
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်တာ အလုပ်၊ စီးပွားကံ ကောင်းမွန်လိမ့်မယ်။ ငွေကြေးအရ အကျိုးအမြတ်လည်း ရှိပြီး ကိုယ့်အတွက်လည်း နာမည်ရ ၊ အောင်မြင်မယ့် လုပ်ငန်းတွေ လုပ်ရမယ်။ ဘယ်အလုပ်မဆို ခပ်မြန်မြန် စဉ်းစား ဆုံးဖြတ် လုပ်ကိုင်ရမယ်။ ယှဉ်ပြိုင်ရတာတွေ၊ ပင်ပန်းတာတွေ ရှိပေမယ့် အမြတ်အစွန်း သိပ်ကောင်းလိမ့်မယ်။
ကျန်းမာရေး - ဒူးနာတာ၊ နှလုံးအားနည်းတာ၊ အကြောတွေ တင်းမာတာ စတဲ့ ဝေဒနာမျိုး ခံစားရတတ်တယ်။
လူမှုအိမ်ထောင် - မေတ္တာရေးနဲ့ အလုပ်ကြားမှာ လွန်ဆွဲစရာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် အချစ်ရေးကဏ္ဍမှာ အများအားဖြင့် စိတ်ချမ်းသာရပါလိမ့်မယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ဆီက အကူအညီတွေ ရတတ်သလို သူတို့ရဲ့ ကံဇာတာလည်း ကောင်းနေတတ်တယ်။ ပြင်ပဆက်ဆံရေးမှာတော့ လက်အောက်ငယ်သားတွေကို သတိပြုပါ။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ပုလဲနှင့် ဆင်စွယ်ရောင်များ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၃ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ
ယတြာ - တနင်္လာနေ့ မနက်ပိုင်းမှာ သီလရှင်လေးတွေကို ငွေ တတ်နိုင်သလောက် ဒါနပြု လှူဒါန်းပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - စိတ်ကူးဆန္ဒတွေ လက်တွေ့ အကောင်အထည်ပေါ် ပြည့်ဝမယ့် သီတင်းပတ် ဖြစ်တယ်။ အလုပ် ၊ စီးပွားဘက်မှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရလာနိုင်တယ်။ အကူအညီ ပံ့ပိုးမှုတွေလည်း ရရှိမယ်။ ဘယ်လိုပဲ ခက်ခဲပါစေ အခြေအနေတိုင်းမှာ ကိုယ်က အသာစီးရမယ်။ ကျွမ်းကျင်ရာ အတတ်ပညာနဲ့ အရည်အချင်းတွေကို အသုံးချနိုင်မယ်။ ငွေကြေးပိုင်းမှာတော့ သောင်မတင်၊ ရေမကျ ဖြစ်မယ်။ စဉ်းစားရ ကျပ်တာတွေ ဖြစ်လာနိုင်ပြီး လက်ထဲ ငွေမမြဲတာ၊ ရှာသမျှ အဖတ်မတင်တာမျိုး ဖြစ်တတ်တယ်။ အသုံးအစွဲ သတိထား ဆင်ခြင်ရလိမ့်မယ်။
ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာရေး ကောင်းနေလိမ့်မယ်။ ရောဂါဝေဒနာရှိရင်လည်း သက်သာမယ်။
လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ သည်းခံမှု၊ စိတ်ရှည်မှုတွေက သော့ချက် ဖြစ်တယ်။ ရေရှည် လက်တွဲတွေ ခိုင်မြဲလာဖို့ ရှိပေမယ့် အပျော်တွဲ၊ ယာယီကိစ္စတွေဆို ပြဿနာ များလိမ့်မယ်။ ချစ်သူဆီက အဖြေ စောင့်နေသူတွေ စိတ်ရှည်ရဦးမယ်။ အိမ်ထောင်ရှင်တွေတော့ စကားမှား၊ ကတိပျက်လို့ စိတ်ညစ်ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အသေးအဖွဲ အကူအညီလေးတွေ ရရှိမယ်။ သိပ်မရင်းနှီးသူတွေ ကူညီလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ကောင်းကင်ပြာ ၊ အနီရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ သောကြာ
ယတြာ - မွေးနေ့ မနက် ၉ နာရီ အိမ်က ဘုရားမှာ သစ်သီးတွေနဲ့ ဆွမ်းကပ်ပါ။ စံပယ်ပန်းတွေ ဘုရား လှူပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ ကိုယ်ဖြစ်ချင်တာ ၊ လုပ်ချင်တာတွေကို တဇွတ်ထိုး မလုပ်ဘဲ ကျွမ်းကျင်သူ၊ ဆရာ စတဲ့ တိုင်ပင်ဖက်တွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ပါ။ မာန်မာနတွေ၊ အတ္တကြီးတာတွေ လျှော့နိုင်ရင် အလုပ်အကိုင်ကိစ္စ အဆင်ပြေမယ်။ နေရာတကာ စိတ်မြန်လက်မြန်နဲ့ ဇွတ်တရွတ် လျှောက်လုပ်ရင်တော့ ဒီအပတ် စီးပွားရေးကံက အညံ့ဘက် ဦးတည်သွားလိမ့်မယ်။ အနားက မိတ်ဆွေ၊ ဆရာသမားတွေနဲ့ လုပ်ချင်တာကို တိုင်ပင်ပြီးမှ လုပ်ပါ။ ငွေကြေးကိစ္စမှာ ဘယ်လောက် ဝင်ဝင် ပူအောင် မကိုင်ရဘဲ ပြန်ထွက်သွားမယ်။ ငွေမြဲဖို့ စုဖို့က ခက်ခဲနေမယ်။
ကျန်းမာရေး - အာရုံတွေ များပြီး စိတ်ညစ်ခံလို့ ရုပ်ကျန်းမာရေးပါ ထိတတ်တယ်။ စိုးရိမ်စရာတော့ မဟုတ်ပါ။
လူမှုအိမ်ထောင် - အချစ်ရေးမှာ ဆူဆူပူပူတွေ တကျက်ကျက် စကားများရတာတွေ ဖြစ်တတ်တယ်။ နှစ်ဦးကြား နားလည်မှု နည်းပြီး အပြစ်ရှာလွယ်နေမယ်။ ဒါပေမယ့် ပြတ်စဲတဲ့ထိတော့ မဖြစ်နိုင်ပါ။ အိမ်ထောင်ရေးကိစ္စမှာက စိတ်ထဲ မသင်္ကာတာ၊ ဒွိဟ ဖြစ်တာတွေ ရှိလာမယ်။ ဆုံးဖြတ်ရ ခက်တာ ဖြစ်မယ်။ ဒီအပတ်မှာ အုပ်စုဖွဲ့ အများနဲ့ တွဲလုပ်တဲ့ လူမှုကိစ္စ၊ အလုပ်ကိစ္စမှန်သမျှ သတိထားရမယ်။ ကိုယ့်ကို အကျော်အခွ လုပ်သွားတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အနီနှင် ဆက်စပ်အရောင်များအားလုံး
ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၁
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ
