စေကာ စက်ရှိန်သတ်ပေးပါတယ်။နောက်ကြောင်းပြန်လည်တဲ့ ဖိအားသည် အင်ဂျင် လည်ပတ်မှုနှုန်းများရင် ပိုများမှာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ၆၀ ပီအက်စ်အိုင် အထိ ရှိနိုင်ပါတယ်။ ထို ဖိအားဖြင့် ပစ္စတင်ကို အပေါ်မှဖိချပေးထားပါတယ်။ ဒီအခါ အင်ဂျင် လည်ပတ်မှုနှုန်း လျော့ကျသွားပါတယ်။

အိပ်ဇောဓာတ်ငွေ့ကို အကုန်လုံးကို လုံး၀ ပိတ်မပစ်သည်မှာ အကြောင်းရှိပါတယ်။ တစ်အချက်ကတော့ ဖိအားပြင်းထန်လွန်းသဖြင့် အိပ်ဇောဘရိတ်အနီး အပူအချိန် အလွန်အမင်းထိုးတက်သွားနိုင်ပါတယ်။. အိပ်ဇောဓာတ်ငွေ့တွေဟာ နဂိုကတည်းက ပူပြီး ဖြစ်ရာ အပူတက်နှုန်းလည်း မြန်မည်ဖြစ်ရာ အိပ်ဇောဘရိတ်အိတ်ကို အက်ကွဲစေမှာ ဖြစ်ပါတယ်။ နံပါတ် နှစ်အချက်ကတော့ အင်ဂျင်ကို ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အင်ဂျင် ခံနိုင်ရည် ရှိသလောက်ပဲ ပိတ်ကာတာမျိုးကို လုပ်ပေးပါတယ်။ အချို့အင်ဂျင်တို့သည် ၃၀ ပီအက်စ်အိုင် အထိ သာခံနိုင်ရည် ရှိကြပြီး အင်ဂျင် အများစုသည် ၄၀ ပီအက်စ်အိုင် ကျော်ပါက ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ခံနိုင်ရည်အတိုင်း အတာထက် လျော့နည်းသော ဖိအားပမာဏဖြစ်နေအောင် ချိန်ပေးထားကြရတာ ဖြစ်ပါတယ်။

အိပ်ဇောဘရိတ်ကို သုံးစွဲခြင်းဖြင့် ဆီစားမများဖို့လည်း လိုအပ်ရာ အမြန်မိုင်နှုန်း နည်းနည်းဖြင့် မောင်းနှင်နေချိန်တွင် အိပ်ဇော ဘရိတ်အလုပ်မလုပ်အောင် ချိန်ပေးထားကြရပါတယ်။

Zawgyi

အိပ်ဇောဘရိတ်နဲ့ အင်ဂျင် ဘရိတ် အကြောင်း သိကောင်းစရာ

အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင် အတွက် ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်သည် ဓာတ်ဆီအင်ဂျင် နဲ့ ကွာခြားသည်မှာ ဆီမကျွေးသောအခါ ဓာတ်ဆီ အင်ဂျင်ကဲ့သို့ လည်ပတ်မှုနူန်း မထိုး ကျသွားပါ။ ထိုကြောင့် ယာဉ်ကို အရှိန်လျော့ကျသွားစေရန် အင်ဂျင်အားကို သုံးရန်မဖြစ်နိုင်တော့ဘဲ ဂီယာပြောင်းပေးခြင်းလည်း ကားကို အရှိန်လျော့ချပေးနိုင်ခြင်းမရှိပါ။

ဒါကြောင့် ဘီးများမှာ တပ်ထားတဲ့ ဘရိတ်စနစ်ကို အားမကိုးရအောင် အိပ်ဇော ဘရိတ်ကို တပ်ဆင်ထားကြပါတယ်။ သူရဲ့ အဓိက တာဝန်ကတော့ ဘီးမှာ တပ်ထားတဲ့ ဘရိတ်စနစ်ရဲ့ အကူအညီမပါဘဲ သူချည်းသက်သက် ဖြင့်ကားကို အရှိန်လျော့ချပေးဖို့ ဖြစ်ပါတယ်။ အိပ်ဇောဘရိတ်ကို စေခိုင်းပုံ အမျိုးမျိုးလည်း ရှိပါတယ်။

