စာပေ ဝါသနာရှင်များအတွက် သတင်းကောင်း
popolay.com
|
2018-09-25
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ပြင်ပမှ စာဖတ်ဝါသနာပါသူများနှင့် စာပေဝါသနာရှင်များပါ ဝင်ရောက်ဖတ်ရှုလေ့လာ နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၏ လူမှုကွန်ယက် ဖေ့ဘွတ်ခ်ပေါ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။

ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်မှ စာအုပ်များကို ယခင်က ရန်ကုန်တက္ကသိုလ် မှ ဆရာ၊ဆရာမ ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဝန်ထမ်းများသာ ငှားရမ်းခွင့်ပေး ထားသော်လည်း ယခုအခါအခြားတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ နှင့် ပြင်ပမှ စာပေဝါသနာရှင်များပါ ဝင်ရောက် ငှားရမ်း ဖတ်ရှု နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ စာဖတ်ဝါသနာပါသူ မည်သူမဆိုအခမဲ့ ဝင်ရောက် ငှားရမ်းဖတ် ရှုနိုင်မည်ဖြစ်ပါသည်။

သမိုင်းအစဉ်အလာကြီးမားကာ မြန်မာနိုင်ငံတွင် စာအုပ်၊ စာတမ်းအပေါများဆုံး နှင့်အားအထားရဆုံးစာကြည့်တိုက်များထဲမှ တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် မြန်မာ-အင်္ဂလိပ် စာအုပ်ပေါင်း တစ်သိန်းကျော်ခန့်ရှိပါသည်။

စာကြည့်တိုက်ရှိ စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်အတွက် ပထမဦးစွာ Member card (အသင်းဝင်ကဒ်) ကိုလုပ်ထားမှ ငှားရမ်းဖတ်ရှုနိုင်မှာဖြစ်သည်။အသင်းဝင်လိုသောသူသည် မှတ်ပုံတင်၊ဝန်ထမ်းကတ်ဒ်၊ ကျောင်းသားကတ်ဒ် (သို့) ရပ်ကွက်ထောက်ခံစာအစရှိသည်တို့ထဲက တစ်ခုခုကိုယူဆောင်လာရမည်ဖြစ်သည်။

စာအုပ်ငှားရမ်းပါက ရန်ကုန်တက္ကသိုလ်မှဖြစ်ပါက စာအုပ် ၅အုပ်အထိ ငှားရမ်းနိုင်မည်ဖြစ်သည်။ မြန်မာစာအုပ် ငှားရမ်းပါက ငှားရမ်းပါက ငှားရမ်းချိန် ၁ပတ်ပေးမည်ဖြစ်ပြီးအင်္ဂလိပ်စာအုပ်ဆိုပါက တစ်လတိတိ ငှားရမ်းနိုင်မည်ဖြစ်သည်။



ပြင်ပမှ ငှားရမ်းမည့်သူများအတွက် တစ်ခါငှားလျှင် ၂အုပ် နှုန်းထားဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။ ငှားရမ်းပေးချိန်မှာ မြန်မာစာအုပ်ဆိုလျှင်၁ပတ် ဖြစ်ပြီးအင်္ဂလိပ်စာအုပ်ဆိုလျှင် ၂ ပတ်ငှားရမ်းနိုင်မည်ဖြစ်သည်။














Some text some message..