ယတြာ - သောကြာနေ့ မနက်စောစော အိမ်ကဘုရားမှာ ဆီဆမ်း ၊ သကြားဖြူးထားတဲ့ ဆွမ်းကို ကပ်လှူပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွားကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ဘက်မျှအောင် စဉ်းစားပေးရမယ့် သီတင်းပတ်ပါပဲ။ ဒီအပတ် လုပ်သမျှ အလုပ်တိုင်းမှာ ကိုယ့်အကျိုးထက် သူများအကျိုးစီးပွားကိုလည်း ပြန်ကြည့်ပေးရလိမ့်မယ်။ အလုပ်ကံ ပုံမှန်လေး ရှိနေပြီး အကောင်း၊ အဆိုး မထင်ရှားတဲ့ ကာလ ဖြစ်တယ်။ ဒါပေမယ့် ပြဿနာဟောင်း၊ ကိစ္စဟောင်းတွေကြောင့် အလုပ်မှာ အနှောင့်အယှက် ဖြစ်တတ်တယ်။ ငွေကြေးကံတော့ ကောင်းဖို့ ရှိတယ်။
ကျန်းမာရေး - ဒီအပတ် မမျှော်လင့်ဘဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။ မတော်တဆမှုတွေ သတိထားရမယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ နှစ်ဦးကြား အဖုအထစ်တွေ ပြေလည်သွားမယ်။ နားလည်မှု ပြန်ယူနိုင်မယ်။ အိမ်ထောင်ရေးကိစ္စမှာတော့ စိတ်ညစ်စရာတွေကြားက ဖြတ်သန်းရမယ်။ တစ်ခုခုပြဿနာ ဖြစ်ရင် တော်တော်နဲ့ မပြီးဘဲ ကြာလိမ့်မယ်။ ခွဲနေရရင် ကောင်းပြီး နီးနီးကပ်ကပ် နေရင် တကျက်ကျက် ဖြစ်မယ်။ မိတ်ဆွေကဏ္ဍမှာ ကူညီဖေးမမယ့်သူ ရှိမယ်။ ကိုယ့်အတွက် အထောက်အကူ ပေးမယ့်သူတွေ ပေါ်လာလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ရွှေအိုရောင် ၊ အနီဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၁
ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ အင်္ဂါ
ယတြာ - မွေးနေ့မှာ အိမ်က ဘုရားကို ကျကျနန ရေသပ္ပါယ်ပေးပြီး ရွှေအသစ် ထပ်ချ ကုသိုလ်ယူပါ။
ရာဟုဖွား
အလုပ်အကိုင် - လုပ်ငန်းမှာ မလိုလားအပ်တဲ့ကိစ္စတွေကြောင့် နှောင့်နှေးကြန့်ကြာတာ၊ အပိုတွေ ကုန်ကျတာမျိုး ဖြစ်လာတတ်တယ်။ အလုပ်ထဲမှာ ဘက်လိုက် ဖိအားပေး စေခိုင်းမှုတွေ ရှိတတ်တယ်။ လုပ်နေကျအလုပ်တွေက ဟိုဟာမပြီး ဒီဟာမပြတ်နဲ့ ဖြစ်လိမ့်မယ်။ တစ်ပိုင်းတစ်စတွေ ဖြစ်ကျန်လို့ အပြောခံရတတ်တယ်။ စီးပွားရေးကိစ္စ မကျေလည်စရာ၊ ဒေါသထွက်စရာတချို့ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စမှာတော့ အတန်သင့်ပြေလည်လိမ့်မယ်။
ကျန်းမာရေး - အစားအသောက် မဆင်ခြင်တာ၊အပင်ပန်းခံလွန်းတာတွေကြောင့် မကျန်းမမာ ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - လူမှုရေးကဏ္ဍမှာ မကောင်းတဲ့ မိတ်ဖက်နဲ့ အပေါင်းအသင်းတွေကြောင့် စိတ်ညစ်ရလိမ့်မယ်။ အပေါင်းကြောင့် ဂုဏ်မတက်ဘဲ ဂုဏ်ပျက်ရတတ်တယ်။ ဒါပေမယ့် နှလုံးသားရေးမှာတော့ စိတ်ချမ်းသာရမယ်။ အိမ်ထောင်သည်တွေလည်း အေးချမ်းမယ့် ကာလ ဖြစ်တယ်။ စကားအပြောအဆိုကို ဆင်ခြင်ဖို့ လိုလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်းရင့် ၊ ရွှံ့ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆ ၊ ၈
