၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၇.၆.၂၀၂၀ မှ ၁၃.၆.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-06-07

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ငွေရေးကြေးရေး ခက်ခဲတတ်တဲ့ သီတင်းပတ် ဖြစ်တယ်။ ကုန်သလောက် ပြန်ပြီး အကျိုးအမြတ် မရဘဲ ဖြစ်နေမယ်။ အလုပ်တွေကလည်း မတည်မငြိမ်နဲ့ ဖြစ်နေပြီး ရှေ့ဘာဖြစ်မလဲ မှန်းရခက်နေမယ်။ အလုပ်ထဲမှာ စိတ်ညစ်စရာလေးတွေ ဖြစ်ပြီး နောက်ပိုင်းမှ ပြန်အဆင်ပြေမယ်။

ကျန်းမာရေး - ယာယီ နေထိုင်မကောင်း ဖြစ်တတ်တယ်။ ရေချိုး မှားတာမျိုးလည်း သတိပြုရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ စကားများပြီး တကျက်ကျက် ဖြစ်တတ်တယ်။ ပြင်ပလူကနေ ကြားဝင်နှောင့်ယှက်နိုင်တယ်။ ဘယ်လိုပဲ စိတ်ညစ်စရာတွေ ဖြစ်ဖြစ် ပြန်အဆင်ပြေသွားလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်စုံကွက် (သို့) အဖြူသန့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ

ယတြာ - အိမ်က ဘုရားမှာ မွေးနေ့မနက် သကြားဆွမ်း ကပ်လှူ ဆုတောင်းပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အကြီးအကဲတွေနဲ့ မပြေမလည် ဖြစ်မယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်မျိုးဆိုရင် ရှောင်ကျဉ်ပါ။ အုပ်ချုပ်သူ အာဏာပိုင်တွေနဲ့ ငြိစွန်းတတ်တယ်။ လုပ်ချင်တဲ့ အလုပ်တွေ ဖြစ်မလာဘဲ ကြိုးစားလိုက်၊ ပြန်ပျက်လိုက် ဖြစ်နေမယ်။ လက်ထဲ ငွေက ဝင်လိုက်၊ ထွက်လိုက်နဲ့ မြဲဖို့ ခက်နေမယ်။

ကျန်းမာရေး - သီတင်းပတ်အစပိုင်းမှာ ကျန်းမာရေး သတိပြုရမယ်။ မထင်မှတ်ဘဲ ညံ့သွားနိုင်တယ်။ နောက်ပိုင်းရက်တွေမှာတော့ နေသာထိုင်သာ ပြန်ရှိပြီး ပုံမှန်အခြေအနေကို ပြန်ရောက်လာမယ်။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ နားလည်မှု ယူဖို့ ခက်ခဲလာနိုင်တယ်။ အိမ်ထောင်သည်တွေဆိုရင် ကြားလူက ဝင်နှောင့်ယှက်တတ်တယ်။ နာမည်ပျက်၊ သိက္ခာကျနိုင်တဲ့ကာလမို့ သတိနဲ့ ဆင်ခြင်ရမယ်။

ကံကောင်းစေတဲ့ အရောင် - စိမ်းနုရောင် ၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၀ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး

ယတြာ - လမ်းပျက်တဲ့နေရာမှာ မြေဖို့ ကုသိုလ်ယူ လုပ်အားဒါန ပြုပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေ ကောင်းချင်ရက်နဲ့ အခွင့်အလမ်းတွေ ပေါ်လာပေမယ့် ကိုယ်တိုင်ကိုက တွေဝေ လက်နှေးနေလို့ ကံကောင်းခြင်းနဲ့ ကပ်သီလေး လွဲရတတ်တယ်။ ဘာကိုမှ ပြတ်သားမှု မရှိဘဲ ဝေ့လည် စဉ်းစားလွန်းနေလို့ အလုပ်မဖြစ်ဘဲ အချိန်ကုန်သွားမယ်။ ရန်၊ အတိုက်အခံလည်း များမယ်။

ကျန်းမာရေး - သီတင်းပတ်နှောင်းပိုင်းမှာ ကျန်းမာရေး အားနည်းနိုင်တယ်။ ဆေးဝါး၊ အစားအစာတွေ ဆင်ခြင်သတိနဲ့ မှီဝဲသင့်တယ်။ မတော်တဆ ထိခိုက်ဒဏ်ရာမျိုးလည်း ရတတ်တယ်။

