၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၅.၇.၂၀၂၀ မှ ၁၁.၇.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-07-05

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၅.၇.၂၀၂၀ မှ ၁၁.၇.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - စိတ်ကူးအိုင်ဒီယာတွေ လက်တွေ့ ဖော်ဆောင်နိုင်လိမ့်မယ်။ အလုပ်မှာ ငွေ ထည့်ဖြည့် ရင်းနှီး လုပ်ကိုင်ရင် အောင်မြင်အကျိုးရှိမယ်။ ကိုယ့်စိတ်၊ ကိုယ့်အကြံအစည်အတိုင်းသာ လုပ်ပါ။ အဆင်ပြေလိမ့်မယ်။ ကြန့်ကြာနေတဲ့ အလုပ်တွေ လက်စသတ်နိုင်မယ်။ အလုပ်သစ် ရှိရင် စတင်နိုင်မယ်။ ငွေကြေးကံကောင်းမယ်။

ကျန်းမာရေး - ကိုယ်လက် မအီမသာ ဖြစ်တတ်တယ်။ အသွားအလာ သိပ်မလုပ်ဘဲ နားနားနေနေသာ နေပါ။

လူမှုအိမ်ထောင် - ယေဘုယျအားဖြင့် မိသားစုရေး စိတ်ချမ်းသာရမယ့် သီတင်းပတ် ဖြစ်တယ်။ သတင်းကောင်း အဆက်အသွယ်ကောင်းတွေ ကြားရမယ်။ ချိတ်ဆက်မိမယ်။ ခင်မင်ရင်းနှီးသူတွေဆီက အကူအညီတွေ ရမယ်။ လူငယ်တွေဆို နှလုံးသားရေးမှာ ခါတိုင်းထက် အဆင်ပြေ ချောမွေ့နေမယ်။ ချစ်သူနဲ့အတူ ကြည်နူးရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ စနေ

ယတြာ - တနင်္လာနေ့မှာ ကိုယ်ဝန်ဆောင် မိခင်လောင်းတစ်ဦးကို အားဆေး (သို့) စားချင်တာ ဝယ်လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အလုပ်မှာ အေးအေးသက်သာ လုပ်ခွင့်မရဘဲ ခါတိုင်းထက် ပိုရုန်းကန်ရမယ်။ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာမယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီ ရပေမယ့် သိပ်အားကိုးနိုင်တာ မရှိဘူး။ ကိုယ်တိုင်ပဲ ရုန်းမှ ဖြစ်လိမ့်မယ်။ အရာအားလုံးကို လက်တွေ့ကျကျ စဉ်းစားလုပ်ကိုင်မှ ဖြစ်လိမ့်မယ်။

ကျန်းမာရေး - ခေါင်းပူ စိတ်ရှုပ်စရာ များတာ၊ တာဝန်ယူမှု များလု့ိ စိတ်ဖိစီးရတာတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - အလုပ် များလွန်းလို့ အချစ်ရေးဘက် ဦးမလှည့်နိုင် ဖြစ်တတ်တယ်။ အိမ်ထောင်သည်တွေမှာ အချိန်ပို၊ အိုဗာတိုင်တွေ ဆင်းရလို့ ခဏ ဝေးနေတတ်တယ်။ ဒါပေမယ့် နှစ်ဦးကြား ဆက်ဆံရေးတော့ ပြဿနာ မရှိတတ်ပါဘူး။ ကိုယ့်ဘက်က ခေါင်းမာတာ၊ တယူသန်တာလေးတွေတော့ လျှော့ပေါ့ပေးဖို့ လိုလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ကြက်သွေးရောင်၊ လိမ္မော်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္လာ

ယတြာ - မွေးနေ့ (တနင်္လာ) ညနေပိုင်းမှာ ငါးစာ ကျွေးတာ၊ ကဏန်း လွှတ်တာမျိုး ကုသိုလ် လုပ်ပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - အပြိုင်ရှိလေ တိုးတက်လေ ဖြစ်မယ်။ အေးအေးလေး နေနေရင် အလုပ် မဖြစ်ဘဲ အတိုက်အခံ အပြိုင်အဆိုင်နဲ့မှ တိုးတက် အောင်မြင်လိမ့်မယ်။ ကိုယ်လုပ်သမျှ အခက်အခဲ မကင်းဘဲ ဖြတ်သန်းရမယ်။ နေရာ အခွင့်အရေးအတွက် တိုက်ယူရမယ်။ ဒါပေမယ့် ဘယ်လို အခက်အခဲ အတားအဆီးမဆို ကျော်ဖြတ်နိုင်မယ်။

