
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - စီးပွားရေးကံ ပွင့်လန်းတိုးတက်မယ့် ကာလ ဖြစ်တယ်။ ကြံစည်ရည်ရွယ်သမျှ အောင်မြင်မယ့် အလားအလာ များတယ်။ အလုပ်မှာ အနှောင့်အယှက်တချို့ ရှိတတ်ပေယ့် ယာယီခဏသာ ဖြစ်တယ်။ ကိုယ့် စီးပွားအတွက်ဆို ကောင်းပေမယ့် ဝန်ထမ်းဆို အတိုက်အခံ များလိမ့်မယ်။ ငွေအဝင်အထွက် မြန်ဆန်နေမယ်။
ကျန်းမာရေး - သွေးသားနဲ့ ပတ်သက်တာ၊ ဆီးနဲ့ ပတ်သက်တာတွေဆိုရင် သတိထားရမယ်။ မပေါ့ဆသင့်ပါ။
လူမှုအိမ်ထောင် - နှလုံးသားရေးကိစ္စ၊ အိမ်ထောင်ဖက် လက်တွဲဖော်နဲ့ပတ်သက်လို့ စိတ်တိုင်းမကျ ဖြစ်နေမယ်။ အချင်းချင်း ဘာမဟုတ်တာလေးနဲ့ နားလည်မှု လွဲတတ်တယ်။ အိမ်ထဲမှာ မနေချင်ဘဲ အပြင်ချည်း သွားလိုမယ်။ ပြင်ပမိတ်ဆွေရေးရာမှာ အဆင်ပြေစိတ်ချမ်းသာရမယ်။ ကိုယ့်ကို ကူညီဖေးမမယ့် ဆရာသမားတွေ ရှိလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ၊ ပုလဲ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး
ယတြာ - တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ ကြာဆံကြော် ဆွမ်းကပ်လှူ ဆုတောင်းပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကံက အကောင်းအဆိုး အစွန်းရောက်နိုင်တယ်။ ကောင်းပြီဆိုလည်း စွတ် ကောင်းပြီး ညံ့ပြီဆိုလည်း စိတ်ညစ်စရာချည်း ဖြစ်တတ်တယ်။ ဥပဒေနဲ့ မကင်းတာတွေ ရှောင်ကျဉ်ရလိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ အဆင်ပြေမယ်။ ကိုယ်ပိုင်အလုပ်ဆို သတိထားလုပ်ပါ။ ငွေကြေးကိစ္စမှာ ကံကောင်းမယ်။
ကျန်းမာရေး - ရောဂါဝေဒနာခံ ရှိရင် ဂရုစိုက်ရမယ့် ကာလ ဖြစ်တယ်။ မတော်တဆထိခိုက်မှု ရှိနိုင်တယ်။
လူမှုအိမ်ထောင် - လူငယ်တွေဆို အချစ်ရေးမှာ စိတ်ဆင်းရဲ ပူလောင်စရာတွေ များလာမယ်။ မကြာခဏ စကား များ၊ ရန်ဖြစ်နဲ့ အချိန်ကုန်ရမယ်။ အိမ်ထောင်ရေးမှာလည်း သူများက ကြားဝင်တာ၊ ပူပန်ရတာတွေ များနေမယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ကိုယ်ကပဲ ကူညီနေရမယ်။ သူတို့ဆီက အကူအညီ မရဘဲ ဖြစ်နေတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက် ၊ အပြာ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး
ယတြာ - မွေးနေ့ မနက် ၉ နာရီ အိမ်ကဘုရားမှာ ကြက်သားသုပ်နဲ့ ဆွမ်းကပ်ပြီး လိုရာဆုတောင်းပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - စိတ်မြန်လက်မြန် ဖြစ်နေလို့ ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ ဖြစ်နိုင်သမျှ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်ပါ။ ဒီအပတ်မှာ အလုပ်တွေ ကောင်းသလောက် အတိုက်အခံလည်း သိပ်များမယ်။ ဝန်ထမ်းဆို ကြိုးစားမှုတွေ အရာထင်မယ်။ လုပ်ငန်းရှင်တွေတော့ ရုန်းကန်ရမယ်။ ငွေကြေးအတွက် ပူပန်သောက များမယ်။
ကျန်းမာရေး - အညောင်းမိတာ၊ အဆစ်အမြစ် ကိုက်တာ၊ အရိုး၊ သွား ဒုက္ခပေးတာတွေ ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - အချစ်ရေးမှာ အရှုပ်ထုပ်ထဲ ပါဝင်ပတ်သက်မိတတ်တယ်။ အချင်းချင်း သံသယတွေ ဖြစ်မယ်။ အပြိုင်တွေလည်း ပေါ်လာတတ်တယ်။ အိမ်ထောင်ရေးမှာတော့ အတော်သင့် စိတ်ချမ်းသာရမယ်။ ကိုယ့်စိတ်ကို ထိန်းချုပ်သည်းခံဖို့ လိုမယ်။ ထစ်ခနဲဆိုလက်ပါခြေပါ ဖြစ်တတ်တယ်။ အပေါင်းအသင်းဆီက အကူအညီ ရမယ်။