အလိုအလျောက်စနစ်ဆိုရင် လီဗာကို လွှတ်လိုက်တာနဲ့ အိတ်ဇောဘရိတ်စတင် အလုပ်လုပ်ပါတယ်။ ခလုတ်နဲ့ ထိန်းချုပ်ထားပါက စတီယာရင် အနီးတွင်ရှိတဲ့ ခလုတ်ကို ဖွင့်ထားပေးလိုက်မှ အလုပ်လုပ်ပါတယ်။ အချိုကကားများမှာ အိပ်ဇောဘရိတ်မှ သက်ရောက်မှု အပြင်း၊ အပျော့ပေါ်မှုတည်ပြီး ချိန်နိုင်ရန် အတွက် ခလုတ်မှာ စီစဉ်ပေးထားပါတယ်။

အိပ်ဇော ဘရိတ်ကို သုံးသင့် ၊ မသုံးသင့်

အိပ်ဇောဘရိတ်သည် မြို့တွင်းမှာသာ သုံးသင့်ပြီး အဝေးပြေးခရီးလမ်းများတွင် မသုံးသင့်ဟု ပြောဆိုနေကြတာတွေရှိပါတယ်။ ထိုအချက်မှာ မမှန်ကန်ပါဘူး။ အိပ်ဇော ဘရိတ်သည် ဘရိတ်စနစ် တစ်မျိုးသာဖြစ်ပြီး ယာဉ်ကို အရှိန်လျော့ချတဲ့အခါ ဘီးမှာပါတဲ့ ဘရိတ်စနစ်ကို အထောက်အကူပေးပါတယ်။

ဘရိတ်ရှူးအစား သက်သာစေတဲ့အပြင် ယာဉ်တန်ချိန်နဲ့ ကုန်တန်ချိန်စုစုပေါင်းတန်ဖိုး များပြားနေပါက အိပ်ဇောဘရိတ်ကို သုံးခြင်းသည် ဘေးကင်းစေပါတယ်။ တောင်ဆင်းလမ်းများတွင် ဘရိတ်ကို တောက်လျှောက်နင်းလာရာ ကားဘီးမှာ ရှိတဲ့ ဘရိတ်ရှူးကနေပြီး ပူတက်လာပြီး ဘီးခွေပါ ပူတက်လာတဲ့အထိဖြစ်ပေါ်နိုင်ရာ အပူက တာယာအထိရောက်လာနိုင်ပါတယ်။ အိပ်ဇောဘရိတ်ကို တွဲသုံးပေးပါက ဘီးဘရိတ်များ အထိုက်အလျော် သက်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်တင်ယာဉ်ကြီးများ၊ ဘတ်စ်ကားများ၊ ဒီဇယ်အင်ဂျင်တပ်ထားသော ပစ်ကပ်အချို့မှာ အိပ်ဇောဘရိတ်ကို တပ်ဆင်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အိပ်ဇောဘရိတ်သည် လိုအပ်သောကြောင့် တပ်ဆင်ပေးထားခြင်းဖြစ်ရာ မဖြစ်မနေ သုံးစွဲ သင့်ပါတယ်။

အိပ်ဇောဘရိတ် အလုပ်လုပ်ပုံ

ကားအင်ဂျင်မှ စွန့်ပစ်တဲ့ ဓာတ်ငွေ့အမျိုးမျိုးတို့ဟာ အိပ်ဇောပိုက်ကနေ တစ်ဆင့် ပိုက်ဝကို ရောက်ရှိပြီး ယာဉ်ပေါ်ကနေ ခုန်ဆင်းကျန်နေခဲ့ရပါတယ်။

ဒီလို ပိုက်လိုင်းတစ်လျှောက် ဓာတ်ငွေ့တွေ သွားကြရာ ရှေ့ကို တိုးရာတွင် ပြေပြေပြစ်ပြစ် မဖြစ်ပါက နောက်ကို ပြန်လှန်တဲ့ တန်ပြန် သက်ရောက်မှု ဖြစ်ပေါ်ပါတယ်။ ဒီလို နောက်ပြန် တန်ပြန်တဲ့ သက်ရောက်မှုဟာ အင်ဂျင် ရဲ့ လည်ပတ်မှုနှုန်းကို လျော့ကျစေပါတယ်။ ထိုသဘောတရားကို အခြေခံပြီး အိပ်ဇော ဘရိတ်ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အင်ဂျင် လည်ပတ်မှုအားကို လျော့ချပေးခြင်းဖြင့် ကားဘီးလည်ပတ်မှုကို လျော့ချပေးကာ ယာဉ်ကို အရှိန်လျော့ချပေးလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ခုသိထားရမည်မှာ အိပ်ဇောဘရိတ်စည် ယာဉ်ကို အရှိန်လျော့ချပေးနိုင်သည် မှန်သော်လည်း ကားဘီးတွင်ပါရှိတဲ့ ဘရိတ်စနစ်ကို ထောက်ကူပေးခြင်းသာ ဖြစ်ပြီး ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ဘရိတ်စနစ်ကို သက်သာမှု ရရှိစေရန် အတွက်သာ ဖြစ်ပါတယ်။ အိပ်ဇောဘရိတ်ချည်းသက်သက်ဖြင့် ကားကို ထိန်းကျောင်းမောင်းနှင်ခြင်း မပြုသင့်ပါဘူး။

