
                                                                                                        ကပ် ရောဂါဆိုး တစ်ခု ကို အပြင် ပိုင်းက နေ လက်ဆေး တာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ပုံမှန် ပြုလုပ်တာ တွေ ၊ လူ စု လူဝေး ရှောင် ကျဉ် တာ မျိုး လုပ်ပြီး ကာကွယ် ကြတာ ကျွန်တော် တို့ လက်တွေ့ ကျင့်သုံးနေကျ ပါတယ်။ 
နောက် တစ်ခု အနေ နဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကနေ လဲ ကိုယ်ခံအား ကို အရင် ကထက် ပိုမြင့်အောင်လုပ်သင့်ပါတယ်။ 
လက်ရှိခံစားကြုံတွေ့နေရတဲ့ ကပ်ရောဂါ ရဲ့ သဘောသဘာ၀ က ကိုယ်ခံအား စနစ် ကောင်းမကောင်း ပေါ် မူတည်ပြီး ဗိုင်းရပ်စ် ရဲ့ တုံ့ပြန့် မှု နဲ့ ကုသပျောက်ကင်းမှု အပေါ် အများကြီး အကျိုး သက်ရောက်ပါတယ်။ 
ကဲ. အဲဒီတော့ ကိုယ်ခံအား ကောင်းသထက် ကောင်းလာအောင် ဘာတွေ စားသင့်လည်း ဆိုတာ ပြောပြမယ်။ 
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ် သဘာဝအတိုင်း ကိုယ်ခံအားကောင်းစေတဲ့ အသီးအနှံတွေက ဘယ်လို အသီးအနှံတွေလဲဆိုတာ ဖတ်ကြည့်ကြရအောင် 
                                                                                                
                                                                                                 ၁။ Vitamin C များများစားပါ… 
ကိုယ်ခန္ဓာမှာ ရောဂါပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပြီးတော့ ကိုယ်ခံအားကောင်းစေတာက Vitamin C ဓါတ် အပြည့်အဝပါတဲ့ အသီးတွေပဲနော်…Vitamin C က ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးဖြူဥထုတ်လွှတ်မှုကို အားပေးပါတယ်… 
ရှောက်သီး 
လိမ္မော်သီး 
သံပုရာသီး 
သံပုယိုသီးတွေက များများစားပေးနော်… 
ဖျော်ရည်ဖျော်သောက်မယ်ဆိုရင်လဲ တော်တော်သောက်လို့ကောင်းတဲ့ အသီးလေးတွေပါ… 
                                                                                                
                                                                                                 ၂။ ပန်းဂေါ်ဖီစိမ်း 
ပန်းဂေါ်ဖီစိမ်းက Vitamin ဓါတ်တွေအများကြီးပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ 
ဖိုက်ဘာဓါတ်တွေအများကြီးပါတဲ့ Vitamin E, A and C ဓါတ်တွေအများကြီးပါလို့ ကျန်းမာရေးကို 
အများကြီးအထောက်အကူပြုပါတယ်။ 
                                                                                                
                                                                                                 ၃။ ကြက်သွန်ဖြူ 
ကြက်သွန်ဖြူက ဟင်းပွဲတိုင်းမှာ ပါဝင်တဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ နည်းနည်းစားရင်တောင် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူက သွေးပေါင်ကျတာကိုလည်းကာကွယ်ပေးပါတယ်။ 
ကြက်သွန်ဖြူကိုတစ်နေ့ နည်းနည်းစီစားပေးမယ်ဆိုရင် ကိုယ်ခံအားကိုတိုးပွားလာစေပါတယ်။ 
                                                                                                
                                                                                                 ၄။ ဂျင်း 
ဂျင်းကလဲ တကယ်ကိုထိရောက်တဲ့ဆေးစွမ်းကောင်းတစ်လက်ပဲနော်…ဂျင်းပြုတ်ရည်ပူပူလေးက ကိုယ်ခန္ဓာအပူချိန်ကိုထိန်းပေးထားပြီးတော့ တုပ်ကွေးလိုရာသီမျိုးမှာဆိုတော်တော်လေးကို အစွမ်းထက်တယ်… 
                                                                                                
                                                                                                 ၅။ ဒိန်ချဉ် 
ဒိန်ချဉ်မှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးက ကိုယ်ခံအားမြှင့်တင်မှုကို လှုံ့ဆော်ပေးပါတယ်။ 
သကြားနဲ့သောက်ရမှာ မကြိုက်တဲ့သူတွေအတွက် ဒိန်ချဉ်ကို အသီးအနှံတစ်မျိုးမျိုးနဲ့ရောစပ်ပြီး သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ်မှာ Vitamin D ဓါတ်ပါဝင်တဲ့အပြင် Vitamin D ဓါတ်က ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့အပြင် ရောဂါပိုးကို တိုက်ထုတ်ပေးတဲ့နေရာမှာလည်း အားဖြည့်ပေးပါတယ်။ 
                                                                                                
                                                                                                 ၆။ သင်္ဘောသီး 
သင်္ဘောသီးကလည်း Vitamin C အပြည့်အဝပါဝင်တဲ့အသီးအနှံတစ်မျိုးပါ။ 
သင်္ဘောသီးက အစာခြေဖျက်ပေးတဲ့ အာနိသင်လည်းရှိလို့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ 
သင်္ဘောသီးမှာဆို ပိုတက်ဆီယမ်ဓါတ်၊ Vitamin B ဓါတ်တွေလည်းပါဝင်လို့ စားသုံးပေးသင့်ပါတယ်။ 
အခုပြောပြခဲ့တဲ့ အသီးအနှံတွေက ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် ကိုယ်ခံအား မြှင့်တင်ပေးဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါနော်။ သဘာ၀ အသီးအနှံတွေဖြစ်လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ အသီးနှံလေးတွေစားရင် အသားရည်လည်းလှတယ်။ ကိုယ်ခံအားလဲ မြှင့်တင်ပြီးသားမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်နော်။ 
အားလုံးပဲ ကိုယ်ခံအားတွေမြှင့်တင့်ပြီးတော့ ကျန်းမာလှပသာယာတဲ့ အချိန်တစ်ခုကိုဖန်တီးနိုင်ကြပါစေ… 
သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar 
Download link – https://s.yathar.com/apps