Toyota MarkII (ရွှေငါး) အကြောင်း တစေ့တစောင်း
automobiledirectory.com.mm
|
2020-01-25

Toyota Mark II ( မြန်မာပြည်တွင် ခေါ်ဝေါ်သော ရွှငေါး) နှင့် ပတ်သက်ပီး သိထားသင့်သော ဗဟုသုတများကို မျှဝေလိုက်ပါတယ်။


Toyota Mark II ကို 1968 ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ယနေ့ အချိန်မှာ လူသိများ၊ လူစီးများနေတဲ့ ရွှငေါးမိြုးဆကျ 2004 ခုနှစ်ထိပေါ့။ ကားဘိုးအေကြီးလို့ ခေါ်ရလောက်အောင် သူ့မှာ မျိုးဆက် စုစုပေါင်း (၉) ဆက် ထိရှိပါတယျ။


1968 Model ကနေ 1972 ထိကို ပထမမျိုးဆက်၊


1972 Model ကနေ 1976 ထိကို ဒုတိယမျိုးဆက်၊


1976 Model ကနေ 1980 ထိကို တတိယမျိုးဆက်၊


1980 Model ကနေ 1984 ထိကို စတုတ္ထမျိုးဆက်၊


1984 Model ကနေ 1988 ထိကို ပဉ္စမ မျိုးဆက်၊


1988 Model ကနေ 1992 ထိကို ဆဋ္ဌမ မျိုးဆက်၊


1992 Model ကနေ 1996 ထိကို သတ္တမ မျိုးဆက်၊


1996 Model ကနေ 2000 ထိကို အဋ္ဌမ မျိုးဆက်၊


2000 Model ကနေ 2004 ထိကို နဝမ မျိုးဆက်၊ ဆိုပြီး မျိုးဆက် (၉) မျိုးတိုင် ရှိနေခဲ့ပါတယ်။


Mark II မျိုးဆက်တွေက တစ်မျိုးဆက် နဲ့ တစ်မျိုးဆက် ကြားမှာ (၄) နှစ် ခြား ပြီး မျိုးဆက်ပြောင်းပါတာကို တွေ့မြင်နိုင်ပါတယ်။


အခုတော့ ဒီက မိတ်ဆွေတွေကို ရှင်းပြပေးမှာကတော့ နဝမ မျိုးဆက်ဖြစ်တဲ့ ရွှေငါး အကြောင်းပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ သိနေကြတဲ့ Mark II (ရွှငေါး) မှာလဲ ရုပ်ဟောင်း / ရုပ်ပြောင်း ဆိုတာလေး ရှိသဗြ။ 2000 ခုနှစ်ကနေ 2002 Model ထိကို ရုပ်ဟောင်း နဲ့ 2002(Late) Model ကနေ 2004 ထိကိုတော့ ရုပ်ပြောင်းဆိုပြီး ထွက်ရှိထားပါတယ်ခင်ဗျ။ ရုပ်ဟောင်းနဲ့ ရုပ်ပြောင်း ဘာတွေကွာသွားလဲ ဆိုရင် ရှေ့ရှဲလ် (Grill), ဘန်ဘာ, ရှေ့မီးလုံး, နောက်မီးလုံး, နောက်ဖုံး လက်ကိုင်တန်း နဲ့ ဘေးဖောင်းလိုင်း တွေကွာသွားပါမယ်။


ရုပ်ဟောင်း/ ရုပ်ပြောင်းကွဲလွဲချက်တွေ အနေနဲ့ ရုပ်ပြောင်းမှာ ရှေ့ရှဲလ် အတန်းလေးတွေ အနည်းငယ် ကျဲ သွားပါမယ်။ ရှေ့ဘန်ဘာနဲ့ မီးသီးနဲ့ အနည်းငယ် နီးသွားပါမယ်။ ရှေ့မီးသီး ရှေ့မှာ အရင် ရုပ်ဟောင်းမှာ အချက်ပြမီး သေးသေးလေးပါခဲ့ရာမှယခု ရုပ်ပြောင်းမှာ မျက်ရစ်ပုံစံ အရှည်ဖြစ်သွားပါမယ်။