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ၊ အင်္ဂါ
ယတြာ - ဗုဒ္ဓဟူးနေ့ မွန်းလွဲပြီးရင် ဘုန်းကြီးကျောင်းက သံဃာသုံး ကုဋီတွေကို သန့်ရှင်းရေးကုသိုလ်ယူပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ ကြိုးစားထားတဲ့ လုပ်ငန်းတွေဆီက အကျိုးအမြတ် ခံစားခွင့်တွေ ရရှိလာလိမ့်မယ်။ လုပ်နေတဲ့ အလုပ်တွေ အထိုင်တကျ ဖြစ်လာပြီး ရည်မှန်းထားတာတွေလည်း လက်တွေ့ကျကျ ပေါ်ပေါက်မယ်။ ဒါပေမယ့် စိတ်များတာ၊ ကိုယ့်ကိုကိုယ် မယုံမရဲ ဖြစ်တာတွေကိုတော့ သတိပြုပါ။ အလုပ်မှာ အာရုံ နည်းပါးတာ၊ ပေါ့ပေါ့ဆဆ တွက်မိတာတွေ ရှောင်ရမယ်။ ဒီအပတ် ငွေရေးကြေးရေးကံတော့ အလွန် ထူးခြားလာနိုင်တယ်။
ကျန်းမာရေး - တစ်ပတ်လုံးကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါပဲ။ ဒါပေမယ့် ၁၃ နဲ့ ၁၇ ရက်တွေမှာ သတိထားပါ။
လူမှုအိမ်ထောင် - အိမ်ထောင်ရှင်များအတွက် ဒီအပတ်က သာယာချမ်းမြေ့ပြီး စီးပွားလာဘ်လာ ရွှင်လန်းမယ့် ကာလ ဖြစ်တယ်။ စိတ်ချမ်းသာစရာ သတင်းတွေ ကြားရမယ်။ ပျော်စရာတွေ ပွဲလေးတွေ ပေါ်ပေါက်လိမ့်မယ်။ ချစ်သူရည်းစားကိစ္စမှာတော့ ဒီအပတ်က စိတ်ခုစရာလေးတွေ ဖြစ်မယ်။ ပြီးတော့လည်း ပြန်ပြေလည်လိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းကဏ္ဍမှာ စိတ်အခန့်မသင့်စရာတွေ၊ ဒေါကန်စရာတွေ ရှိပေမယ့် အဆင်ပြေပါမယ်။
ကံကောင်းစေတဲ့ အရောင် - ကြက်သွေးရောင်၊ ဆင်စွယ်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ အင်္ဂါ
ယတြာ - မွေးနေ့ မနက် အိမ်ကဘုရားမှာ သြဇာ ၈ ညွှန့်နဲ့ ဆီဆမ်းဆားဖြူး ဆွမ်းကို ကပ်လှူ ပူဇော်ပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ် အလုပ်ကိစ္စမှာ အောင့်အီးသည်းခံရတာတွေ များမယ်။ ကိုယ်က ဘယ်လောက်ထိပဲ ကြိုးစားထားပါစေ ရလဒ်ပိုင်းမှာ အားနည်းလိမ့်မယ်။ စိတ်ထဲ မကျေလည်စရာတွေ၊ လုပ်တိုင်း မဖြစ်တာတွေပါ ကြုံရတတ်တယ်။ လုပ်ငန်းစီးပွားကိစ္စမှာ အလိုမကျမှု များတတ်သလို အစိုးရ၊ အကြီးအကဲ စတာတွေနဲ့လည်း အဆင်မပြေ ဖြစ်လွယ်နေမယ်။ ဒါပေမယ့် ကိုယ့်ဘက်က စိတ်ရှည်လက်ရှည် ထားပေးရင် တော်ရုံခက်ခဲမှုတွေ ပြေလည်သွားပါလိမ့်မယ်။ ငွေကြေးပိုင်းမှာ ရလိုက်ကုန်လိုက်နဲ့လည်နေမယ်။ အရှုပ်အရှင်းတွေ ဖြစ်တတ်တယ်။