ကျန်းမာရေး - တော်ရုံတန်ရုံ နာမကျန်းတာလောက်ဆို ခဏလေးနဲ့ သက်သာ ပျောက်ကင်းမယ်။ ကျန်းမာမယ်။

လူမှုအိမ်ထောင် - လူငယ်တွေ နှလုံးသားရေးမှာ အပြိုင် ပေါ်တတ်တယ်။ ရွေးချယ်ရ ခက်တဲ့ အခြေအနေမျိုး ဖြစ်လာမယ်။ နှစ်ဦးကြား အသေးအဖွဲကိစ္စ စကားများရတတ်တယ်။ အပေါင်းအသင်းတွေကြားမှာတော့ ရန်များ၊ ပြဿာများသူလို့ အထင်လွဲခံရတတ်တယ်။ တစ်ယောက်တစ်ခွန်းနဲ့ စကားအခြေအတင် ဖြစ်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ အပြာနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၉ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ အင်္ဂါ

ယတြာ - တနင်္ဂနွေညနေစောင်း အိမ်မှာ ရှိတဲ့ သုံးမရတော့တဲ့ စက်ကိရိယာဟောင်းတွေ အကုန် စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - မသေချာမရေရာမှုတွေ များတဲ့ သီတင်းပတ် ဖြစ်လို့ အရေးကြီး ဆုံးဖြတ်ချက်တွေကို မချပါနဲ့။ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်သုံးသပ်ပြီးမှ စဉ်းစားလုပ်ကိုင်ပါ။ အလောတကြီးနဲ့ လျှောက်လုပ်မိနေရင် အမှားတွေ များမယ်။ အလုပ်ကံ အားနည်းသလို ငွေကြေးကံလည်း နည်းပါးချိန် ဖြစ်လို့ သည်းခံစိတ်ရှည်ရမယ်။

ကျန်းမာရေး - ကိုယ်တွေ လက်တွေ ကိုက်ခဲတတ်တယ်။ ခေါင်းမူးခေါင်းနောက် ဝေဒနာမျိုး ခံစားရတတ်တယ်။

လူမှုအိမ်ထောင် - အချစ်ရေးမေတ္တာရေးမှာ မကျေလည်စရာတွေ များမယ်။ မတတ်သာလို့ ဆက်တွဲရသလိုမျိုး ဖြစ်နေမယ်။ လက်တွဲဖော် ရှာနေသူတွေဆိုရင် ကိုယ့်ပုံစံစတိုင်ကို ပြောင်းလဲပစ်မှ အဆင်ပြေမယ်။ ဒီတစ်ပတ် လူမှုပေါင်းသင်းဆက်ဆံရေးမှာ အားလုံးနဲ့ တစ်ယောက်လို ဖြစ်နေမယ်။ အများအမြင် မကြည်စရာ များမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါနု ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - စနေနေ့ မနက် ၁၁ နာရီခွဲ အိမ်က ဘုရားမှာ ထီးအနီ (အကြီး) တစ်လက် လှူဒါန်း ဆုတောင်းပါ။

ရာဟုဖွား

အလုပ်အကိုင် - ဒီအပတ်မှာ ငါချည်း အမှန်ဆိုတဲ့ ခေါင်းမာတယူသန်စိတ်ကို လျှော့ရမယ်။ နေရာတကာမှာ ကိုယ်ကချည်း ဝင်ပါ၊ လျှောက်လုပ်နေလို့ လူမုန်းများတတ်တယ်။ အလုပ်မှာ လူပင်ပန်းသလောက် ပြန်ရတဲ့ အကျိုးအမြတ်က နည်းနေတတ်တယ်။ ကိုယ့်အတွက် မကျန်သလို ဖြစ်မယ်။ ငွေကြေးကံ အားနည်းတယ်။

ကျန်းမာရေး - စိတ်ပင်ပန်း လူပင်ပန်းတဲ့ ဒဏ်ကို ခံရတတ်တယ်။ အထိုင်များတဲ့သူများ လှုပ်ရှားပေးဖို့ လိုမယ်။