နောက်မီးခွက်အနေနဲ့လဲ အရင် ရုပ်ဟောင်းမှာ မီးခွက် အကုန် အနီရောင် မှယခု ရုပ်ပြောင်းမှာ အောက်ဘက် အဖြူ တန်းဖြစ်သွားပါမယ်။ နောက်ဖုံး လက်ကိုင်တန်း ကလဲ အနည်းငယ်အပြားသေးသွယ်ရှည်သွားပြီး body ဆေ: color ဖြစ်သွားပါမယ်။


ဘေးဖောင်းလိုင်းမှာ နီကယ်ချောင်းပါလာပါမယ်။ အတွင်းပိုင်း (Interior) မှာတော့ ရုပ်ပြောင်း နဲ့ရုပ်ဟောင်း က အရမ်း ကြီး မကွာခြား ဘဲ Grade ပေါ်မှာမူတည် ပီး အနည်းငယ် ကွာခြား မှုလေးတွေတော့ ရှိပါတယ်၊ Grade ခွဲတွေရဲ့အောက်မှာရှင်းပြပေးပါမယ်။


နောက်တစ်ချက်က ရုပ်ပြောင်းမှာ Original Back Camera ပါ ပါဝင်လာပါပြီးတော့ TV Screen မှာ Steering position ပြပါတယ်။ ဒါတွေအကုန်လုံးက ရုပ်ဟောင်း/ ရုပ်ပြောင်းသိသာနိုင်တဲ့ ထင်ရှားချက်တွေပါပဲ။


Mark II (ရှငေါး) ကို Engine Power အနနေဲ့ နှစ်မျိုးထုတ်လုပ်ထားပြီး 2WD နဲ့4WD ရှိပါတယ်။ အင်ဂျင်ပါဝါ တစ်ခုစီအတွက် Grade တိုင်းမှာ 2WD, 4WD မရှိတတ်ပါဘူး။ အောက်မှာတော့ Chassis နဲ့တကွရှင်းပြပေးလိုက်ပါတယ်။


2000 CC မှာတော့ 2WD ဆိုရင် Chassis က GX110 နဲ့လာပြီး 4WD ဆိုရင်တော့ GX115 ပါ။ 2500 CC ဆိုရင် တော့ 2WD ကို JZX110 နဲ့ လာပြီး 4WD ဆိုရင်တော့ JZX115 ဆိုပြီးလာပါတယ်။


အခု ရုပ်ဟောင်း/ ရုပ်ပြောင်း ခွဲတတ်ပြီဆိုတော့ နောက်ဆက်တွဲအနေနဲ့ Mark II (ရွှေငါး) ရဲ့ Grade ခွဲလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။


Mark II (ရှှငေါး) မှာ Grade တွေ အနေနဲ့ Grande G, Grande IR-V, Grande IR-S, Base Grade (Grande ရိုးရိုး), Grande Regila, Grande 35th Anniversary, Grande Limited ဆိုပြီး Grade ခွဲ (၇) မျိုး ရှိပါတယျ။


အဲ့ဒီ့ (၇) မျိုးထဲမှာမှဒီမှာ အစီးများကြတဲ့ Grade (၄) ခုကိုပဲ အဓိက ထားရှင်းပြပေးပါမယ်။


Base Grade (Grande ရိုးရိုး)


Grande ရဲ့ အတွင်းပိုင်း အနေနဲ့ ရှမွိုင်းသားက အနည်းငယ် ကြမ်းပါမယ်။ Side Cover ၊ Steering နဲ့ ဂီယာဘုသီးက ကျွန်းမဖြစ်ပါဘူး။ ဒါ့အပြင် မီးအတင်/ အချ ခလုတ်တွေလဲ မပါဝင်သေးပါဘူး။ Original အလွိုင်းအနေနဲ့ကတော့ ပါတာလဲရှိသလို မပါတာလဲရှိတတ်ပါတယ်။


Grande Regila


Regila မှာတော့ ရှမွိုင်းသားက အရင် Grande ထက်စာရင် ချောလာပါပြီ။ Steering နဲ့ ဂီယာဘုသီးက လဲကျွန်းဖောက် ဖြစ်သွားသလို မီးအတင်အချ ခလုတ်တွေပါ ပါဝင်လာပါပြီ။ Side Cover ကတော့ ကျွန်းဖောက်ပါပဲ။ ဒါ့အပြင် တံခါးဖွင့်ပြီး ခြေကျော် တဲ့နေရာမှာ Mark II တံဆိပ်ပါဝင်လာပါမယ်။


