သင်အကြိုက်ဆုံးအသီးက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2020-05-16

Shutterstock/Inspiring

လူတိုင်းမှာ အကြိုက်နှစ်သက်ဆုံး အစားအစာ ဆိုတာရှိမှာပါ။ ဒီနေ့မှာတော့ ကိုယ်ကြိုက်တဲ့အသီးလေးကနေ ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ အောက်မှာ လူကြိုက်အများဆုံးအသီးလေးတွေကို ဖော်ပြထားတာဖြစ်တဲ့အတွက် သင်အကြိုက်နှစ်သက်ဆုံး အသီးတစ်ခုကို ရွေးချယ်ပြီး သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာကြည့်လိုက်ရအောင်…..


(၁) လိမ္မော်သီး




Shutterstock/Inspiring

လိမ္မော်သီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ကတိသစ္စာကို စောင့်ထိန်းတဲ့အပြင် တာဝန်ခံစိတ်နဲ့တာဝန်ယူစိတ် အပြည့်ရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သင်ဟာ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို အမြဲနှိုင်းယှဉ်လေ့ရှိပြီး သူတို့က သင့်ထက်တစ်နေရာရာမှာ သာသွားတာမျိုးရှိခဲ့ရင် စိတ်အားငယ်တက်ပါတယ်။ ဒါက သင့်ရဲ့အကြီးမှားဆုံး အားနည်းချက်တစ်ခုပါ။ လောကကြီးမှာ လူအမျိုးမျိုးရှိပြီး အောင်မြင်မူဆိုတာကလည်း သူ့အချိန်အတိုင်းတစ်ခုအထိ စောင့်ရပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် တစ်ခြားလူတွေနဲ့ယှဉ်ပြီး စိတ်အားမငယ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ ယှဉ်ပြိုင်သင့်ပြီး ဒီနေ့ကသင်ထက် မနက်ဖြန်ကသင်ဟာ ပိုပြီးတိုးတက်ရမယ်လို့သာတွေးပါ။ သင့်ရဲ့နေရက်တွေဟာ ပိုမိုပျော်ရွှင်ရမှာဖြစ်ပြီး သင့်ရဲ့လုပ်ငန်းဆောင်တာတွေဟာ ပိုပြီးအဆင်ပြေလာမှာ ဖြစ်ပါတယ်။




(၂) ဖရဲသီး




Shutterstock/Inspiring

ဖရဲသီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွနေတက်တဲ့ လူတစ်ယောက်ပါ။ တေးဂီတ၊ ခရီးသွားခြင်း၊ အားကစား၊ ဖက်ရှင် အစရှိတာတွေကို စိတ်ဝင်စားပါတယ်။ သင့်ရဲ့အဓိကအားနည်းတဲ့ချက်ကတော့ လေထဲမှာပဲ တိုက်အိမ်ဆောက်တက်ပြီး လက်တွေ့အကောင်အထည် မဖော်တက်တဲ့အကျင့်ပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို သေချာချပြီးရင် ဘယ်လိုအခက်အခဲပဲရှိရှိ ဖြစ်မြောက်အောင်လုပ်ဆောင်သင့်ပါတယ်။ အစပိုင်းမှာ သင့်အနေနဲ့အခက်အခဲတွေနိုင်ပေမယ့် ကြိုးစားပြီး သေချာလုပ်ဆောင်မယ်ဆိုရင်တော့ သင့်ရဲ့စွမ်းဆောင်ရည်တွေနဲ့ အရည်အချင်းတွေဟာ တိုးတက်ပြီး အောင်မြင်လာမှာပါ။