လူမှုအိမ်ထောင် - အပေါင်းအသင်းကဏ္ဍမှာ ဆရာကြီး လုပ်၊ နေရာယူသူတွေကြောင့် စိတ်ညစ်ရမယ်။ စုံတွဲတွေ နှလုံးသားရေးမှာ တစ်ဖက်သတ် ဖိအားပေးလွန်းသူကြောင့် ပြဿနာ တက်မယ်။ နားလည်မှု ယူဖို့ ခက်ခဲမယ်။ ကိုယ်ကချည်း အနိုင်လိုချင်နေရင် ပိုဆိုးလိမ့်မယ်။ လူကြီးသူမတွေက ကြားဝင်လာတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်းရင့် ၊ အညို

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၀

ကံကောင်းစေတဲ့ အရပ် - တောင် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္လာ

ယတြာ - လမ်းဘေးမှာ လိုက်လံ တောင်းရမ်းစားသောက်နေရသူတွေအတွက် အစာ အာဟာရ ဒါနပြုပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အရင်က ကြိုးစားအားထုတ်မှုတွေ အသိအမှတ်ပြုခံရမယ်။ အောင်မြင်မယ်။ ဒါပေမယ့် အရင်က မဟုတ်တာ လုပ်၊ အားထုတ်မှု နည်းခဲ့ရင်တော့ ဒီအပတ်မှာ အထိနာလိမ့်မယ်။ ဥပဒေနဲ့ မကင်းတဲ့ လုပ်ငန်းမျိုး ပို သတိထားရမယ်။ အပေးအယူ အလျော်အစား ကြမ်းတတ်တယ်။ ရစရာပေးစရာ ငွေကြေးတွေ အဆင်ပြေမယ်။

ကျန်းမာရေး - ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ၊ အစားအသောက် မဆင်ခြင်သူတွေ ဒီကာလမှာ ညံ့နိုင်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ မှန်လို ဆက်ဆံခံရမယ်။ ကိုယ်က ကောင်းရင် ကိုယ့်အပေါ် ပြန်ကောင်းပြီး သစ္စာရှိသူတွေ စိတ်ချမ်းသာရမယ်။ မလိမ့်တပတ် လုပ်ခဲ့ရင်တော့ ပေါ်လိမ့်မယ်။ ချစ်သူလက်တွဲဖော် ရှာနေရင် ဒီအပတ် အဆင်ပြေနိုင်တယ်။ ဘယ်ကိစ္စမှာမဆို မိတ်ဆွေ၊ ဆရာသမားတွေက အကူအညီ ပေးကြလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရောင် ၊ ရွှေဝါရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - မွေးနေ့ မနက် ၉ နာရီ အိမ်က ဘုရားမှာ ကံကော်ညွှန့် ၁၁ ညွှန့်နဲ့ ကိတ်မုန့် ၅ ချပ် ကပ်လှူပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - အခက်အခဲတွေကို ဖြတ်သန်းပြီးတဲ့အခါ နေရာ၊ အခွင့်အရေးက ကိုယ့်ဆီ ရောက်လာမယ်။ အရည်အချင်းတွေ ပြသနိုင်မယ့် ကာလ ဖြစ်လို့ ကိုယ့်ဘက်က အသင့် ရှိနေရမယ်။ အလုပ်သစ်၊ နေရာသစ် ပတ်ဝန်းကျင်သစ်ကို ကြုံရတတ်တယ်။ ပုံမှန်ဝင်ငွေအပြင် တခြားရပေါက်ရလမ်းတွေလည်း ပေါ်လာမယ်။

ကျန်းမာရေး - ဘာပြဿနာမှ ကြီးကြီးမားမား မရှိနိုင်ဘူး။ အနာရောဂါ ရှိခဲ့ရင် သက်သာပျောက်ကင်းမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အချစ်ရှာနေသူတွေ လက်တွဲဖော်နဲ့ ဆုံရတတ်တယ်။ စုံတွဲတွေမှာလည်း ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ ကောင်းသတင်းတွေ ကြားရမယ်။ အိမ်ထောင်ပြုလိုသူတွေ ဆန္ဒ ပြည့်ဝနိုင်တယ်။ ပြင်ပမိတ်ဆွေ ဆက်ဆံရေးမှာတော့ မလိမ့်တပတ် လုပ်တတ်သူတွေ ပေါ်မယ်။ စိတ်ချ ယုံကြည်လို့ မရပါ။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အဝါဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္ဂနွေ

