မိန်းကလေးတွေရဲ့ဆံပင်အရှည်အတိုင်းအတာက ပြောပြပေးမယ့် သူတို့ရဲ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2020-05-28

Shutterstock/MicroOne

မိန်းကလေးတွေမှာ တစ်ချို့က ဆံပင်ရှည်ထားရတာ နှစ်သက်သလို တစ်ချို့ကျတော့လည်း ဆံပင်အတိုမှအတိုထားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီနေ့မှာတော့ ဆံပင်အရှည်အတိုင်းအတာကနေ မိန်းကလေးတွေရဲ့စိတ်နေစိတ်ထားကို ပြောပြပေးမှာဖြစ်ပါတယ်။ မမ၊ ညီမလေးတို့အနေနဲ့လည်း ကိုယ့်အကြောင်းကိုယ် ပြန်သုံးသပ်လို့ရသလို.. ကိုကို မောင်မောင်တို့ကလည်း ကိုယ့်ကောင်မလေးရဲ့ ဆံပင်စတိုင်တွေကနေ ကောင်မလေးရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်လိုက်ဦးနော်….

(၁) မှင်စာကေ




Shutterstock/MicroOne

ဒီဆံပင်စတိုင်ကိုတော့ “Pixie cut” တစ်နည်းအား မှင်စာဆံပင်ကေလို့ ပြောကြပါတယ်။ ဒီဆံပင်စတိုင်မျိုးထားတက်တဲ့ အမျိုးသမီးတွေဟာ ကိုယ့်အားကိုယ်ကိုးတက်ကြပြီး ဘယ်သူကမှ သူတို့တွေကို အောက်ဆုံးကို ဆွဲချမသွားနိုင်ပါဘူး။ သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မူအပြည့်ရှိပြီး ရင့်ကျက်တဲ့အပြင် လူမူဆက်ဆံရေးကောင်းမွန်တက်ကြပါတယ်။ ကိုယ်ကျင့်တရားလည်း ရိုးသားဖြောင့်မတ်တဲ့အပြင် ရေရှည်ချစ်ခင်ရင်းနှီးမူရရှိဖို့ လွယ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင်သူတို့တွေဟာ ဉာဏ်ပညာကို အသုံးချပြီး လုပ်ဆောင်ရတဲ့အလုပ်ကိစ္စတွေကို နှစ်သက်ကြပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပါးပါးနေတက်တဲ့အပြုအမူတွေကြောင့် သူတို့တွေဟာ အမြဲငယ်ရွယ်နုပျိုနေကြပါတယ်။

(၂) ကုပ်ဝဲ




Shutterstock/MicroOne

ဒီဆံပင်စတိုင်မျိုးထားတက်တဲ့ အမျိုးသမီးတွေကတော့ အမှန်တရားကိုချစ်မြတ်နိုးပြီး အမှန်တရားကိုသာ ပြောတက်တဲ့သူတွေပါ။ သူတို့တွေဟာ ရိုးသားဖြောင့်မတ်ပြီး မိမိရဲ့အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခံစားချက်တွေမရောထွေးဘဲ ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ သတ္တိရှိပြီး ဉာဏ်အရမ်းကောင်းပါတယ်။ သူတို့တွေဟာ စွန့်စားပြီးလုပ်ဆောင်ရတဲ့ကိစ္စတွေကို အလွန်စိတ်ဝင်စားတက်ကြပါတယ်။

(၃) ကုပ်ထောက်




Shutterstock/MicroOne

ဒီဆံပင်စတိုင်မျိုးထားတက်ကြတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့မိန်းမဆန်ပြီး ကျော့ရှင်းတဲ့ပုံပန်းသွင်ပြင်ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတက်ကြသူတွေပါ။ သူတို့တွေဟာ ရှုပ်ယှတ်ခက်တဲ့ဒီဇိုင်းတွေကို မကြိုက်နှစ်သက်ဘဲ ရိုးရိုးရှင်းရှင်း နေထိုင်တက်ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့ကိုတွေ့တဲ့လူတိုင်းဟာ သူတို့တွေရဲ့အလှမှာ နှစ်မြောသွားရလောက်တဲ့အထိ လှပြီးဆွဲဆောင်မူရှိကြပါတယ်။ သူတို့တွေဟာ မိတ်ဆွေအသစ်တွေဖွဲ့တဲ့နေရာမှာလည်း ကျွမ်းကျင်ပြီး ယှဉ်ပြိုင်မူတွေနဲ့ စိန်ခေါ်မူတွေကို နှစ်သက်ကြပါတယ်။

(၄) အရှည်




Shutterstock/MicroOne

ဒီဆံပင်စတိုင်မျိုးထားတက်ကြတဲ့ အမျိုးသမီးတွေဟာ နွေးထွေးပြီးကြင်နာသနားတတ်တဲ့အပြင် စိတ်ရှည်တတ်ကြသူတွေပါ။ သူတို့တွေဟာ အရမ်းစိတ်ကူးယဉ်တတ်တဲ့အပြင် ချစ်ဖို့ကိုလည်း ကြောက်နေတတ်သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ရည်မှန်းချက်တွေ၊အနာဂတ်တွေနဲ့ ပတ်သတ်လာရင်တော့ အနိုင်မခံအရှုံးမပေးပဲ ကြိုးစားတတ်ကြတဲ့အပြင် ရည်မှန်းချက်တွေအောင်မြင်ဖို့ ဘာမဆိုလုပ်ရဲတဲ့သူတွေပါ။ ဒီလိုမျိုးဇွဲနဲ့လုံလဝီရိယရှိတဲ့အတွက်ကြောင့်လည်း သူတို့တွေဟာ အောင်မြင်မူတွေကို ရရှိတတ်ကြပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..