Original အလွိုင်းဖြစ်သွားပြီး အလွိုင်းကတော့ အပေါက် ၇ ပေါက်နဲ့လာပါတယ်။ အလွိုင်းကတော့ အပြောင် (Crome) ဖြစ်သွားပါပြီ။ Toyota Mark II (ရွှငေါး) Series ရဲ့ Regila Grade ကို 2003 Model မှာအဆုံးသတ်သွားခဲ့ပါတယ်။


Grande 35th Anniversary


35th Anniversary မှာ ရှမွိုင်းသားက တော့ Regila ထက် နဲနဲ ထပ်ချောပြီး အိစက်ညက်ညော လာပါတယ်။ အတွင်းခန်း အကုန်လုံးနီးပါး ကျွန်းဖောက် အကုန်ဖြစ်သွားပြီး အဲ့ကျွန်းက ပုံမှန်ကျွန်းလိုမဟုတ်ပဲ ရွှေရောင် ဖောက်ကျွန်း ပုံစံဖြစ်လာပါပြီ။ မီးအတင်/ အချ ခလုတ်တွေလဲ ပါဝင်လာပြီး Front Passenger ရဲ့ Dashboard ဘယ်ဘက် ဘေးနားလေးမှာ 35th Anniversary ဆိုပြီး Logo စာတန်းလေးပါ ပါဝင်လာပါတယ်။


Driver Seat က Motor ပါလာပါတယ်၊ မှန်တွေအားလုံး All Auto ဖြစ်လာပါပြီ။ အပြင်ပိုင်းအနေနဲ့လဲ ရှေ့ ရှဲလ်ပေါ်က Logo မှာ ရှှေရောင်ဖောက်လာပြီး ရှေ့မီးလုံးကြီး မှာလဲ ရှှေရောင်ဖောက်တွေ ဖြစ်လာပါတယ်။ တာယာဆိုဒ်က ၁၆ လက်မ အလွိုင်းဆိုဒ်ဖြစ်ပြီး ဒလက် ၁၀ချောင်းနဲ့ လာပါတယ်။ ဒါ့အပြင် သော့မှာလဲ 35th Anniversary Logo နှင့ျအတူ ရှှေရောင်ဖောက်ထားတဲ့ တံဆိပ်လေးပါ ပါလာပါတယ်။


Grande Limited


Limited ကတော့ 35th Anniversary နဲ့ အတွင်းခန်း အကုန်လုံးတူပါတယ်။ ဒါပေမဲ့ ထိုင်ခုံမတူတော့ဘူးဗျ။ ထိုင်ခုံက ဘာနဲ့သွားတူလဲဆိုရင် Mark II 2500 CC “G Grade” မှာလာတဲ့ အသားမျိုးဖြစ်သွားပါတယ်။ ဒီ Limited ရဲ့ ရှမွိုင်းသားက အနည်းငယ် ကြမ်းပေမဲ့ 2500 CC “G Grade” မှာလာတဲ့ ရှမွိုင်းဖြစ်လို့ လူ ကြိုက်များပါတယ်။ Limited ရဲ့ ထူးခြားချက်ကတော့ နောက် Passenger ထိုင်ခုံ ခေါင်းအုံး (Head Rest) အရှင်ဖြစ်သွားပြီး Air-Con လဲ Swing ဖြစ်သွားပါတယ်။ အပြင်ပိုင်း မတူတာက ရှေ့မီးလုံးကွီး ရှှေရောင် မဖောက်တော့ပဲ ရှဲလ် တံဆိပ်ပြောင်းသွားပါတယ်။ သော့ပုံစံလဲ မတူတော့ပါဘူး။


ဒါတွေအကုန်လုံးကတော့ Mark II (ရွှေငါး နဲ့ပတ်သက်ပီး လေ့လာနိုင်အောင်၊ သူများ ဂျင်းထည့်တာ မခံရအောင် ဒီကမိတ်ဆွေများကို share ပေးခြင်းဖြစ်ပါတယ်။