လူမှုအိမ်ထောင် - မိသားစုဝင်တွေ၊ အတူနေသူတွေနဲ့ ဘယ်လိုမှ မျက်နှာကြော မတည့် ဖြစ်လာမယ်။ အိမ်မှာထက် အပြင်မှာ ပိုပျော်မယ်။ အချစ်ရေးမှာ ရန်ခဏခဏ ဖြစ်လွယ်နေလို့ စိတ်ညစ်ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၇

ကံကောင်းစေတဲ့ အရပ် - တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ

ယတြာ - အိမ်က ဘုရားမှာ မွေးနေ့မနက်စောစော နို့ထမင်း ဆွမ်းကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - စိတ်ကူး အတွေးအခေါ် မှားလို့ အလုပ်မှာ မျှော်လင့်သလောက် မအောင်မြင်တာမျိုး ဖြစ်တတ်တယ်။ နိုင်ငံရပ်ခြား၊ အဝေးဒေသနဲ့ ဆက်စပ်တဲ့ အလုပ်တွေတော့ အတော်သင့် အကျိုးပေး အောင်မြင်မယ်။ အိမ်ကို ဘုရားပုံတော်၊ ဆင်းတုတွေ ရောက်လာရင် မထင်မှတ်ဘဲ ကံကောင်းမယ်။

ကျန်းမာရေး - ထူးထူးခြားခြား အညံ့ မရှိဘဲ ပုံမှန်အတိုင်း ဖြတ်သန်းသွားမယ့် သီတင်းပတ်ပါ။

လူမှုအိမ်ထောင် - ဒီအပတ်မှာ အဓိက အားနည်းချက်က လူမှုရေးနဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စပါ။ အများနဲ့ တစ်ယောက် အဆင်မပြေ ဖြစ်မယ်။ အရင်းနှီးဆုံးတွေက သူစိမ်းဆန်လာမယ်။ နားလည်မှု လွဲ အမြင် မတူတာတွေကြောင့် ပြဿနာ ဖြစ်လွယ်နေမယ်။ စိတ်ရှည်သည်းခံပေးဖို့ လိုအပ်ပါလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေအိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - လမ်းဘေး ခွေးလေးတွေ ၊ ငှက်ကလေးတွေကို မကြာခဏ အစာ ကျွေးလိုက်ပါ။

ရာဟုနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းအတွက် အချိန်ပေး ကြိုးစားလုပ်ကိုင်ရမယ့် သီတင်းပတ် ဖြစ်တယ်။ ဒါပေမယ့် ကိုယ် ကြိုးစားအားထုတ်သလောက် အရာမထင် မအောင်မြင်သေးဘဲ ဖြစ်နေမယ်။ မိတ်ဆွေရင်းချာနဲ့ မိခင်၊ မိခင်လို အမျိုးသမီးကြီးတွေဆီက အကူအညီ ရမယ်။ ရပ်ဝေးမြေခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေတော့ ကောင်းမယ်။

ကျန်းမာရေး - ဒီအပတ် ကျန်းမာရေး သာမန်ထက် နိမ့်ကျနိုင်တယ်။ အစားအသောက် သတိထားရလိမ့်မယ်။

လူမှုအိမ်ထောင် - အိမ်တွင်းမိသားစုရေးမှာ စိတ်မချမ်းသာစရာတွေ ပေါ်ပေါက်လာနိုင်တယ်။ အချင်းချင်းကြား နားလည်မှု ရဖို့ ခက်ခဲနေမယ်။ အချစ်ရေးမှာလည်း ကိုယ့်စိတ်တိုင်းကျ မဖြစ်တာ၊ ပြဿနာဟောင်းတွေ အစ ပြန်ဖော်ခံရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် သီတင်းပတ်နှောင်းပိုင်းမှာ ပြန်အဆင်ပြေသွားပါလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ရင့်၊ အရောင်မှိုင်းများ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၉

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ တနင်္လာ

ယတြာ - ကိုယ့်အခက်အခဲ ရှိရင် ကိစ္စကို ရည်ရွယ်ပြီး သီလရှင်ဆရာကြီးတစ်ပါးဆီ ငွေလှူပြီး ဆုတောင်းပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - သီတင်းပတ်အစမှာ အလုပ်တွေ သိပ်မကောင်းသေးဘဲ နောက်ပိုင်းမှာမှ အခြေအနေ ပြန်ကောင်းလာမယ်။ အလုပ်သစ် ရှာတာ၊ လုပ်ငန်း ချဲ့တာမျိုးတွေ မသင့်သေးလို့ ခဏ စောင့်ရမယ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း မတင်မကျတွေ များလို့ စိတ်ရှုပ်ရမယ်။ တိကျ ပြတ်သားရလိမ့်မယ်။