အိပ်ဇော်ဘရိတ်စနစ် တည်ဆောက်ထားပုံ အမျိုးမျိုး ရှိရာ အချို့ဘရိတ်များမှာ အင်ဂျင် လည်ပတ်မှုနှုန်း နိမ့်ကျနေပါက အလုပ်မလုပ်တော့ပါ။ သတ်မှတ်ထားတဲ့ အင်ဂျင်လည်ပတ်မှုနှုန်းမှာ သာ အလုပ်လုပ်ပါတယ်။ အချို့ အိပ်ဇော ဘရိတ်များသည် ဒီဇိုင်းပိုင်း အားနည်းချက် ရှိသဖြင့် အသံထွက်တာမျိုးတွေလည်း ရှိပါတယ်။အိပ်ဇောဘရိတ် ဒီဇိုင်းအမျိုးမျိုး ရှိနေကြရာ အလုပ်လုပ်တဲ့ အခြေခံသဘောတရားကတော့ အတူတူပင်ဖြစ်ပါတယ်။

အင်ဂျင်ကနေ စွန့်ထုတ်လိုက်တဲ့ အိပ်ဇော ဓာတ်ငွေ့များကို အတိုင်းအတာတစ်ခုထိ ပိတ်ကာ တားဆီးပေးပါတယ်။ ဓာတ်ငွေ့များ ရှေ့ကို ခရီးဆက်လို့မရတော့သဖြင့် နောက်ကြောင်း ပြန်သည် သက်ရောက်မှု ဖြစ်ပေါ်စေကာ စက်ရှိန်သတ်ပေးပါတယ်။နောက်ကြောင်းပြန်လည်တဲ့ ဖိအားသည် အင်ဂျင် လည်ပတ်မှုနှုန်းများရင် ပိုများမှာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ၆၀ ပီအက်စ်အိုင် အထိ ရှိနိုင်ပါတယ်။ ထို ဖိအားဖြင့် ပစ္စတင်ကို အပေါ်မှ ဖိချပေးထားပါတယ်။ ဒီအခါ အင်ဂျင် လည်ပတ်မှုနှုန်း လျော့ကျသွားပါတယ်။

အိပ်ဇောဓာတ်ငွေ့ကို အကုန်လုံးကို လုံး၀ ပိတ်မပစ်သည်မှာ အကြောင်းရှိပါတယ်။ တစ်အချက်ကတော့ ဖိအားပြင်းထန်လွန်းသဖြင့် အိပ်ဇောဘရိတ်အနီး အပူအချိန် အလွန်အမင်းထိုးတက်သွားနိုင်ပါတယ်။. အိပ်ဇောဓာတ်ငွေ့တွေဟာ နဂိုကတည်းက ပူပြီး ဖြစ်ရာ အပူတက်နှုန်းလည်း မြန်မည်ဖြစ်ရာ အိပ်ဇောဘရိတ်အိတ်ကို အက်ကွဲစေမှာ ဖြစ်ပါတယ်။ နံပါတ် နှစ်အချက်ကတော့ အင်ဂျင်ကို ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အင်ဂျင် ခံနိုင်ရည် ရှိသလောက်ပဲ ပိတ်ကာတာမျိုးကို လုပ်ပေးပါတယ်။ အချို့အင်ဂျင်တို့သည် ၃၀ ပီအက်စ်အိုင် အထိ သာခံနိုင်ရည် ရှိကြပြီး အင်ဂျင် အများစုသည် ၄၀ ပီအက်စ်အိုင် ကျော်ပါက ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ခံနိုင်ရည်အတိုင်း အတာထက် လျော့နည်းသော ဖိအားပမာဏဖြစ်နေအောင် ချိန်ပေးထားကြရတာ ဖြစ်ပါတယ်။

အိပ်ဇောဘရိတ်ကို သုံးစွဲခြင်းဖြင့် ဆီစားမများဖို့လည်း လိုအပ်ရာ အမြန်မိုင်နှုန်း နည်းနည်းဖြင့် မောင်းနှင်နေချိန်တွင် အိပ်ဇော ဘရိတ်အလုပ်မလုပ်အောင် ချိန်ပေးထားကြရပါတယ်။

Source; CG GPS Myanmar

Some text some message..