ကံကောင်းစေတဲ့ အရောင် - စိမ်းပြာ ၊ ဖက်ဖူးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ
ယတြာ - မွေးနေ့ညနေစောင်းမှာ ကိုယ်လက်အင်္ဂါမကောင်းသူတစ်ဦးကို အစာအာဟာရတစ်ခုခု လှူဒါန်းပေးပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - ဒီအပတ် စီးပွားရေးက အတော်သင့် ကောင်းမွန်နိုင်ပေမယ့် စိတ်သောကနဲ့ လုပ်ကိုင်နေရမယ်။ ကိုယ့်လုပ်ငန်းထက် အစုစပ်ရှယ်ယာတွေက ပိုအကျိုးပေးတတ်တယ်။ ဝန်ထမ်းဆိုရင် စိတ်ညစ်စရာ ပိုများမယ်။ စီးပွားရေးသမားဆိုရင်တော့ လမ်းစသစ်၊ အခွင့်အရေးသစ်တွေ ရှိလာမယ်။ ငွေကြေးကိစ္စ ပွပေါက်တိုးနိုင်တယ်။
ကျန်းမာရေး - သာမန်ထက် အနည်းငယ် ညံ့နိုင်တယ်။ တစ်ခုခု ဖြစ်ပြီဆို မပေါ့ဆဘဲ ဂရုစိုက်ပေးသင့်တယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ လိုအင်ဆန္ဒတွေ ပြည့်စုံမယ်။ ပျိုရွယ်သူတွေ စန်းပွင့်တာ၊ အရေးပေးခံရတာ ရှိလာနိုင်တယ်။ စုံတွဲတွေလည်း စိတ်ချမ်းသာရမယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာတော့ အညံ့တွေ ရှိလာမယ်။ မိသားစုတွင်း စိတ်ညစ်စရာကိစ္စတွေ ပေါ်လာနိုင်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်လု့ိ ပျော်ရွှင်ရမယ်။
ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အစိမ်းရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂၊ ၄
ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ သောကြာ
ယတြာ - မွေးနေ့ မနက် အိမ်ကဘုရားမှာ ကော်ဖီနဲ့ ပေါက်စီတွေ လှူဒါန်းရင်း ဆုတောင်းပေးပါ။
ရာဟုဖွား
အလုပ်အကိုင် - ငွေကြေး အကျပ်အတည်းတွေ ဖြစ်တတ်တယ်။ မမျှော်လင့်ဘဲ ငွေကုန်ကြေးကျ များလာမယ်။ စီးပွားရေးမှာ ရင်းသလောက် ပြန်မရဘဲ အရှုံးပေါ်တတ်တယ်။ အတော်လေး သတိထားလုပ်ကိုင်ရမယ့် ကာလ ဖြစ်တယ်။ ဝန်ထမ်းဆိုရင်လည်း အမှားအယွင်းတွေ ဖြစ်တတ်တယ်။ မထင်မှတ်တဲ့ ပြဿနာတွေ ပေါ်လာမယ်။
ကျန်းမာရေး - လက်နက်၊ မီး၊ အပူနဲ့ဆက်စပ်နေသူတွေ သတိပြုရမယ်။ ကျန်းမာရေးလည်း ကျဆင်းနိုင်တယ်။
လူမှုအိမ်ထောင် - ပျိုရွယ်သူတွေ နှလုံးသားရေးမှာ ဘေးစကားအနှောင့်အယှက်တွေ ဝင်လာမယ်။ ရုတ်တရက် ပေါက်ကွဲချင်စရာတွေ ဖြစ်ပွားတတ်တယ်။ အိမ်ထောင်ရေးမှာလည်း မဟုတ်တာတွေ အစဆွဲဖော်ပြီး စကားများ ရန်များတတ်တယ်။ ဒီကာလမှာ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ လိုမယ်။ မိတ်ဆွေအတုအယောင်တွေ သတိပြုပါ။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ဆင်စွယ်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၈ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး
ယတြာ - ဒီအပတ်ထဲ အဆင်ပြေရာတစ်ရက်မှာ သန့်ရှင်းရေးသမားတွေကို စားချင်တာ ဝယ်ကျွေးလိုက်ပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - ငွေကြေးစီးပွား လာဘ်လာဘတွေ ရွှင်လန်းမယ့် ကာလ ဖြစ်တယ်။ ကိုယ့်ဘက်က နည်းနည်းပဲ လုပ်ကိုင်ပေးရုံနဲ့ ရလာမယ့် အကျိုးအမြတ်က ကြီးမားနေလိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ သိပ်မထူးခြားဘဲ ကိုယ့် စီးပွား၊ ကိုယ့်လုပ်ငန်းနဲ့သူတွေကတော့ ကံဇာတာ ကောင်းလာမယ်။ အထုပ်အထည်နဲ့ ငွေဝင်ကိန်းပါ ရှိတယ်။
ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာရေး ကောင်းနေမယ်။ ရောဂါဝေဒနာ ရှိရင်လည်း သက်သာလိမ့်မယ်။
လူမှုအိမ်ထောင် - ဒီအပတ်မှာ ချစ်မေတ္တာရေးနဲ့ ပတ်သက်လို့ စိတ်ဆင်းရဲစရာတွေ များမယ်။ အိမ်ထောင်ရေးမှာ သောကဗျာပါဒတွေ ဝိုင်းလာတတ်တယ်။ အမျိုးသမီးတွေမှာ ခင်ပွန်း၊ လက်တွဲဖော်နဲ့ ပဋိပက္ခ ဖြစ်တတ်တယ်။ ဆွေမျိုးသားချင်းတွေက ဒုက္ခပေးတတ်တယ်။ အနားကမိတ်ဆွေတွေကလည်း အားကိုးလို့ မရဘဲ ဖြစ်နေမယ်။
ကံကောင်းစေတဲ့ အရောင် - တောက်ပသော အဖြူ ၊ အဖြူကွက်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၆
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး
ယတြာ - မွေးနေ့ (ကြာသပတေး) မနက် အိမ်ကဘုရားမှာ ဗယာကြော်အကြီး ၅ ခုကို ဆွမ်းကပ်ပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ရကိုင်ရတဲ့ အခြေအနေတွေ၊ လုပ်ငန်းခွင်အနေအထားတွေ အပြောင်းအလဲ ပို များလာနိုင်တယ်။ အရင်ကနဲ့ မတူဘဲ လုပ်နည်းလုပ်ဟန်တွေ၊ ပြောင်းလဲရမှာတွေ ပေါ်လာမယ်။ အလုပ်ကို ပုံစံ မျိုးစုံနဲ့ ဆက်သွားလိမ့်မယ်။ ကြိုးစားရုန်းကန်ရတာလည်း များမယ်။ ငွေကြေးကိစ္စမှာ နည်းနည်း စိတ်ညစ်ရမယ်။
ကျန်းမာရေး - နေရထိုင်ရတာ မအီမသာ ဖြစ်တတ်တယ်။ တစ်ပတ်တာလုံး ဒီလိုနဲ့ပဲ စခန်းသွားရလိမ့်မယ်။
လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့ သတိထားဆက်ဆံရမယ်။ လူရင်းတွေနဲ့ စကားများ၊ ရန်များရတတ်တယ်။ စိတ်ချ ယုံကြည်လို့ မရဘဲ ဖြစ်မယ်။ နှလုံးသားရေးမှာတော့ အခြေအတင်တွေ ဖြစ်ရမယ်။ တပါးသူက ကြားဝင်တတ်တယ်။ အိမ်ထောင်ရေးမှာလည်း အချင်းချင်း မျက်နှာချင်းမဆိုင်ချင်ဘဲ ဖြစ်နေမယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ အစိမ်းရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၄
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ
ယတြာ - တစ်ပတ်တာလုံး အိမ်ကဘုရားမှာ လက်ဖက်ရည်နဲ့ သစ်သီးတွေကို မကြာခဏ ကပ်လှူပေးပါ။
စနေနေ့ဖွား
အလုပ်အကိုင် - အလုပ်၊ စီးပွားကံဇာတာ အားနည်းမယ့် ကာလ ဖြစ်တယ်။ ဟိုဟာလည်း လုပ်ချင်၊ ဒီမှာလည်း ပါချင်နဲ့ စိတ်များပြီး ခရီးမပေါက်ဘဲ ဖြစ်နေမယ်။ ရှေ့တိုးရ ခက်၊ နောက်ဆုတ်ဖို့လည်း မလွယ်တဲ့ အခြေအနေ ဖြစ်မယ်။ လုပ်ချင်တာတွေ များလို့ အရာမထင်နိုင်ဘူး။ ဒီအပတ် ငွေကြေးကိစ္စမှာလည်း ဝေ့လည်နေလိမ့်မယ်။
ကျန်းမာရေး - အာရုံကြော အားနည်းတာ၊ အရိုး၊ အကြောတွေ မကောင်းတာမျိုး ခံစားရတတ်တယ်။
လူမှုအိမ်ထောင် - ပျိုရွယ်သူတွေ အချစ်ရေးကဏ္ဍမှာ အဆင်ပြေ စိတ်ချမ်းသာရဖို့ ရှိတယ်။ ဒါပေမယ့် ကိုယ်က အငြင်းသန်၊ ခေါင်းမာချင်တာကို သတိပြုရမယ်။ အိမ်ထောင်ရေးမှာလည်း ဆူဆူပူပူနဲ့ အဆင်ပြေနေလိမ့်မယ်။ ဒီအပတ်မှာ စက်ပစ္စည်း၊ လက်နက်၊ မီးအပူနဲ့ ဆက်စပ် လုပ်ကိုင်နေရသူတွေ သတိထား လုပ်ကြစေချင်တယ်။
ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အစိမ်းဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၅
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ဗုဒ္ဓဟူး
ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာတစ်ရက်မှာ ဒုက္ခိတတစ်ဦးကို ဆေးဝါး၊ အစာတစ်ခုခု ဒါနပြုပေးပါ။
#lotaya_horoscope
အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်