၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၅.၁၀.၂၀၂၀ မှ ၃၁.၁၀.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-10-25

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းဆိုရင် လုပ်ပိုင်ခွင့်၊ နေရာအခွင့်အရေးတွေ ရလာမယ်။ လုပ်ငန်းရှင်တွေ အလုပ်အကိုင် ကောင်းမယ်။ အလုပ်သစ်၊ ဈေးကွက်သစ်တွေ တိုးချဲ့အောင်မြင်မယ်။ အကြီးအကဲနဲ့ ဆရာသမားတွေက ကူညီ ထောက်ပံ့မယ်။ စိတ်ကူးတွေ အကောင်အထည် ပေါ်မယ်။ ငွေရေးကြေးရေးမှာ စိတ်ညစ်ပြီးမှပဲ အဆင်ပြေမယ်။

ကျန်းမာရေး - တစ်ပတ်လုံး ကျန်းမာဘေးကင်း ရောဂါရှင်းမယ်။ တော်ရုံ ဖျားနာတာတွေ ခဏနဲ့ ပျောက်မယ်။

လူမှုအိမ်ထောင် - လူငယ်တွေ အချစ်ရေးမှာ စိတ်မချမ်းမြေ့စရာတွေ များမယ်။ အိမ်ထောင်သည်တွေမှာလည်း ရန်များ၊ စကားများ ဖြစ်ပြီး ပြဿနာ ကြီးသွားတတ်တယ်။ အိမ်တွင်းမိသားစုအရေးမှာ မပြေလည်တာ များမယ်။ ဘယ်ကိစ္စမဆို အကြီးအကဲတွေနဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။ ဖခင် (သို့) ဆရာသမားကို အလေးထား ဆက်ဆံရမယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ

ယတြာ - မွေးနေ့မနက် ၉ နာရီ၊ အိမ်ကဘုရားမှာ အုန်း ၆ ညွှန့် ကပ်ပါ။ သက်ကြီးဝါကြီးကို အားဆေး လှူပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အလုပ်ကိစ္စမှာ အတွက်အဆ မှားလို့ ဖြေရှင်းရတတ်တယ်။ စာရင်းဇယား ကိုင်တွယ်နေရသူဆို ပိုဂရုစိုက်ရမယ်။ လုပ်ငန်းခွင်ထဲမှာ အငြင်းပွားစရာတွေ ဖြစ်မယ်။ ဝန်ထမ်းဆို မသိသာပေမယ့် လုပ်ငန်းရှင်တွေ အခက်အခဲ များလာနိုင်တယ်။ အောက်လူငယ်သားက ဒုက္ခ ပေးမယ်။ ငွေကြေးပိုင်းမှာတော့ ပြေလည်မှု ရမယ်။

ကျန်းမာရေး - ယာယီ ဖျားနာ နေထိုင်မကောင်းတာမျိုး ဖြစ်တတ်တယ်။ ခဏတာလေးနဲ့ သက်သာပါလိမ့်မယ်။

လူမှုအိမ်ထောင် - ဒီအပတ်မှာ လူအများနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်မယ်။ ကိုယ်က ဆိုလိုတာနဲ့ သူတို့တွေ သဘောပေါက်တာ တခြားစီ ဖြစ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆူဆူပူပူတွေ များမယ်။ ပြီးတော့လည်း ဘာမှမဟုတ်ဘဲ ပြီးသွားလိမ့်မယ်။ အိုးအိမ်၊နေရာဌာနကိစ္စ စိတ်ညစ်ရတတ်တယ်။ အိမ်မှာ မနေချင်ဘဲ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ အရောင်မှိုင်းများ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရင် ပြေသလို သီလရှင်ဆရာလေးတွေကို ငွေသားသီးသန့် လှူပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - အလုပ်မှာ လုပ်သာ လုပ်နေပြီး အကျိုးအမြတ်က မသေချာသလို ဖြစ်နေမယ်။ ဝန်ထမ်းဆိုရင် စိတ်ညစ်စရာ သိပ်များလာနိုင်တယ်။ စီးပွားရေးသမားတွေ ကြိုးစားသလောက် အရာမထင်ဘဲ ဖြစ်တတ်တယ်။ စိတ်ပျက်ဒေါသထွက်စရာတွေ များပြီး မိတ်ပျက်တတ်တယ်။ ငွေကြေးကိစ္စမှာလည်း မတင်မကျတွေ များမယ်။

ကျန်းမာရေး - မတော်တဆ ထိခိုက်မှု၊ သွေးထွက်သံယို ဖြစ်တတ်တယ်။ ကျန်းမာရေး အားနည်းနိုင်တယ်။