ကျန်းမာရေး - အသေးအဖွဲက စလို့ မပေါ့ဆသင့်ဘဲ သတိထားရမယ့် ကာလ ဖြစ်တယ်။ ကျန်းမာရေး အားနည်းချိန် ဖြစ်လို့ ကြိုတင် ကာကွယ်မှုတွေ ပိုလုပ်သင့်တယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ လှည့်ဖျား ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်။ လူမှုရေး ပြဿနာ အနည်းနဲ့အများ ကြုံရမယ်။ ဘာတွေ ဖြစ်ဖြစ် အကြီးအကဲတွေနဲ့ တိုင်ပင် လုပ်ဆောင်ရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ စနေ

ယတြာ - ကိုယ့်မှာ ရှိတဲ့ အသုံးဝင်ပစ္စည်းဟောင်းတစ်ခုခုကို ပြန်စွန့်ကြဲ ပေးကမ်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - စီးပွားဖြစ်၊ အလုပ် အဆင်ပြေပြီး အောင်မြင်မှုတွေ ရလွယ်မယ့် အချိန်ပါ။ ဒါပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စရာတွေကတော့ နေရာတိုင်း လိုက်နေပါလိမ့်မယ်။ လျစ်လျူရှုထားလိုက်ပါ။ ငွေကြေးကိစ္စမှာ စိတ်တိုင်းကျ ဖြစ်လာမယ်။ ရလာသမျှကိုလည်း ထိထိရောက်ရောက် သုံးစွဲနိုင်မယ်။

ကျန်းမာရေး - သီတင်းပတ်နှောင်းပိုင်းမှာ အသွားအလာ လျှော့ပါ။ အားနည်းချူချာသွားတတ်တယ်။ ခရီးဝေးတွေ မလိုအပ်ရင် မထွက်ပါနဲ့။ ခရီးမှာတင် ကျန်းမာရေး ညံ့သွားတတ်တယ်။

လူမှုအိမ်ထောင် - ကိုယ်တိုင်က နည်းနည်း ပြဿနာ ရှာချင်နေတတ်တာကို သတိထားလိုက်ရင်တော့ ဒီတစ်ပတ် နှလုံးသားရေးက အဆင်ပြေ စိတ်ချမ်းသာရပါလိမ့်မယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ကြောင့် ကိုယ့်မှာ အကျိုးကျေးဇူး ဖြစ်ထွန်းစရာ ရှိတယ်။ လက်တွဲဖော်ဆီက အကူအညီတွေ ရလာမယ်။

ကံကောင်းစေတဲ့ အရောင် - မီးခိုးရောင်၊ အစိမ်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၈

ကံကောင်းစေတဲ့ အရပ် - တောင်၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ ဗုဒ္ဓဟူး

ယတြာ - အကြီးအကဲတစ်ဦးဦးကို အဝတ်အထည်အသစ် ပေးကမ်းလှူဒါန်းလိုက်ပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ငွေရှာလို့ ကောင်း၊ စီးပွားလည်း ဖြစ်နဲ့ အလုပ်အကိုင်နဲ့ ပတ်သက်လို့ စိတ်ရောလူပါ ကျေနပ်စရာတွေ ဖြစ်လာပါလိမ့်မယ်။ လူကြီးသူမ အကူအညီတွေလည်း ရလာမယ်။ ကိုယ့်လက်ထဲမှာ ငွေ မပြတ်အောင် ရွှင်နေတတ်တယ်။ ဒီအပတ်မှာ ထီထိုး၊ ကံစမ်းတာမျိုးတွေလည်း လုပ်သင့်တယ်။

ကျန်းမာရေး - နည်းနည်း အညံ့ ရှိပေမယ့် သူ့ဖာသာ ပြန်ပျောက်သွားပါလိမ့်မယ်။ စိုးရိမ်စရာ မရှိပါ။

လူမှုအိမ်ထောင် - ခင်မင်ရင်းနှီးသူတွေနဲ့ မသင့်မမြတ် ဖြစ်တတ်တယ်။ ချစ်သူရည်းစားကဏ္ဍမှာလည်း စိတ်ကောက် ဒေါသ ဖြစ်စရာတွေ များမယ်။ အိမ်ထောင်သည်တွေကြားမှာတော့ ခဏတာ ရန်ဖြစ်ပြီး ပြန် ပြေလည်သွားပါလိမ့်မယ်။ ဒီတစ်ပတ်မှာ လူမှုရေးပြဿနာ အနည်းအကျဉ်း ရှိတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ အနီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ စနေ

ယတြာ - လိုအပ်နေသူတွေအတွက် ဆေးဝါးအလှူဒါန လုပ်ပေးပါ။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..