ကြည့်လိုက်ရင် လွယ်တယ်ထင်ရပေမယ့် သင့်ကိုဦးနှောက်စားစေမယ့် မေးခွန်းများ
lotaya.mpt.com.mm
|
2020-02-29

Shwemom/ By MicroOne

ကြည့်လိုက်ရင် လွယ်တယ်ထင်ရပေမယ့် တကယ်ဖြေကြည့်ရင် ကတ်သီးကတ်သပ်နဲ့ ဖြေရခက်သွားစေမဲ့ မေးခွန်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ မေးခွန်းအားလုံးကိုမှန်အောင် ဖြေနိုင်ဖို့ဆိုရင် အများကြီးလျှောက်စဉ်းစားဖို့ မလိုပါဘူးနော်။ ရိုးရိုးလေးပဲ စဉ်းစားပြီးဖြေကြည့်ပါ။ တစ်ခါတစ်လေ စဉ်းစားရခက်တဲ့ မေးခွန်းတွေက ရိုးရိုးလေးစဉ်းစားရုံနဲ့ အဖြေထွက်နိုင်ပါတယ်။ ကဲ ဖြေကြည့်လိုက်ရအောင်….

(၁) အင်္ဂလိပ်စာလုံး ‘T’ နဲ့စတဲ့ နေ့ရက်တွေကို ဖော်ပြပေးပါ။




Shwemom/ By N-sky

(၂) ဦးခွေးရဲ့ ဆိတ် ၇ ကောင်ဟာ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဆို ဦးခွေးမှာ အစက ဆိတ်ဘယ်နှစ်ကောင် ရှိခဲ့တာလဲ။

(၃) တဖြည်းဖြည်း အရေအတွက်တွေက တိုးပြီး ကြီးလာပေမဲ့ ဘယ်တော့မှ အောက်ပြန်မကျပဲ အရေအတွက်အားဖြင့် နည်းမသွားတဲ့အရာက ဘယ်အရာဖြစ်မလဲ။

(၄) မျက်နှာတစ်ခုနဲ့ လက်တံနှစ်ချောင်းပါတဲ့ အရာဝတ္ထုတစ်ခုကို ပြောပြပါဆိုရင် ဘယ်အရာဖြစ်မလဲ။

(၅) အစားစားနေသရွေ့အသက်ရှင်ပြီး ရေသောက်လိုက်ရင် သေသွားတဲ့အရာတစ်ခုကို ပြောပြပေးပါ။

(၆) ပေါင် ၁၀၀ အလေးချိန်ရှိတဲ့ ငှက်မွှေးတွေထည့်ထားတဲ့အိတ်နဲ့ အလားတူ ပေါင် ၁၀၀ အလေးချိန်ရှိတဲ့ ကျောက်တုံးတွေထည့်ထားတဲ့အိတ်မှာ ဘယ်အိတ်က ပိုလေးမလဲ။




Shwemom/ By Sumruay Rattanataipob

(၇) မပျံနိုင်တဲ့ ငှက်ကို ပြောပြပါဆိုရင် ဘယ်လိုငှက်ဖြစ်မလဲ။

(၈) အင်္ဂလိပ်စာလုံးတစ်လုံးကို အသုံးပြုပြီး “One” ဆိုတဲ့စကားလုံးကို “ပျောက်သွားခဲ့ပြီ” ဆိုတဲ့အဓိပ္ပာယ်ရအောင် လုပ်ပေးပါ။

ကဲ ဒီလောက်ဆိုရင် သင်လည်း အဖြေတွေ ရလောက်ပြီထင်ပါတယ်။ အောက်မှာ အဖြေမှန်လေးတွေ ရေးပေးထားတယ်နော်။ သင့်အဖြေနဲ့ အောက်ကအဖြေဘယ်လောက် ကိုက်ညီမူရှိလဲ ကြည့်လိုက်ပါဦး…ပြီးရင် ဘယ်နှစ်ခုမှန်လဲ ပြောပြခဲ့ဦးနော်…

(၁) အဖြေ - Tuesday, Thursday, Tomorrow, Today

(၂) အဖြေ - ၇ ကောင်ပါ။

(၃) အဖြေ - သင့် “ အသက်” ပါ။ နံပါတ်တွေသာ တိုးပြီး အသက်ကြီးသွားမှာပါ။ နံပါတ်တွေနည်းပြီး ပြန်ငယ်သွားတယ်လို့တော့ မရှိပါဘူး။

(၄) အဖြေ - နာရီ ပါ။

(၅) အဖြေ - မီး ပါ။ လောင်စာတွေထည့်နေသရွေ့တောက်ပနေပြီး ရေထည့်လိုက်မယ်ဆိုရင်တော့ ငြိမ်းသွားမှာပါ။

(၆) အဖြေ - အတူတူပါပဲ။ နှစ်ခုလုံးက ပေါင် ၁၀၀ အလေးချိန်ရှိလို့ပါ။

(၇) အဖြေ - ပင်ကွင်းငှက်ပါ။ ပင်ကွင်းငှက်တွေက ငှက်အမျိုးအစားပေမဲ့ မပျံနိုင်ကြပါဘူး။

(၈) အဖြေ - “G” ဆိုတဲ့ အင်္ဂလိပ်စာလုံးကို “One” ရဲ့အရှေ့မှာ ထည့်ပေးပါ။ ဒါဆိုရင် “Gone” ဖြစ်သွားပြီး အဓိပ္ပာယ်ကလည်း “ပျောက်သွားပြီ”လို့ အဓိပ္ပာယ်ရပါတယ်။

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..