၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၁.၁၀.၂၀၂၀ မှ ၁၇.၁၀.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-10-11

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - အတိုက်အခိုက်တွေ၊ ရန်လိုခြေထိုးမှုတွေ ကြုံတတ်တဲ့ သီတင်းပတ် ဖြစ်တယ်။ အလုပ်ထဲမှာ မပျော်ဘဲ ဖြစ်နေမယ်။ ဝန်ထမ်းဆို အလုပ်ထွက်ချင်စိတ် များနေတတ်ပြီး လုပ်ငန်းရှင်တွေလည်း အဆင်မပြေ ဖြစ်လိမ့်မယ်။ ဒါပေမယ့် မိတ်ဆွေ၊ ဆရာသမားတွေဆီက အကူအညီ ရမယ်။ ငွေကြေးကံ ပုံမှန်ပဲ ရှိလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်အတွင်း ကျန်းမာရေး ဂရုစိုက်ရမယ်။ ရုတ်တရက် နေထိုင်မကောင်း ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့ အဆင်ပြေပေမယ့် အိမ်တွင်းမိသားစုရေးမှာ စိတ်ပူစရာတွေ များလာမယ်။ အချင်းချင်းလည်း မကျေလည်စရာတွေ ဖြစ်မယ်။ နှလုံးသားရေးမှာ စိတ်ညစ်၊ ဝမ်းနည်းစရာတွေပဲ ကြုံရတတ်တယ်။ ပြဿနာတွေ ဖြစ်လွယ်ချိန်မို့ အပြောအဆို ဆင်ခြင်ရမယ်။ လမ်းခွဲရတာတွေ ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ဖျော့ ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ ဗုဒ္ဓဟူး

ယတြာ - မွေးနေ့ (တနင်္ဂနွေ) မနက် ၉ နာရီ၊ အိမ်က ဘုရားမှာ ပေါက်စီ ၅ လုံးနဲ့ လက်ဖက်ရည် လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ လုပ်ငန်း၊ စီးပွားရေးကိစ္စတွေမှာ အေးအေးသက်သာနေလို့မရဘဲ အတိုက်အခိုက် ယှဉ်ပြိုင်မှုတွေ များလာနိုင်တယ်။ အလုပ်တွေလည်း အရင်ထက်ပိုများလာပြီး မရပ်မနားကို လုပ်ကိုင်ရလိမ့်မယ်။ ဝန်ထမ်းတွေ အခြေအနေ ကောင်းပေမယ့် စီးပွားရေးသမားဆို အပြိုင်အဆိုင် များမယ်။ ငွေကံကောင်းနိုင်တယ်။

ကျန်းမာရေး - မတော်တဆ ထိခိုက်ဒဏ်ရာ ဖြစ်တတ်တယ်။ မီး၊ လျှပ်စစ်၊ အပူတွေနဲ့ ပတ်သက်ရင် သတိပြုပါ။

လူမှုအိမ်ထောင် - ဒီအပတ် နှလုံးသားရေးကိစ္စမှာ စိတ်ထဲ မကျေမချမ်း ဖြစ်တတ်တယ်။ သံသယတွေကြောင့်ပါ ပူလောင်ရလိမ့်မယ်။ အပြိုင်တွဲတာ၊ အကြောခံရတာတွေ ဖြစ်ပွားတတ်တယ်။ အိမ်ထောင်ရှင် ဆိုရင်တော့ သိပ် မသိသာဘဲ ဖြစ်မယ်။ လူမှုရေးမှာ အပေါင်းအသင်းကောင်းကျိုးကို ခံစားရမယ်။ မိသားစုအရေး အေးချမ်းမယ်။

ကံကောင်းစေတဲ့ အရောင် - အနီနှင့် ဆက်စပ်အရောင်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ - မွေးနေ့ (တနင်္လာ) ညနေစောင်းမှာ လမ်းဘေးခွေးလေးတွေကို ကိုယ်တိုင် အစာကျွေး ကုသိုလ်ယူပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - အရင်နဲ့မတူဘဲ လုပ်ရဲကိုင်ရဲ စွန့်စားရဲတဲ့ စိတ်တွေ ပေါ်လာမယ်။ အလုပ်တွေလည်း ပိုပြီးတော့ ကြိုးစားမိလိမ့်မယ်။ ကြိုးစားသလောက်လည်း အောင်မြင်မှုတွေ ရမယ်။ ဝန်ထမ်းဆိုရင်တော့ သိပ်မထူးသေးဘဲ လုပ်ငန်းရှင်တွေမှာ အတော်လေး အဆင်ပြေလာနိုင်တယ်။ ငွေကြေးလာဘ်လာဘလည်း ရွှင်လန်းလာလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေး ဘာမှ သိပ်ပူစရာ မရှိပါဘူး။ အစာအိမ်နဲ့ ပတ်သက်တာ ဂရုစိုက်ပါ။

