သင်ရွေးချယ်လိုက်တဲ့ နှုတ်ခမ်းပုံစံလေးတွေက ပြောပြပေးမယ့် သင့်ရဲ့အကျင့်စရိုက်
lotaya.mpt.com.mm
|
2020-05-24

Shutterstock/ avh_vectors

ဒီနေ့မှာတော့ ပေးထားတဲ့နှုတ်ခမ်းပုံလေးတွေထဲက ကိုယ်အကြိုက်ဆုံးနှုတ်ခမ်းပုံစံကိုရွေးပြီး ကိုယ့်ရဲ့အကျင့်စရိုက်တွေကို ဖတ်ကြည့်လိုက်ရအောင်နော်….

နံပါတ် (၁)




Shutterstock/ avh_vectors

သင်ဟာ ဘဝမှာ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာကို ကြိုးစားရင် အလွယ်တကူရနိုင်တယ်လို့ ထင်နေတတ်ပါတယ်။ ဒါ့အပြင် ဘဝမှာ သင်ကြုံတွေ့ရတဲ့ကိစ္စရပ်တိုင်းဟာ သင့်ကို စမ်းသပ်နေတဲ့ စမ်းသပ်မူတွေသာဖြစ်တယ်လို့ ယုံကြည်နေတတ်သေးပါတယ်။ ဒီလိုယုံကြည်တွေကြောင့် သင်ဟာ ဘဝကို စိုးရိမ်ပူပန်မူတွေနဲ့ ဖိအားဒဏ်တွေ မရှိပဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းလေ့ရှိပါတယ်။ ဒါ့အပြင် ခက်ခဲတဲ့ကိစ္စရပ်တွေကို အေးဆေးအချိန်ယူပြီး ဉာဏ်ပညာနဲ့ ဖြေရှင်းလေ့ရှိပါတယ်။

နံပါတ် (၂)




Shutterstock/ avh_vectors

သင်ဟာ ကိစ္စရပ်တိုင်းကို ခေါင်းအေးအေးနဲ့ အေးဆေးဖြေရှင်းလေ့ရှိပါတယ်။ သင့်ဘဝမှာ သင်ဖြစ်ချင်တဲ့အရာတွေကို ကောင်းစွာသိရှိပြီး ဒီအရာတွေလက်တွေ့ဖြစ်မြောက်လာအောင် မဆုတ်မနစ်ကြိုးပမ်းလေ့ရှိပါတယ်။ သင်ဟာ သင့်ရဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် သင်လိုချင်တာမှန်သမျှကို ရလေ့ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မလောဖို့နဲ့ အခြေအနေနဲ့အချိန်အခါကို ထည့်သွင်းစဉ်းစားဖို့အကြံပေးချင်ပါတယ်။

နံပါတ် (၃)




Shutterstock/ avh_vectors

သင်ဟာ တစ်ခါတစ်ရံမှာ အတွေးလွန်တက်ပြီး ဒီလိုအတွေးလွန်ခြင်းက သင့်ကိုမပျော်ရွှင်နိုင်ဘဲ စိတ်ဆင်းရဲစေတက်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအတွေးလွန်ခြင်းတွေကြောင့် သင်ဟာ ဘဝမှာကြုံတွေ့ရမယ့် လောကဓံတရားကို ကောင်းစွာရင်ဆိုင် ဖြေရှင်းတက်ပါလိမ့်မယ်။ ဒါ့အပြင် ဆင်ခြင်တုံတရားကောင်းမွန်ပြီး ကိစ္စရပ်တွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ပါတယ်။

နံပါတ် (၄)




Shutterstock/ avh_vectors

သင့်မှာ မမြင်ရတဲ့အရည်အချင်းတွေ အများကြီး ရှိပါတယ်။ သင်ဟာ မှတ်ဉာဏ်ကောင်းမွန်ပြီး ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကိစ္စတိုင်းကို သူ့ဖက် ကိုယ့်ဖက် အစရှိသဖြင့် မျှမျှတတ တွေးခေါ်စဉ်းစားလေ့ရှိပါတယ်။ သင်ဟာ ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးမှာမဆို စိတ်အေးအေးနဲ့ အရာရာကိုဖြေရှင်းနိုင်ပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားလေ့ရှိပါတယ်။ နောက်ဆုံးအနေနဲ့ သင်ဟာ သင့်ဘဝမှာ အရေးကြီးတဲ့အရာတွေကို အမြဲခွဲခြားသတ်မှတ်ပြီး တန်ဖိုးထားလေ့ရှိပါတယ်။

နံပါတ် (၅)




Shutterstock/ avh_vectors

သင်ဟာ လိမ္မာပါးနပ်ပြီး ဟာသဉာဏ်ကြွယ်ဝတဲ့လူတစ်ယောက်ပါ။ ဒါ့အပြင့် အရာရာကို ထိုးဖောက်သိမြင်တဲ့အပြင် ကြင်နာတက်တဲ့နှလုံးသားရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် အများကြီးကြိုးစားအားထုတ်ဖို့ လိုအပ်ပါသေးတယ်။ တက်တက်ကြွကြွနေတက်တဲ့သင်ဟာ အရာရာကို မိမိရဲ့ယုံကြည်ချက်အတိုင်း ပြောရဲလုပ်ရဲပါတယ်။ အကျိုးမရှိတဲ့အရာတွေမှာ အချိန်ဖြုန်းမနေတက်ဘဲ ဘဝတိုးတက်ဖို့ကိုပဲ အစဉ်တစိုက်ကြိုးစားနေသူတစ်ယောက်ပါ။

နံပါတ် (၆)




Shutterstock/ avh_vectors

သင်ဟာ လူတိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ လူကောင်းတစ်ယောက်ပါ။ သင်ဟာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးရင် ဘယ်လိုအခြေအနေမျိုးမှာမဆို အဲဒီဆုံးဖြတ်ချက်ကိုမပြင်ပဲ ရဲရဲဝံ့ဝံ့တာဝန်ယူပြီး လုပ်ဆောင်တက်ပါတယ်။ ဘဝမှာ အမည်းစက်တွေရှိခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဒီအမည်းစက်တွေဟာ သင့်ကိုအန္တရာယ်မပေးနိုင်တော့ပါဘူး။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..