Zawgyi


Toyota MarkII (ရွှေငါး) အကြောင်း တစေ့တစောင်း


Toyota Mark II ( မြန်မာပြည်တွင်ခေါ်ဝေါ်သောရွှေငါး) နှင့် ပတ်သက်ပီး သိထားသင့်သော ဗဟုသုတများကို မျှဝေလိုက်ပါတယ်။


Toyota Mark II ကို 1968 ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ယနေ့ အချိန်မှာ လူသိများ၊ လူစီးများနေတဲ့ ရွှေငါးမျိုးဆက် 2004 ခုနှစ်ထိပေါ့။ ကားဘိုးအေကြီးလို့ ခေါ်ရလောက်အောင် သူ့မှာ မျိုးဆက် စုစုပေါင်း (၉) ဆက် ထိရှိပါတယ်။


1968 Model ကနေ 1972 ထိကို ပထမမျိုးဆက်၊


1972 Model ကနေ 1976 ထိကို ဒုတိယမျိုးဆက်၊


1976 Model ကနေ 1980 ထိကို တတိယမျိုးဆက်၊


1980 Model ကနေ 1984 ထိကို စတုတ္ထမျိုးဆက်၊


1984 Model ကနေ 1988 ထိကို ပဉ္စမ မျိုးဆက်၊


1988 Model ကနေ 1992 ထိကို ဆဋ္ဌမ မျိုးဆက်၊


1992 Model ကနေ 1996 ထိကို သတ္တမ မျိုးဆက်၊


1996 Model ကနေ 2000 ထိကို အဋ္ဌမ မျိုးဆက်၊


2000 Model ကနေ 2004 ထိကို နဝမ မျိုးဆက်၊ ဆိုပြီး မျိုးဆက် (၉) မျိုးတိုင် ရှိနေခဲ့ပါတယ်။


Mark II မျိုးဆက်တွေက တစ်မျိုးဆက် နဲ့ တစ်မျိုးဆက် ကြားမှာ (၄) နှစ် ခြား ပြီး မျိုးဆက်ပြောင်းပါတာကို တွေ့မြင်နိုင်ပါတယ်။


အခုတော့ ဒီက မိတ်ဆွေတွေကို ရှင်းပြပေးမှာကတော့ နဝမ မျိုးဆက်ဖြစ်တဲ့ ရွှေငါး အကြောင်းပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ သိနေကြတဲ့ Mark II (ရွှေငါး) မှာလဲ ရုပ်ဟောင်း / ရုပ်ပြောင်း ဆိုတာလေး ရှိသဗျ။ 2000 ခုနှစ်ကနေ 2002 Model ထိကို ရုပ်ဟောင်း နဲ့ 2002(Late) Model ကနေ 2004 ထိကိုတော့ ရုပ်ပြောင်းဆိုပြီး ထွက်ရှိထားပါတယ်ခင်ဗျ။ ရုပ်ဟောင်းနဲ့ ရုပ်ပြောင်း ဘာတွေကွာသွားလဲ ဆိုရင် ရှေ့ရှဲလ် (Grill), ဘန်ဘာ, ရှေ့မီးလုံး, နောက်မီးလုံး, နောက်ဖုံး လက်ကိုင်တန်း နဲ့ ဘေးဖောင်းလိုင်း တွေကွာသွားပါမယ်။


ရုပ်ဟောင်း/ ရုပ်ပြောင်းကွဲလွဲချက်တွေ အနေနဲ့ ရုပ်ပြောင်းမှာ ရှေ့ရှဲလ် အတန်းလေးတွေ အနည်းငယ် ကျဲ သွားပါမယ်။ ရှေ့ဘန်ဘာနဲ့ မီးသီးနဲ့ အနည်းငယ် နီးသွားပါမယ်။ ရှေ့မီးသီး ရှေ့မှာ အရင် ရုပ်ဟောင်းမှာ အချက်ပြမီး သေးသေးလေးပါခဲ့ရာမှ ယခု ရုပ်ပြောင်းမှာ မျက်ရစ်ပုံစံ အရှည်ဖြစ်သွားပါမယ်။