လူမှုအိမ်ထောင် - လူငယ်တွေ အချစ်ရေးမှာ စန်းပွင့်ပြီး အဆင်ပြေမယ်။ ချစ်သူဆီက အကူအညီလည်း ရမယ်။ အိမ်ထောင်သည်တွေလည်း အေးချမ်းသာယာမှု ရလိမ့်မယ်။ ကိုယ့်ဘက်က စိတ်လိုက်မာန်ပါ ဖြစ်တတ်တာကို သတိပြုရမယ်။ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ညစ်ရမယ်။ စပ်တူရှယ်ယာကိစ္စတွေ ရှောင်ကျဉ်ရမယ်။

ကံကောင်းစေတဲ့ အရောင် - အနီ၊ လိမ္မော်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - တစ်ပတ်လုံး စာကလေးငှက်တွေကို ဆန်ကွဲ ကျွေးပါ။ စာကလေး ငှက်လွှတ်ပြီး ကုသိုလ်ပြုပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကိစ္စအတွက် အကူအညီ အထောက်အပံ့တွေ ရမယ်။ လုပ်နေတဲ့ အလုပ်က အကျိုးအမြတ်တွေ ပေါ်လာမယ်။ ဝန်ထမ်းဆို အခက်အခဲတွေကြားက အဆင်ပြေပြေ လုပ်သွားနိုင်မယ်။ လူကြီး၊ ဆရာသမားတွေက ကူညီကြလိမ့်မယ်။ ဒါပေမယ့် ငွေကြေးကိစ္စ နှောင့်နှေးကြန့်ကြာပြီး အကုန်အကျ များမယ်။

ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေး သိပ်စိတ်ချရတဲ့ အနေအထား မဟုတ်ပါ။ သတိထားရပါလိမ့်မယ်။

လူမှုအိမ်ထောင် - အချစ်ရေးကိစ္စမှာ အသေးအဖွဲလေးတွေအတွက် အငြင်းပွားရတတ်တယ်။ သဘောထားတွေ ကွဲလွဲလို့ စိတ်ညစ်ရလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ မတည့်အတူနေလို ဖြစ်နေမယ်။ ဆူဆူပူပူတွေ များမယ်။ လူမှုရေးကဏ္ဍမှာ အပေါင်းအသင်းတွေရဲ့ အကျိုးကို ခံစားရမယ်။ စိတ်များ၊ အာရုံများသလို ဖြစ်နေတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - လိမ္မော်ရင့် ၊ အနီရဲရဲ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၉ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ တနင်္လာ

ယတြာ - မွေးနေ့မနက် အိမ်ကဘုရားမှာ မုန့်ဟင်းခါးပဲကြော်နဲ့ တစ်ပွဲကို ကပ်လှူ ဆုတောင်းပါ။

ရာဟုဖွား

အလုပ်အကိုင် - တစ်ဦးတစ်ယောက်ကောင်း ကြံစည်လုပ်ကိုင်တာထက် အများနဲ့ ပူးပေါင်းရင် ပိုကောင်းမယ်။ တစ်ကိုယ်တော် လုပ်တဲ့ကိစ္စတွေမှာ အခက်အခဲတွေ များတတ်တယ်။ အလုပ်မှာ ရွေးရခက်တဲ့ အခြေအနေတွေ ကြုံရမယ်။ အဆိုး၊ အကောင်းယှဉ်ရင်တော့ အကောင်းက ပိုများတယ်။ ငွေကြေးကိစ္စနဲ့ စိတ်ပူပင်ရတတ်တယ်။

ကျန်းမာရေး - အနာရောဂါ ကူးစက်ခံရတတ်တယ်။ ကျန်းမာရေး အားနည်းနိုင်လို့ သတိထားဖု့ိ လိုလိမ့်မယ်။

လူမှုအိမ်ထောင် - မိတ်ရင်းဆွေရင်းတွေက ကူညီစောင့်ရှောက်မယ်။ ကိုယ်တစ်ယောက်တည်းနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို သူတို့ အကူအညီနဲ့ ရှင်းနိုင်မယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာမှု ရမယ်။ လိုက်ဖက်ညီညာပြီး သဟဇာတ ဖြစ်လာမယ်။ လက်တွဲဖော် ရှာနေသူတွေ လိုရာဆန္ဒ ပြည့်ဝမယ်။ ချစ်သူစုံတွဲတွေ ပျော်ရွှင်မှု ရမယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ ပုလဲ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ

ယတြာ - ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ လမ်းဘေးက ကလေးတွေကို မုန့်ဖိုးပဲဖိုး တတ်နိုင်သလောက် ပေးကမ်းပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းလည်ပတ်မှုတွေ နှေးကွေးလာနိုင်တယ်။ စီးပွားရေးသမားဆို လုပ်ငန်းကြီးတွေ မစသင့် မလုပ်သင့်ဘူး။ လုပ်နေကျကိစ္စတွေမှာတောင် ခက်ခဲကျပ်တည်းလာလိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ ဒီအပတ်မှာ နေရာ၊ အခွင့်အရေး ရမယ်။ အဆင်ပြေမယ်။ ငွေကြေးပိုင်းမှာတော့ ထူးထူးခြားခြား ကံဇာတာ ကောင်းလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်လုံး ကျန်းမာရေး ဘေးကင်း၊ ရောဂါကင်းမယ်။ နေလို့ထိုင်လို့ ကောင်းနေမယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးကံ အားနည်းနိုင်တယ်။ စုံတွဲတွေကြားမှာ ပြဿနာတွေ များလိမ့်မယ်။ စေ့စပ်ညှိနှိုင်းရ ခက်ခဲတတ်တယ်။ အိမ်တွင်းရေး၊ မိသားစုရေးလည်း ပူညံပူညံတွေချည်း ဖြစ်မယ်။ အိမ်မှာ မနေချင်ဘဲ အပြင်ပဲ ထွက်ချင်လိမ့်မယ်။ ပြင်ပလှုမှုရေးမှာတော့ ကိုယ့်ကို နားလည်ကူညီသူတွေ ရှိမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ အိုဗာတင်းနဲ့ ကိတ်မုန့် ကပ်လှူ ဆုတောင်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ကိုယ်ဘာလုပ်လုပ် အတိုက်အခိုက်တွေ များလာမယ်။ လုပ်ငန်းခွင်မှာ အမှားကို စောင့်ကြည့်ပြီး ဒုက္ခပေးတတ်တယ်။ အလုပ်တွေ ပိုများပြီး လူရောစိတ်ပါ ပင်ပန်းရလိမ့်မယ်။ ဝန်ထမ်းဆိုရင် အဆင်ပြေပေမယ့် လုပ်ငန်းရှင်တွေမှာ သတိထားရမယ့် ကာလ ဖြစ်တယ်။ ငွေရေးကြေးရေးကိစ္စမှာ စိတ်တိုင်းမကျစရာ များမယ်။

ကျန်းမာရေး - အစားအသောက် သတိထားရမယ်။ အသွားအလာ ဆင်ခြင်ရမယ်။ ဝေဒနာဟောင်း ပေါ်မယ်။

လူမှုအိမ်ထောင် - ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ အကူအညီ ရမယ်။ အိမ်တွင်းမိသားစုရေးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာတွေ ကြုံရမယ်။ သတင်းကောင်းတွေ ကြားရမယ်။ နှလုံးသားရေးမှာ စိတ်ထဲ မပြတ်သားစရာ ဖြစ်မယ်။ တွေးရခက်တာတွေ ဖြစ်လိမ့်မယ်။ အပေါင်းအသင်းကဏ္ဍ သတိပြုရမယ်။ မိတ်ဆွေဖျက်လို့ ပျက်စီးတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အရောင်ရင့်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ ကြာသပတေး

ယတြာ - တစ်ပတ်အတွင်း ခြေမသန်သူ၊ စကားထစ်သူတစ်ဦးကို စားချင်တာ ဝယ်ကျွေးပြီး ကုသိုလ်ယူပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အလုပ်ကိစ္စတိုင်းမှာ အတိုက်အခံရှိလေ တိုးတက်လေ ဖြစ်မယ်။ ဝန်ထမ်းတွေဆို အကြီးအကဲနဲ့ ဆရာသမားတွေက အခွင့်အရေးပေး၊ နေရာပေးလာမယ်။ လုပ်ပိုင်ခွင့်တွေ တိုးလာမယ်။ လုပ်ငန်းရှင်ဆို အလုပ် ကံဇာတာ ကောင်းမယ်။ အကြံအစည်တွေ အောင်မြင်မယ်။ ငွေကြေးကိစ္စမှာလည်း ကံကောင်းအဆင်ပြေမယ်။

ကျန်းမာရေး - ဘေးကင်း အန္တရာယ်ကင်းတဲ့ သီတင်းပတ် ဖြစ်တယ်။ ကျန်းမာရေးပြဿနာကြီး မရှိနိုင်ပါဘူး။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ အေးချမ်းမှု ရမယ်။ အပြန်အလှန်နားလည်မှုတွေ ရယူနိုင်မယ်။ လက်တွဲဖော်ဆီက အကူအညီ၊ အကြံဉာဏ်ကောင်းတွေ ရရှိမယ်။ လူပျိုလူလွတ်တွေ ချစ်ရေးချစ်ရာ ပြေလည်မှု ရမယ်။ စန်းပွင့်မယ်။ လူမှုရေး၊ အိမ်တွင်းရေးမှာ ပုံမှန်ပဲ ရှိမယ်။ ဘာသာရေးသမားဆို ထူးခြားမှုတွေ ကြုံရမယ်။

ကံကောင်းစေတဲ့ အရောင် - အနီ၊ အရောင်ဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ တနင်္ဂနွေ

ယတြာ - ဒီအပတ်ထဲ အဆင်ပြေတဲ့ တစ်ရက်မှာ ဘုန်းကြီးကျောင်းကို ဆန်နဲ့ ဆေးဝါးတွေ သွားလှူပေးပါ။

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..