ကျန်းမာရေး - သွားနာတာ၊ သွားကိုက်တာတွေ ဖြစ်တတ်တယ်။ အစားအသောက် မှားတတ်တယ်။
လူမှုအိမ်ထောင် - စုံတွဲတွေအဖု့ိ ကိုယ့်လက်တွဲဖော်ရဲ့ ဂဏှာမငြိမ် ဖြစ်တာကို သတိထားမိမယ်။ အချစ်ရေးကံ အကောင်းအဆိုး မြန်ဆန်နေလိမ့်မယ်။ အိမ်ထောင်သည်တွေဆိုရင် တစ်ဖက်သားရဲ့ဖိအားပေးလွှမ်းမိုးမှုတွေကို ခံစားရတတ်တယ်။ သူတပါးက ကိုယ့်မိသားစုအရေး ကြားဝင်အာချောင်တတ်တယ်။ အပြင်စကား သတိထားပါ။ ဒီအပတ်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီ ရမယ်။ လူမှုရေးကိစ္စ အသွားအလာတွေ ရှိလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ အပြာနု
ကံစမ်းနိုင်တဲ့ ဂဏန်း - ၉ ၊ ၃
ကံကောင်းစေတဲ့ အရပ် - မြောက်၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ
ယတြာ - မွေးနေ့ ညနေစောင်းမှာ ကျီး (သို့မဟုတ်) ခွေးအညို၊ အနက်ကို ထန်းလျက်ခဲ ၁၀ ခွဲ ကျွေးလိုက်ပါ။
စနေနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းပုံစံနဲ့ လုပ်နည်းလုပ်ဟန် ပြောင်းလဲတာ၊ အလုပ်နေရာဌာန ရွှေ့ပြောင်းရတာမျိုးတွေ ဒီအပတ်မှာ ဖြစ်ပေါ်လာတတ်တယ်။ လုပ်နေကျ အလုပ်တွေ ပြီးဆုံးပြီး အသစ်တွေ စတင်ရင် ကောင်းမယ်။ လက်ရှိအလုပ်ကိုပဲ အရင်ပုံစံအတိုင်း ဆက်လုပ်နေရင်တော့ အခြေအနေ မဟန်ဘဲ ဖြစ်လိမ့်မယ်။ အလုပ်ထဲမှာ အတိုက်အခံ ၊ အပြိုင်အဆိုင်တွေ များလာတတ်တယ်။ အခြေအတင်တွေလည်း ပြောရလိမ့်မယ်။ ငွေကြေးကံ သင့်တင့်ပေမယ့် ဒီအပတ်မှာ ကြံဖန်ပြီး ကုန်ကျစရာတွေက များနေမယ်။ အဖတ်မတင်အောင် ဖြစ်လိမ့်မယ်။
ကျန်းမာရေး - မတော်တဆထိခိုက်မှု ဖြစ်တတ်တယ်။ သွေးထွက်သံယိုကိန်း ရှိတယ်။ အနက်ရောင် ရှောင်ပါ။
လူမှုအိမ်ထောင် - လူပျိုအပျို ဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ဒီအပတ် နှလုံးသားရေးမှာ နာကျင်ခံစားရတာ သိပ်များလိမ့်မယ်။ ကြားစကားတွေ၊ အနှောင့်အယှက်တွေ ရှိမယ်။ သတိထားရမယ်။ နေရာတကာ မယုံလွယ်ဖို့ သတိထား ဆက်ဆံဖို့လိုလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်း ဒုက္ခပေးတတ်တယ်။ သူတို့ကြောင့် စိတ်ညစ်မယ်။
ကံကောင်းစေတဲ့ အရောင် - လိမ္မော်ရင့် ၊ အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ၊ တနင်္ဂနွေ
ယတြာ - တစ်ပတ်လုံး အသုဘ၊ ဆေးရုံ၊ နာရေးအိမ် မသွားပါနဲ့၊ အိမ်က ဖိနပ်၊ ထီးအဟောင်းတွေ စွန့်ထုတ်ပါ။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။