အကြိုက်ဆုံး ရေခဲမုန့်တစ်ခုကို ရွေးချယ်ပြီး သင့်အကြောင်းလျှို့ဝှက်ချက်လေးတွေ ရှာဖွေလိုက်ပါ
lotaya.mpt.com.mm
|
2020-03-22

Kerdkanno/Shutterstock

ကိုယ့်အကြောင်းကိုယ်သိဆိုတဲ့စကားက မှန်ပါ့မလားဆိုတာ သင့်အနေနဲ့ ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားကြည့်လိုက်ပါ။ သေချာမသိဘူးမလား။ ဒါကိုသိရဖို့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ သင်ကြိုက်တဲ့ရေခဲမုန့်အရသာလေးကို ရွေးချယ်ဖို့ပါပဲ။

ရွေးချယ်စရာ ရေခဲမုန့်အရသာတွေကတော့..

(၁) ဗင်နီလာ

(၂) ချောကလတ်

(၃) စတော်ဘယ်ရီ

(၄) ပူရှိန်း

(၅) ဆွမ်းမွှေး

(၆) ကော်ဖီ

ဒီအရသာ ၆ မျိုးထဲက အကြိုက်ဆုံးတစ်ခုကိုရွေးချယ်ပြီး သင့်ပုံစံဘယ်လိုရှိတယ်ဆိုတာ ကြည့်လိုက်ရအောင်။




baibaz/Shutterstock

(၁) ဗင်နီလာရေခဲမုန့်

သင့်ရဲ့ ရုပ်ရည်ရော အပြောဆို၊ အနေအထိုင်တို့ အားလုံးဟာ ကျက်သရေအပေါင်းနဲ့ခညားနေတယ်၊ ယဉ်ကျေးပြူငှာပြီး သစ္စာရှိသူတစ်ယောက်ပါ။ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ တစ်ယောက်နဲ့ပဲချစ်ပြီး ဒီတစ်ယောက်နဲ့ပဲ အေးအေးချမ်းချမ်း တစ်သက်လုံးနေထိုင်သွားချင်တဲ့ပုံစံမျိုးရှိနေပါတယ်။




baibaz/Shutterstock

(၂) ချောကလတ်ရေခဲမုန့်

သင်ဟာ အိမ်မှာကိုအငြိမ်မနေနိုင်တဲ့လူတစ်ယောက်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားရတာကြိုက်တယ်၊ ခရီးတွေထွက်မယ်၊ သင့်အသက်ဘယ်လောက်ပဲရှိရှိ စိတ်ကတော့ ငယ်ရွယ်နုနယ်နေကာ အမြဲတမ်း ဆယ်ကျော်သက်အရွယ်လိုပါပဲတဲ့။ နောက် ချစ်သူအတည်တကျမထားဘဲ အီစီကလီလုပ်ရတာ ကြိုက်သတဲ့။




baibaz/Shutterstock

(၃) စတော်ဘယ်ရီရေခဲမုန့်

စိတ်ထားနူးညံ့တယ်၊ ရှက်တတ်တယ်၊ တစ်ယောက်တည်းလေး အေးအေးဆေးဆေးနေရတာကြိုက်တဲ့လူတစ်ယောက်။ စာအုပ်တွေကိုချစ်ပြီး အကောင်းမြင်ဝါဒရှိကာ အတွေးအခေါ်ပိုင်းမှာ အကြံကောင်းဉာဏ်ကောင်းတွေ ထုတ်တတ်ပါသတဲ့။




baibaz/Shutterstock

(၄) ပူရှိန်းရေခဲမုန့်

ကံကြမ္မာကဘယ်လောက်ပဲ ရိုက်ခတ်ရိုက်ခတ် အပြုံးမပြတ် ကြံ့ကြံ့ခံနိုင်တဲ့လူပါ။ စိတ်စွမ်းအားနဲ့ လုံ့လဝီရိယ သိပ်ကြီးမားသူမလို့ ဘယ်လိုအခက်အခဲကိုမဆို အောင်မြင်စွာကျော်လွှားနိုင်ပါတယ်။ ဒါပေမဲ့ ရှုပ်ရှုပ်ယှက်ယှက်လာလုပ်ရတာမကြိုက်ဘူး။ အောင်မြင်မှုကို ရိုးရိုးသားသားနဲ့ကြိုးစားပြီး ဆာလောင်တတ်တဲ့လူစားမျိုးလည်းဖြစ်ပါတယ်။




baibaz/Shutterstock

(၅) ဆွမ်းမွှေးရေခဲမုန့်

သင့်ဘဝမှာ ကံကောင်းခြင်းတွေအမြဲတမ်းကြုံတွေ့နေရတဲ့လူမျိုးပါ။ အမြဲတမ်းပျော်ပျော်နေတတ်တယ်၊ ဘဝကို ပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းကြတယ်၊ စိတ်ကူးစိတ်သန်းကောင်းတယ်၊ စိတ်ကူးယဉ်တတ်တယ်တဲ့။




baibaz/Shutterstock

(၆) ကော်ဖီရေခဲမုန့်

ဘဝကိုအသက်ဝင်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့သူပါ။ ဒရာမာဆန်တယ် နောက် ဘာအလုပ်ကိုပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်တတ်တယ်တဲ့။ တစ်ခုရှိတာက ကိစ္စတစ်ခုမပြတ်သေးခင်မှာပဲ နောက်အသစ်တစ်ခုကို လုပ်ချင်နေတဲစိတ်ကတော့ ဆိုးပါတယ်တဲ့နော်။

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..