ယတြာ - မွေးနေ့ (သောကြာ) ညနေစောင်းမှာ နွမ်းပါးသူတွေအတွက် အသီးအနှံ ဝယ်လှူ ဒါနပြုပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ကိုယ့်ကို ရန်ပြုလာသူ၊ အတိုက်အခံလုပ် ပခုံးချင်း ယှဉ်လာသူတွေ ပေါ်မယ်။ အလုပ်ခွင်ထဲမှာ စိတ်မချမ်းသာစရာ ပြဿနာလေးတွေ ပေါ်ပေါက်တတ်တယ်။ ကိုယ့်ဘက်ကလည်း အလျှော့မပေးဘဲ ရင်ဆိုင် ယှဉ်ပြိုင်နိုင်မှ အဆင်ပြေလိမ့်မယ်။ အလွယ် အလျှော့ပေးသည်းခံလိုက်ရင် အခြေအနေက ပိုဆိုးတတ်တယ်။

ကျန်းမာရေး - ဒီအပတ်အတွင်းမှာ မကျန်းမမာ ဖြစ်တတ်တယ်။ အစားအသောက် နေထိုင်မှု သတိပြုရမယ်။

လူမှုအိမ်ထောင် - ချစ်သူရည်းစားကိစ္စမှာ ဒွိဟတွေ ဖြစ်ရမယ်။ အပြိုင်ပေါ်တာမျိုး၊ လိုက်နှောင့်ယှက်ခံရတာမျိုး ဖြစ်တတ်တယ်။ အချင်းချင်းလည်း စိတ်ဆိုးရန်ဖြစ် လွယ်နေမယ်။ စုံတွဲအိမ်ထောင်ဖက်တွေ အဆင်မပြေနိုင်တဲ့ ကာလ ဖြစ်တယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ခိုက်ရန်၊ ပြဿနာ ဖြစ်လွယ်လို့ သတိပြု နေထိုင်ရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ၊ အဖြူဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၇ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ အင်္ဂါ

ယတြာ - မွေးနေ့မနက်မှာ အိမ်က ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး လုပ်ရင်း ဘေးကင်းဖို့ ဆုတောင်းပါ။

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၁၂.၇.၂၀၂၀ မှ ၁၈.၇.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။


၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၂.၇.၂၀၂၀ မှ ၁၈.၇.၂၀၂၀ အထိ)

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ လုပ်ငန်းအခြေအနေက အကောင်းအဆိုးတွေ ရောထွေးနေမယ်။ အတက်အကျ လှုပ်ရှားမှုလည်း များလိမ့်မယ်။ ဒီအပတ်မှာ ကိုယ်လုပ်ချင်တာထက် အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ လုပ်ကိုင်သင့်တယ်။ အကြံအစည်တွေ ဖြစ်မလာတာက များမယ်။ ငွေရေးကြေးရေးလည်း ခက်ခဲသွားနိုင်တယ်။

ကျန်းမာရေး - ခဏတာ ဖျားနာ ကိုယ်လက် ကိုက်ခဲတာမျိုး ဖြစ်တတ်ပေမယ့် အမြန် ပြန်ပျောက်ပါလိမ့်မယ်။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ အနှောင့်အယှက် များတတ်တယ်။ စုံတွဲတွေကြား အချင်းများစရာတွေက ခဏခဏ ဖြစ်လာတတ်တယ်။ မျှော်လင့်တာနဲ့ ဖြစ်လာတာက အံမကိုက်ဘဲ လွဲနေတတ်တယ်။ ဒီအပတ်ထဲမှာ အပေါင်းအသင်းကံ အားနည်းတယ်။ အကူအညီ မရတာ၊ အပေါင်းအသင်းကြောင့် စိတ်ညစ်ရတာတွေ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ ရောင်စုံကွက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇ ၊ ၄