နောက်မီးခွက်အနေနဲ့လဲ အရင် ရုပ်ဟောင်းမှာ မီးခွက် အကုန် အနီရောင် မှ ယခု ရုပ်ပြောင်းမှာ အောက်ဘက် အဖြူ တန်းဖြစ်သွားပါမယ်။ နောက်ဖုံး လက်ကိုင်တန်း ကလဲ အနည်းငယ်အပြားသေးသွယ်ရှည်သွားပြီး body ဆေ: color ဖြစ်သွားပါမယ်။


ဘေးဖောင်းလိုင်းမှာ နီကယ်ချောင်းပါလာပါမယ်။ အတွင်းပိုင်း (Interior) မှာတော့ ရုပ်ပြောင်း နဲ့ရုပ်ဟောင်း က အရမ်း ကြီး မကွာခြား ဘဲ Grade ပေါ်မှာမူတည် ပီး အနည်းငယ် ကွာခြား မှုလေးတွေတော့ ရှိပါတယ်၊ Grade ခွဲတွေရဲ့အောက်မှာရှင်းပြပေးပါမယ်။


နောက်တစ်ချက်က ရုပ်ပြောင်းမှာ Original Back Camera ပါ ပါဝင်လာပါပြီးတော့ TV Screen မှာ Steering position ပြပါတယ်။ ဒါတွေအကုန်လုံးက ရုပ်ဟောင်း/ ရုပ်ပြောင်းသိသာနိုင်တဲ့ ထင်ရှားချက်တွေပါပဲ။


Mark II (ရွေငါး) ကို Engine Power အနေနဲ့ နှစ်မျိုးထုတ်လုပ်ထားပြီး 2WD နဲ့4WD ရှိပါတယ်။ အင်ဂျင်ပါဝါ တစ်ခုစီအတွက် Grade တိုင်းမှာ 2WD, 4WD မရှိတတ်ပါဘူး။ အောက်မှာတော့ Chassis နဲ့တကွရှင်းပြပေးလိုက်ပါတယ်။


2000 CC မှာတော့ 2WD ဆိုရင် Chassis က GX110 နဲ့လာပြီး 4WD ဆိုရင်တော့ GX115 ပါ။ 2500 CC ဆိုရင် တော့ 2WD ကို JZX110 နဲ့ လာပြီး 4WD ဆိုရင်တော့ JZX115 ဆိုပြီးလာပါတယ်။


အခု ရုပ်ဟောင်း/ ရုပ်ပြောင်း ခွဲတတ်ပြီဆိုတော့ နောက်ဆက်တွဲအနေနဲ့ Mark II (ရွှေငါး) ရဲ့ Grade ခွဲလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။


Mark II (ရွှေငါး) မှာ Grade တွေ အနေနဲ့ Grande G, Grande IR-V, Grande IR-S, Base Grade (Grande ရိုးရိုး), Grande Regila, Grande 35th Anniversary, Grande Limited ဆိုပြီး Grade ခွဲ (၇) မျိုး ရှိပါတယ်။


အဲ့ဒီ (၇) မျိုးထဲမှာမှ ဒီမှာ အစီးများကြတဲ့ Grade (၄) ခုကိုပဲ အဓိက ထားရှင်းပြပေးပါမယ်။


Base Grade (Grande ရိုးရိုး)


Grande ရဲ့ အတွင်းပိုင်း အနေနဲ့ ရှမွိုင်းသားက အနည်းငယ် ကြမ်းပါမယ်။ Side Cover ၊ Steering နဲ့ ဂီယာဘုသီးက ကျွန်းမဖြစ်ပါဘူး။ ဒါ့အပြင် မီးအတင်/ အချ ခလုတ်တွေလဲ မပါဝင်သေးပါဘူး။ Original အလွိုင်းအနေနဲ့ကတော့ ပါတာလဲရှိသလို မပါတာလဲရှိတတ်ပါတယ်။


Grande Regila


Regila မှာတော့ ရှမွိုင်းသားက အရင် Grande ထက်စာရင် ချောလာပါပြီ။ Steering နဲ့ ဂီယာဘုသီးက လဲကျွန်းဖောက် ဖြစ်သွားသလို မီးအတင်အချ ခလုတ်တွေပါ ပါဝင်လာပါပြီ။ Side Cover ကတော့ ကျွန်းဖောက်ပါပဲ။ ဒါ့အပြင် တံခါးဖွင့်ပြီး ခြေကျော် တဲ့နေရာမှာ Mark II တံဆိပ်ပါဝင်လာပါမယ်။


