သင်ရွေးချယ်လိုက်တဲ့ အမှတ်အသားကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2020-02-25

လူတိုင်းမှာ သူတို့ရဲ့ ပင်ကိုယ်စိတ်နေစိတ်ထား အမျိုးမျိုးရှိပါတယ်။ သင့်ရဲ့စိတ်နေစိတ်ထားက ဘယ်လိုမျိုးလဲဆိုတာကို သင်ရွေးချယ်လိုက်တဲ့ အမှတ်အသားက တစ်ဆင့်သိနိုင်ပါတယ်။

သင်က သင်ထင်ထားတာထက် ထိုးဖောက်သိမြင်နိုင်စွမ်းရှိသူပါ




သင့်ရဲ့ ဝမ်းတွင်းအသိက အချိန်တိုင်း မြင့်မားနေပါတယ်။ တစ်စုံတစ်ခုကို အာရုံစိုက်ပြီး နားထောင်ရုံနဲ့ ထိုးဖောက်သိမြင်နိုင်စွမ်းရှိပါတယ်။ သင်က သူတစ်ပါးကို အကြံဉာဏ်ပေးတဲ့နေရာမှာ တော်ပါတယ်။ အခွင့်အရေးကောင်းတွေရလာရင် လက်မလွှတ်သင့်ပါဘူး။ သင့်ရဲ့ထိုးဖောက်သိမြင်နိုင်စွမ်းနဲ့ သင့်ရဲ့ရည်မှန်းချက်တွေကို အသုံးချပါ။

သင်က မွေးရာပါခေါင်းဆောင်ကောင်းတစ်ယောက်ပါ




တခြားလူတွေအပေါ် သင့်ရဲ့လွှမ်းမိုးနိုင်မူက သင်ထင်ထားတာထက်ပိုပါတယ်။ သင့်မှာ တခြားလူတွေကို လမ်းပြနိုင်စွမ်းရှိတဲ့အပြင် ဉာဏ်ပညာလည်းထက်မြတ်ပါတယ်။ ကိုယ့်ကိုကို ယုံကြည်မှုရှိရှိနဲ့ သင့်လုပ်ဆောင်စရာရှိတာတွေလုပ်ဆောင်ပါ။ သင်က လူတိုင်းလက်ခံယုံကြည်တဲ့ စံပြလူသားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သင်က ဘယ်သူမှမလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်ပြီးတော့ သင်လုပ်နိုင်ခဲ့တဲ့အရာတွေကိုလည်း တခြားသူတွေလုပ်နိုင်အောင် လမ်းပြပေးနိုင်အောင် ကြိုးစားပါ။

သင်က ပညာရပ်အသစ်တွေကို လေ့လာတဲ့နေရာမှာ ထူးချွန်သူတစ်ယောက်ပါ




သင့်မှတ်ဉာဏ်က ပညာရေး နဲ့ အသစ်အဆန်း တစ်ခုခုကို လေ့လာတဲ့နေရာမှာ မယုံနိုင်လောက်အောင် ကောင်းပါတယ်။ သင်က ပညာရပ်တစ်ခုကို တစ်ခေါက်ဖတ်ပြီး တစ်ခေါက်နားထောင်လိုက်ရုံနဲ့ အဲ့ပညာရပ်ကို မှတ်မိနေတက်ပါတယ်။ လေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ပေးပြီး သင့်ရဲ့မှတ်ဉာဏ်ကို နေ့စဉ်အလုပ်ပေးပါ။ သင်မွမ်းကြပ်နေတယ်ခံစားရရင် ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ်အသစ်တစ်ခုခုကို လေ့လာပြီး အတွေ့အကြုံသစ်တွေကို စိန်ခေါ်ပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..