ကံကောင်းစေတဲ့ အရပ် - တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ

ယတြာ - မွေးနေ့မနက် ၉ နာရီ အိမ်က ဘုရားမှာပဲ အုန်းနို့ခေါက်ဆွဲနဲ့ နွားနို့အပူတစ်ခွက် ကပ်လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အကြီးအကဲတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ပတ်သက်လို့ အလုပ်မှာ ထိခိုက်နစ်နာစရာ ဖြစ်တတ်တယ်။ ဥပဒေနဲ့ ငြိစွန်းတာတွေ လုံးဝ ရှောင်ရမယ့် ကာလ ဖြစ်တယ်။ အမှားအယွင်း ဖြစ်ရင် ကိုယ့်မှာ ပြဿနာကြီးသွားနိုင်တယ်။ အလုပ်မှာ မရေရာတဲ့ မှန်းရခက်တဲ့ အခြေအနေတွေ အမျိုးမျိုး ဖြစ်လာနိုင်တယ်။

ကျန်းမာရေး - အစာ မကြေတာ ၊ ခြေ/ ခါး ထိခိုက်မှု ဖြစ်တာ၊ သွေးအားနည်းတာတွေ ဖြစ်တတ်ပါတယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးကံ ကောင်းမွန်မယ့် ကာလ ဖြစ်တယ်။ အဆင့်အတန်း မြင့်မားသူ၊ ကိုယ့်ထက် ကြီးသူနဲ့ ဆုံဆည်းရတတ်တယ်။ စုံတွဲတွေကြားမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ချိန် များမယ်။ မိသားစုတွင်းမှာ သတင်းကောင်းတွေ ကြားရတတ်တယ်။ ပြင်ပလူမှုရေးမှာ ကိုယ်လုပ်သမျှ လိုက်လံဝေဖန်သူတွေ ပေါ်လာမယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ရင့် ၊ မီးခိုး၊ အညို

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာအချိန်မှာ လမ်းမြေဖို့တာ ၊ ရွှံ့ဗွက်ထူရာ လမ်းခင်းပေးတာမျိုး လုပ်ပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ကိုယ့်ထက် ကြီးကဲသူတွေကြောင့် မကြာခဏ စိတ်ညစ်ရတတ်တယ်။ အလုပ်အခြေအနေတွေ ကောင်းမွန်ဖို့ ရှိတယ်။ အနှောင့်အယှက်တွေကြား ဖြတ်သန်းပြီးမှ အဆင်ပြေမယ်။ ဘယ်အရာမဆို အလွယ်နဲ့ မရဘဲ ပြောယူ တိုက်ယူနိုင်မှ ရလိမ့်မယ်။ တစ်ပတ်တာလုံး ငွေကြေးကံဇာတာ အကောင်းဘက်မှာ ရှိနေတယ်။

ကျန်းမာရေး - ခေါင်းမူးခေါင်းနောက် ဖြစ်တတ်တယ်။ မျက်စိအားနည်းသူတွေ ပါဝါ တက်နိုင်လို့ သတိပြုရမယ်။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ စုံတွဲတွေကြား ပြဿနာ ဖြစ်လွယ်နေမယ်။ လက်တွဲဖော် ရှာနေသူဆိုရင် ဒီကာလ အဆင်မပြေနိုင်သေးဘူး။ အိမ်ထောင်သည်တွေ ဒီအပတ်မှာ အငြင်းအခုံ၊ ပဋိပက္ခကြောင့် တော်တော်နဲ့ မပြေလည်ဘဲ ဖြစ်တတ်တယ်။ အိမ်တွင်းအပူတွေ များနေပြီး အကြီးအကဲတွေကြောင့်ပါ စိတ်ညစ်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ စိမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၀

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ၊ စနေ

ယတြာ - မွေးနေ့ (အင်္ဂါ) မနက် ၉ နာရီကျော်ရင် အိမ်က ဘုရားမှာ နန်းကြီးသုပ်နဲ့ လက်ဖက်ရည် ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ကိုယ်တိုင်က ကြိုးစားနေပေမယ့် ရလဒ်ပိုင်းမှာ ညံ့နေမယ်။ အလုပ်တွေ မကောင်းဘဲ စိတ်ညစ် ပူပန်ရတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ဖိစီး လူပင်ပန်းရလိမ့်မယ်။ အကျိုးအမြတ်ကျတော့ အားနည်းပြီး စိတ်ပျက်စရာ ဖြစ်မယ်။ စပ်တူရှယ်ယာအလုပ်တွေ အကျိုးမပေးပါ။ ငွေရေးကြေးရေးမှာ စိတ်ညစ်ပြီးမှ ရရှိမယ်။