Original အလွိုင်းဖြစ်သွားပြီး အလွိုင်းကတော့ အပေါက် ၇ ပေါက်နဲ့လာပါတယ်။ အလွိုင်းကတော့ အပြောင် (Crome) ဖြစ်သွားပါပြီ။ Toyota Mark II (ရွှေငါး) Series ရဲ့ Regila Grade ကို 2003 Model မှာအဆုံးသတ်သွားခဲ့ပါတယ်။


Grande 35th Anniversary


35th Anniversary မှာ ရှမွိုင်းသားက တော့ Regila ထက် နဲနဲ ထပ်ချောပြီး အိစက်ညက်ညော လာပါတယ်။ အတွင်းခန်း အကုန်လုံးနီးပါး ကျွန်းဖောက် အကုန်ဖြစ်သွားပြီး အဲ့ကျွန်းက ပုံမှန်ကျွန်းလိုမဟုတ်ပဲ ရွှေရောင် ဖောက်ကျွန်း ပုံစံဖြစ်လာပါပြီ။ မီးအတင်/ အချ ခလုတ်တွေလဲ ပါဝင်လာပြီး Front Passenger ရဲ့ Dashboard ဘယ်ဘက် ဘေးနားလေးမှာ 35th Anniversary ဆိုပြီး Logo စာတန်းလေးပါ ပါဝင်လာပါတယ်။


Driver Seat က Motor ပါလာပါတယ်၊ မှန်တွေအားလုံး All Auto ဖြစ်လာပါပြီ။ အပြင်ပိုင်းအနေနဲ့လဲ ရှေ့ ရှဲလ်ပေါ်က Logo မှာ ရွှေရောင်ဖောက်လာပြီး ရှေ့မီးလုံးကြီး မှာလဲ ရွှေရောင်ဖောက်တွေ ဖြစ်လာပါတယ်။ တာယာဆိုဒ်က ၁၆ လက်မ အလွိုင်းဆိုဒ်ဖြစ်ပြီး ဒလက် ၁၀ချောင်းနဲ့ လာပါတယ်။ ဒါ့အပြင် သော့မှာလဲ 35th Anniversary Logo နှင့်အတူ ရွှေရောင်ဖောက်ထားတဲ့ တံဆိပ်လေးပါ ပါလာပါတယ်။


Grande Limited


Limited ကတော့ 35th Anniversary နဲ့ အတွင်းခန်း အကုန်လုံးတူပါတယ်။ ဒါပေမဲ့ ထိုင်ခုံမတူတော့ဘူးဗျ။ ထိုင်ခုံက ဘာနဲ့သွားတူလဲဆိုရင် Mark II 2500 CC “G Grade” မှာလာတဲ့ အသားမျိုးဖြစ်သွားပါတယ်။ ဒီ Limited ရဲ့ ရှမွိုင်းသားက အနည်းငယ် ကြမ်းပေမဲ့ 2500 CC “G Grade” မှာလာတဲ့ ရှမွိုင်းဖြစ်လို့ လူ ကြိုက်များပါတယ်။ Limited ရဲ့ ထူးခြားချက်ကတော့ နောက် Passenger ထိုင်ခုံ ခေါင်းအုံး (Head Rest) အရှင်ဖြစ်သွားပြီး Air-Con လဲ Swing ဖြစ်သွားပါတယ်။ အပြင်ပိုင်း မတူတာက ရှေ့မီးလုံးကြီး ရွှေရောင် မဖောက်တော့ပဲ ရှဲလ် တံဆိပ်ပြောင်းသွားပါတယ်။ သော့ပုံစံလဲ မတူတော့ပါဘူး။


ဒါတွေအကုန်လုံးကတော့ Mark II (ရွှေငါး နဲ့ပတ်သက်ပီးလေ့လာနိုင်အောင်၊ သူများ ဂျင်းထည့်တာ မခံရအောင်ဒီကမိတ်ဆွေများကို shareပေးခြင်းဖြစ်ပါတယ်။


Credit; Original Writer




Some text some message..