လူမှုအိမ်ထောင် - ဒီအပတ်မှာ မိတ်ဆွေကဏ္ဍနဲ့ ပတ်သက်လို့ စိတ်ညစ်စရာတွေ များတတ်တယ်။ တစ်ယောက် နဲ့ တစ်ယောက်ကြား နားလည်မှု လွဲပြီး ပြဿနာ ဖြစ်လွယ်မယ်။ ဒါပေမယ့် မိသားစု၊အိမ်တွင်းရေးတော့ သာယာ အေးချမ်းမှု ရှိမယ်။ အကူအညီတွေလည်း ရမယ်။ နှလုံးသားရေးမှာလည်း စန်းပွင့်ပြီး လိုရာဆန္ဒ ပြည့်ဝလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၁ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ

ယတြာ - မွေးနေ့ (အင်္ဂါ) မနက်စောစော အိမ်ကဘုရားကို ရေသပ္ပါယ်ပြီး သြဇာ ၆ ညွှန့် ကပ်လှူပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - စပ်တူရှယ်ယာအလုပ်တွေ အကျိုးပေးတတ်တယ်။ လုပ်ထားတဲ့ အလုပ်တွေ အကောင်အထည် ပေါ်ပြီး အဆင်ပြေလာမယ်။ ဝန်ထမ်းဆို သိပ်မထူးခြားပေမယ့် စီးပွားရေးသမားတွေမှာ ကံကောင်းမယ့် ကာလ ဖြစ်တယ်။ ဒါပေမယ့် နေရာထိုင်ခင်းကိစ္စနဲ့ အစိုးရအာဏာပိုင်ကိစ္စတွေမှာ စိတ်ညစ်စရာတချို့ ဖြစ်လာနိုင်တယ်။

ကျန်းမာရေး - ထူးထူးခြားခြား အညံ့ မရှိပေမယ့် ပစ်စလတ်ခတ် နေထိုင်လို့ မသင့်သေးတဲ့ကာလ ဖြစ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ် လူမှုကဏ္ဍမှာ မိတ်ဆွေအပေါင်းအဖော်နဲ့ ပတ်သက်လို့ အဆင်မပြေတာတွေ များပြီး ကိုယ့်ကိုပါ ဒုက္ခ ပေးတတ်တယ်။ အိမ်တွင်းရေး၊ မိသားစုရေးမှာတော့ ပုံမှန်ပဲ ရှိလိမ့်မယ်။ ချစ်သူ၊ရည်းစားကဏ္ဍ စိတ်ပင်ပန်းစရာတွေ များလာနိုင်တယ်။ ထစ်ခနဲရှိ ရန်ဖြစ်၊ စကားများတတ်တယ်။ စိတ်လျှော့သည်းခံရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေရောင် ၊ လိမ္မော်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ အင်္ဂါ

ယတြာ - မွေးနေ့မှာ လင်ဗန်းထဲ လက်ဖက်အသား ၅ ပုံနဲ့အလင်းတိုင် ၆ တိုင် ပတ်ထွန်းပြီး ဘုရားကို ပူဇော်ပါ။

ရာဟုဖွား

အလုပ်အကိုင် - အရင်က ကြိုးစားထားတဲ့ အလုပ်တွေ ဒီအပတ်မှာ အောင်မြင်လာမယ်။ ဒါပေမယ့် လူအများနဲ့ တွဲလုပ်တဲ့ အလုပ်တွေမှာ သတိထားရမယ်။ အထင်လွဲခံရတာ၊ ကိုယ့်ကို ကျော်ခွတာမျိုး ခံရတတ်တယ်။ စီးပွား အလုပ်ကိစ္စတွေမှာ ဘောင်ဝင်ဖို့ လိုအပ်မယ်။ ဥပဒေနဲ့ မကင်းတာတွေဆို ဒီအပတ်မှာ ရှောင်ကျဉ်ရလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်လုံး ဘေးကင်းကျန်းမာဖို့ များတယ်။ ကိုယ်တွင်းကိုယ်ပ ဘေးကင်းကျန်းမာမယ်။

လူမှုအိမ်ထောင် - အိမ်တွင်းရော အိမ်ပြင်ပါ လူမှုရေး မိသားစုရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ များမယ်။ အထူးသဖြင့် မိသားစုထဲမှာ ဝမ်းနည်းစရာကိစ္စတွေ ပေါ်လာတတ်တယ်။ လူငယ်တွေ အချစ်ရေးမှာ ပြဿနာ အဖြစ် များမယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရနိုင်အောင် ပြဿနာတွေက ခဏခဏ ဖြစ်လွယ်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာရက်မှာ သံဃာတစ်ပါးကို ကိုယ့်နာမည်ထိုးတဲ့ ယပ်တောင် လှူပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အလုပ်၊ စီးပွားတွေ ကောင်းချင်ရက်နဲ့ အဆုံးသတ် မသေချာသလို ဖြစ်နေမယ်။ လုပ်ရကိုင်ရ ခက်ခဲတာတွေ ကြုံရတတ်တယ်။ မိတ်ဆွေတွေရဲ့ အကူအညီ ရပေမယ့် မှန်းသလောက် မဖြစ်ဘဲ့ ကာလမို့လို့ ကြိုးစားသမျှ အရာမထင် ဖြစ်တတ်တယ်။ ငွေကြေးကံဇာတာ မကောင်းလို့ ငွေအတွက် စိတ်ပူပန်ရလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေးကံ အညံ့ကြီး မရှိပါဘူး။ တော်ရုံတန်ရုံဆို ခဏနဲ့ သက်သာပါမယ်။

လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်းကံ၊ ဆရာသမားကံ ကောင်းတဲ့ သီတင်းပတ် ဖြစ်တယ်။ သူတို့ရဲ့ ကူညီစောင့်ရှောက်မှုကို ရလိမ့်မယ်။ ကိုယ်တိုင်ကလည်း အတတ်ပညာ၊ အရည်အချင်းကို အသုံးချနိုင်လိမ့်မယ်။ နှလုံးသားရေးမှာ စိတ်လိုက်မာန်ပါတွေ လုပ်မိတတ်တယ်။ ဒါပေမယ့် ပြန်ပြေလည်ပြီး နားလည်မှု ရရှိလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၃

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - မွေးနေ့ မနက် ၉ နာရီ အိမ်က ဘုရားမှာ ပန်း ၅ မျိုးကို အပွင့်ချည်းချွေပြီး ပန်းကန်ပြားထဲ ထည့်လှူပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - စီးပွားရေးမှာ အကောင်း၊ အဆိုး ဒွန်တွဲနေမယ့် သီတင်းပတ် ဖြစ်တယ်။ ဝန်ထမ်းတွေအဖို့ ကံ ကောင်းတတ်ပေမယ့် လုပ်ငန်းရှင်တွေမှာတော့ သောင်မတင်၊ ရေမကျ အခြေအနေတွေ များလိမ့်မယ်။ အလုပ် လုပ်ရာမှာ အမှားအယွင်း များတတ်တယ်။ ငွေကြေးကိစ္စမှာတော့ ကံကောင်းမယ်။ ကြံဖန်ပြီး အဆင်ပြေမယ်။

ကျန်းမာရေး - ဒီအပတ်မှာ အသွားအလာ ဂရုစိုက်ပါ။ အသွားမတော် တစ်လှမ်းဆိုတဲ့ ကာလ ဖြစ်ပါတယ်။

လူမှုအိမ်ထောင် - ပြင်ပဆက်ဆံရေးမှာ သတိထားရမယ်။ ကိုယ့်ကို မလိုသူတွေ ရှိနေလိမ့်မယ်။ ခြေထိုးရန်ရှာပြီး ချောက်တွန်းတာ ခံရတတ်တယ်။ အိမ်တွင်းရေးမှာလည်း စိတ်ခုစရာတွေ ဖြစ်လာနိုင်တယ်။ နှလုံးသားရေးကံက ကောင်းမွန်နိုင်ပြီး အိမ်ထောင်ရေးမှာလည်း လက်တွဲဖော်ရဲ့ အကူအညီတွေ ရမယ်။ စိတ်လည်း ချမ်းသာရမယ်။

ကံကောင်းစေတဲ့ အရောင် - အနီ၊ အစိမ်းဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ

ယတြာ - တစ်ပတ်အတွင်း အားမယ့်တစ်ရက်မှာ ဘုန်းကြီးကျောင်း၊ သိမ်ထဲ သွားပြီး သန့်ရှင်းရေး လုပ်ပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ စီးပွားကံဇာတာ ကောင်းမွန်နိုင်တယ်။ မိတ်ရင်းဆွေရင်းတွေက ကူညီကြမယ်။ ဒါပေမယ့် ကိုယ်တိုင်က အလိုမကျတာတွေ၊ စိတ်ထဲ ဒွိဟ များတာတွေ ဖြစ်နေလို့ အလုပ်ထဲ အာရုံမကျနိုင်ဘဲ ဖြစ်နေမယ်။ ဝန်ထမ်းတွေ အတိုက်အခံ များလာနိုင်တယ်။ ငွေကြေးကံတော့ကောင်းနိုင်တယ်။ လာဘ်ဝင်မယ်။

ကျန်းမာရေး - ဒီအပတ် ကျန်းမာရေး ဘေးဥပဒ် မရှိနိုင်ပေမယ့် ရောဂါအခံရှိသူဆိုရင်တော့ ဂရုစိုက်ရပါမယ်။

လူမှုအိမ်ထောင် - အိမ်တွင်းရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ ပေါ်မယ်။ ဒါပေမယ့် မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကူညီဖေးမမှု ရမယ်။ လူငယ်တွေ နှလုံးသားရေးမှာ ဘာမဟုတ်တာနဲ့ အချင်းများရပြီး စိတ်ခု၊ စိတ်ကောက် ဖြစ်တတ်တယ်။ အိမ်ထောင်ရှင်တွေကတော့ ဒီအပတ်မှာ သာယာပျော်ရွှင်စရာ များမယ်။

ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးရောင်၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ ဗုဒ္ဓဟူး

ယတြာ - ဗုဒ္ဓဟူးနေ့ မနက်စောစော အိမ်ကဘုရားမှာ လမုန့် ၉ ခုနဲ့ လက်ဖက်ရည် ကပ်လှူပေးပါ။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..