ကျန်းမာရေး - ဘေးဥပါဒ် ဖြစ်လောက်တဲ့အထိ အညံ့ မရှိပေမယ့် အရေပြားနဲ့ အရိုးအဆစ်မှာ အားနည်းမယ်။

လူမှုအိမ်ထောင် - ချစ်သူစုံတွဲနဲ့ အိမ်ထောင်သည်တွေကြားမှာ မကြာခဏ ကတောက်ကဆတွေ များလာမယ်။ အဲဒီအတွက်လည်း စိတ်ပင်ပန်းရလိမ့်မယ်။ လက်တွဲဖော် ရှာနေသူတွေမှာလည်း ရည်ရွယ်တာနဲ့ ဖြစ်လာတာက လွဲနေတတ်တယ်။ အပေါင်းအသင်းကဏ္ဍမှာ မပြေလည်မှုတွေ ကြုံရမယ်။ ရင်းနှီးသူတွေနဲ့ အဆင်မပြေဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးရောင် ၊ အနီတောက်တောက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ တနင်္ဂနွေ

ယတြာ - မွေးနေ့ မနက် ၉း၄၅ မိနစ် အိမ်က ဘုရားမှာ ထီးနီတစ်လက်နဲ့ ရွက်လှ ၄ ညွှန့်နဲ့ လှူဒါန်းပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ဒီတစ်ပတ် အလုပ်အကိုင် စီးပွားရေးကံ အားနည်းနေတယ်။ လုပ်ကိုင်သမျှ အပျက်အစီးက ပို များလိမ့်မယ်။ ပြင်ပပယောဂ မကင်းတဲ့အနှောင့်အယှက်က စီးပွားရေးကို ဝင်မွှေတတ်တယ်။ ဒါပေမယ့် ဖြစ်သမျှ အကြောင်းအားလုံးက ကောင်းဖို့ ဖြစ်လာတာပါပဲ။ ငွေကြေးကိစ္စမှာ မလိုအပ်ဘဲနဲ့စွန့်စားတာမျိုးကို ရှောင်ရမယ်။

ကျန်းမာရေး - ခြေချော်ကျတာ၊ မတော်တဆ ထိခိုက်တာမျိုး ဖြစ်တတ်တယ်။ နေထိုင်စားသောက်မှု သတိပြုပါ။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ စိတ်မကောင်းစရာတွေ ပေါ်ထွက်လာမယ်။ နှစ်ဦးကြားမှာ နားလည်မှုတွေ မပေးနိုင်တော့လို့ လမ်းခွဲပြတ်စဲရသည်အထိ ဖြစ်တတ်တယ်။ မမျှော်လင့်တဲ့ ပြဿနာတွေ ဝင်လာတတ်တယ်။ လူမှုဆက်ဆံရေးမှာ ရိုးသားမှု မရှိသူတွေ ပေါ်လွင်လာမယ်။ ကိုယ့်အနားကနေ အလိုလို ထွက်သွားရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ကောင်းကင်ပြာ၊ အပြာရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၀ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ

ယတြာ - ဗုဒ္ဓဟူးနေ့ ညနေစောင်းမှာ နွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် ဆေးဝါး လှူပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ခေါင်းခဲစရာ ပြဿနာတွေ ပေါ်လာတတ်တယ်။ အလုပ်မှာ ရန်သူ၊ ပြိုင်ဘက် ဒုက္ခပေးသူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အသက်မွေးဝမ်းကျောင်းအတွက် ပူပန်ရ ၊ စိတ်ရှုပ်ရ ဖြစ်မယ်။ ကိုယ့်အပေါ် မရိုးသားသူတွေ မလိမ့်တပတ် လုပ်သူတွေ ရှိနေတတ်တယ်။ ငွေအလွယ်ပေါ်တဲ့ အလုပ်ထက် ရေရှည်ကို မျှော်ကြည့်ဖို့ လိုမယ်။

ကျန်းမာရေး - အကြောအချဉ်တွေ ထိုင်းမှိုင်းတာနဲ့ အညောင်းမိပြီး ပင်ပန်းတဲ့ ဒဏ်တွေ ခံစားရတတ်တယ်။