(၃) ငှက်ပျောသီး




Shutterstock/Inspiring

ငှက်ပျောသီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ လွတ်လပ်မူကို တောင့်တနေတဲ့လူတစ်ယောက်ပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြရမှာ ကြောက်နေတဲ့အတွက် သင်ဟာ ကိုယ့်ခံစားချက်နဲ့ကိုယ် အကျဉ်းကျနေသလို ဖြစ်နေပါတယ်။ ဒါ့အပြင် သင်ဟာ သင့်ရဲ့စိတ်နေစိတ်ထားနဲ့အဆင်ပြေနိုင်မယ့် လူနည်းစုကိုသာ ရွေးပေါင်းလေ့ရှိပါတယ်။ တစ်ခြားသူတွေကို အကူအညီတောင်းရမှာ ဝန်လေးတက်တဲ့အပြင် သူတို့ဆီက အကူအညီလည်း မယူချင်ပါဘူး။ ဒီအချက်တွေကြောင့် သင်ဟာ ကိုယ့်ကိုယ်ကို ချုပ်ထိန်းရသလိုဖြစ်နေတဲ့အတွက် စိတ်ပင်ပမ်းနေရပြီး လွတ်လွတ်လပ်လပ် မနေနိုင်တာပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို မချုပ်ထိန်းပဲ ဖွင့်ချလိုက်ပါ။ လူအများနဲ့ ဆက်ဆံရမှာကို ဝန်မလေးပါနဲ့။ သင့်ရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့လူတွေရှိမှာပါ။ သူတို့ဆီက ချစ်မေတ္တာနဲ့အကူအညီတွေကို ရယူမှာကို ဝန်မလေးပါနဲ့။




(၄) စတော်ဘယ်ရီ




Shutterstock/Inspiring

စတော်ဘယ်ရီကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့စိတ်ကို စိန်ခေါ်ပြီး လုပ်ဆောင်ရတဲ့ အလုပ်တွေကို နှစ်သက်သူတစ်ယောက်ပါ။ သင့်မှာ ကောင်းမွန်တဲ့စိတ်ကူးစိတ်သန်းတွေရှိတဲ့ပြင် ဖန်တီးနိုင်စွမ်းရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပြဿနာက သင့်ကိုယ်သင် ဘယ်လို အရည်အချင်းတွေရှိတဲ့လူတစ်ယောက်လဲဆိုတာ မသိပါဘူး။ ဒါကြောင့် သင်ဟာ သင်ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေကို သေချာလေ့လာသင့်ပါတယ်။ သင့်ရဲ့ဘဝဟာ အခွင့်အလမ်းကောင်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် သင့်ရဲ့အရည်အချင်းတွေကို သေချာအသုံးချနိုင်မယ်ဆိုရင်တော့ သင်ဟာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်မှာ မလွဲမသွေပါပဲ။


(၅) ရှောက်သီး




Shutterstock/Inspiring

ရှောက်သီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်မာကြောတဲ့အပြင် ရဲရင့်ပြီး သမာသမတ်ကျတဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့အားနည်းချက်ကတော့ အရာရာကို တစ်ဇွတ်ထိုးလုပ်တက်တဲ့အကျင့်ရှိပြီး မဟုတ်မခံချင်စိတ်ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အလုပ်တစ်ခုမလုပ်ခင်မှာ သေချာစဉ်းစားပြီး လုပ်ဆောင်သင့်ပြီး တစ်ခြားသူတွေရဲ့အမြင်နဲ့အတွေးတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒီလိုဆိုရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ သင့်ကြားမှာရှိတဲ့ ရင်းနှီးမူတွေနဲ့ ချစ်ခြင်းမေတ္တာတွေဟာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာမှာဖြစ်ပါတယ်။




(၆) ပန်းသီး




Shutterstock/Inspiring

ပန်းသီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ တစ်ခြားသူတွေရဲ့ယုံကြည်စိတ်ချမူကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ ဒါ့အပြင် အခက်အခဲရှိသူတွေကို ကူညီဖို့အမြဲအဆင်သင့်ဖြစ်နေတက်ပါသေးတယ်။ သင့်ရဲ့အားနည်းချက်ကတော့ အားနာတက်တဲ့စိတ်လေးဖြစ်ပါတယ်။ ဒါကြောင့် အားနာစိတ်ကို တက်နိုင်သမျှလျော့နည်းအောင်ကြိုးစားသင့်ပြီး ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ ဒီလိုသာဆိုရင် သင့်အနေနဲ့ လူတွေနဲ့ဆက်ဆံရတာ ပိုအဆင်ပြေလာပြီး သင့်ဘဝကလည်း ပိုပြီးပျော်ရွှင်ဖို့ကောင်းလာမှာပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..