တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ယာဘက် လက်သူကြွယ် ခွဲစိတ်မှုအောင်မြင်
akonthi.com
|
2019-01-03






တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယာဘက်လက်သူကြွယ် ခွဲစိတ်မှုမှာအောင်မြင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုဒ် မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လက်ယာ ဘက် လက်သူကြွယ် လက်ချောင်းအရွတ်ငြိခြင်းအား ယနေ့ တွင် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး မင်္ဂလာဒုံ၌အောင်မြင်စွာ ခွဲစိတ် ပြီးစီးခဲ့ကြောင်း ဇန်နဝါရီ ၃ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုဒ်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
“တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်တာဆိုရင်တော့ ဟုတ်ပါတယ်။ ရေးလို့ရပါတယ်။ ကျန်တာကတော့ ပုဂ္ဂိုလ်ရေးဖြစ်နေတာမို့လို့ မပြောတော့ပါဘူး’’ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှအဆင့်မြင့်အရာရှိတစ်ဦး ကအကုန်သိသတင်းဌာနကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ် ဇူလိုင်၃ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်း၏ မွေးဖွားရာဇာတိမှာ ထားဝယ်မြို့ဖြစ်၍အိမ်ထောင်ဖက်မှာ ဒေါ်ကြူကြူလှအငြိမ်းစား ကထိက ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင်သည် တပ်မတော်တွင် စစ်ဦးစီးအရာရှိ ပထမတန်းအဖြစ်လည်းကောင်း၊နည်းဗျူဟာမှူး၊တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးနှင့်အမှတ်၂ စစ်ဆင်ရေးအထူးအဖွဲ့မှူးအနေဖြင့် လည်းကောင်း၊ တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်း ကွပ်ကဲ ရေးမှူးအနေဖြင့် လည်းကောင်း တာဝန်များကိုအသီးသီး ထမ်းဆောင်ခဲ့ပြီး လက်ရှိရာထူးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။


- မင်းသီဟန် (အကုန်သိသတင်းဌာန)


Unicode version


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ယာဘက် လက်သူကြွယ် ခွဲစိတ်မှု အောင်မြင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယာဘက်လက်သူကြွယ် ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုဒ် မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လက်ယာ ဘက် လက်သူကြွယ် လက်ချောင်းအရွတ်ငြိခြင်းအား ယနေ့ တွင် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး မင်္ဂလာဒုံ၌ အောင်မြင်စွာ ခွဲစိတ် ပြီးစီးခဲ့ကြောင်း ဇန်နဝါရီ ၃ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုဒ်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။





“တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်တာဆိုရင်တော့ ဟုတ်ပါတယ်။ ရေးလို့ရပါတယ်။ ကျန်တာကတော့ ပုဂ္ဂိုလ်ရေးဖြစ်နေတာမို့လို့ မပြောတော့ပါဘူး’’ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦး က အကုန်သိသတင်းဌာနကို ပြောသည်။





တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ် ဇူလိုင်၃ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်း၏ မွေးဖွားရာဇာတိမှာ ထားဝယ်မြို့ဖြစ်၍ အိမ်ထောင်ဖက်မှာ ဒေါ်ကြူကြူလှ အငြိမ်းစား ကထိက ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင်သည် တပ်မတော်တွင် စစ်ဦးစီးအရာရှိ ပထမတန်းအဖြစ်လည်းကောင်း၊နည်းဗျူဟာမှူး၊တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးနှင့် အမှတ်၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေဖြင့် လည်းကောင်း၊ တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်း ကွပ်ကဲ ရေးမှူးအနေဖြင့် လည်းကောင်း တာဝန်များကိုအသီးသီး ထမ်းဆောင်ခဲ့ပြီး လက်ရှိရာထူးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။


- မင်းသီဟန် (အကုန်သိသတင်းဌာန)




Some text some message..