လူမှုအိမ်ထောင် - တစ်ဦးထက် မကတဲ့ နှလုံးသားရေးကိစ္စတွေ ပေါ်လာတတ်တယ်။ အချစ်ရေးမှာ အပြိုင်တွေ ရှိလာမယ်။ ရွေးရခက်တာ ၊ စဉ်းစားရ ကျပ်တာတွေ ဖြစ်မယ်။ ချစ်သူ၊ စုံတွဲတွေကြား သံသယတွေ ပိုများမယ်။ နားလည်မှု ပိုပေးနိုင်မှ အဆင်ပြေမယ်။ အပေါင်းအသင်းတွေ၊ အကြီးအကဲတွေရဲ့ ကူညီမှုကို ရရှိလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အပြာဖျော့ ၊ စိမ်းနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူး

ယတြာ - မွေးနေ့ (ကြာသပတေး) နေ့မှာ သီလရှင်ဆရာကြီးတစ်ပါးကို စားစရာနဲ့ ငွေကြေးတွေ လှူဒါန်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - စီးပွားဖြစ်ပြီး အလုပ်အကိုင်တွေ ကောင်းမယ့် သီတင်းပတ် ဖြစ်တယ်။ ကိုယ်ကြံစည်သမျှက အောင်မြင်စွာနဲ့ အကောင်အထည် ပေါ်လိမ့်မယ်။ ကိုယ်တိုင်ကလည်း အင်တိုက်အားတိုက်နဲ့ စွန့်စွန့်စားစားကို လုပ်ချင်ကိုင်ချင်စိတ် ဖြစ်နေမယ်။ အခက်အခဲလေးတွေ ရှိတတ်ပေမယ့် အလွယ်တကူ ကျော်ဖြတ်နိုင်မယ်။

ကျန်းမာရေး - ဖြစ်ချင်စိတ် များပြီး မနားမနေ အလုပ်လုပ်လွန်းလို့ သေချာ စားသောက် အနားယူပေးရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ စိတ်တိုင်းကျ ပျော်ရွှင်စရာတွေ ဖန်တီးနိုင်မယ်။ အချစ်ရှာနေသူတွေတော့ ကံမကောင်းနိုင်သေးပါ။ စုံတွဲတွေကြားမှာ ကြည်နူးချမ်းမြေ့စရာတွေ ရှိလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့ အကူအညီ မရနိုင်ဘဲ ကိုယ်ကချည်း ပေးဆပ်နေရတတ်တယ်။ အများအတွက် အချိန်ပေးရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အပြာဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္ဂနွေ

ယတြာ - ကိုယ့်ထက် ကြီးကဲသူ ဆရာသမားတစ်ဦးအတွက် သူ လိုအပ်တာတစ်ခုခုကို ဝယ်လှူပေးလိုက်ပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေ စီးပွားရေးအခြေအနေတွေ ကောင်းပေမယ့် ကိုယ့်ကို အံတု ယှဉ်ပြိုင်သူတွေလည်း များလာလိမ့်မယ်။ နေရာတည်မြဲရေး၊ ရာထူး ခိုင်မာရေးအတွက် ရုန်းကန်ရမယ်။ အနှောင့်အယှက်တွေ များမယ်။ ဒါပေမယ့် လူကြီးသူမနဲ့ အုပ်ချုပ်မှုပိုင်းက ကိုယ့်ကို ကာကွယ်ပေးမယ်။ အပင်မြင့်လေ လေတိုက်ခံလေ ဖြစ်မယ်။

ကျန်းမာရေး - ရောဂါအခံ ရှိသူတွေ ဂရုစိုက်ရမယ်။ မကျန်းမမာ ဖြစ်တတ်ပေမယ့် ခဏနဲ့ ပြန်သက်သာမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးနဲ့ ပတ်သက်လို့ ဒီအပတ်မှာ ကံဇာတာ ညံ့တတ်တယ်။ ချစ်သူစုံတွဲတွေကြားမှာ နားလည်မှု မရဘဲ ပြဿနာ ဖြစ်လွယ်နေမယ်။ စိတ်ထိခိုက်စရာတွေ ကြုံရတတ်တယ်။ ပြဿနာဟောင်းတွေက အသစ်တဖန် ပြန်ပေါ်လာတတ်တယ်။ မိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း မသင့်မတင့် ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ ကောင်းကင်ပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ စနေ

ယတြာ - အင်္ဂါနေ့ မနက်ပိုင်းမှာ သံဃာတစ်ပါးကို လိုအပ်တဲ့ ဆေးဝါးပစ္စည်း လှူဒါန်းရင်း လိုရာဆုတောင်းပါ။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..