၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၂.၁၁.၂၀၂၀ မှ ၂၈.၁၁.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-11-22

တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - စီးပွားရေး အကျိုးပေမယ့် ကာလကို ရောက်နေပေမယ့် အေးဆေးသက်သာစွာ စီးပွားရှာဖွေလို့ မရဘဲ အတိုက်အခံတွေ များပြားတတ်တယ်။ အရင်အချိန်တွေနဲ့မတူဘဲ အလုပ်၊ တာဝန်တွေ ပိုများလာတတ်ပြီး မနားမနေ လုပ်ကိုင်ရတတ်တယ်။ ဝန်ထမ်းဆို တာဝန်ပိုများနိုင်တယ်။ ငွေကြေးကံ အားနည်းချိန် ဖြစ်လိမ့်မယ်။
ကျန်းမာရေး - အလုပ်လည်း လုပ်၊ အနားလည်း ယူသင့်တယ်။ အလုပ်ဒဏ်ပိလို့ ကျန်းမာရေး ညံ့တတ်တယ်။
လူမှုအိမ်ထောင် - အရင်အပတ်မှာ ကတောက်ကဆတွေ ရှိနိုင်ပေမယ့် ဒီအပတ်မှာတော့ စိတ်ချမ်းသာစရာတွေ များလာလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြည်နူးဝမ်းမြောက်စရာတွေ ကြုံရမယ်။ စန်းပွင့်ပြီး အဆင်ပြေ သာယာမှု ရလိမ့်မယ်။ မိသားစုအိမ်တွင်းမှာ သတင်းကောင်းတွေ ကြားရတတ်တယ်။ ပျော်စရာတွေ ကြုံရမယ်။
ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ အဖြူဆွတ်ဆွတ်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၂
ကံကောင်းစေတဲ့ အရပ် - မြောက်၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္ဂနွေ
ယတြာ - မွေးနေ့ (တနင်္ဂနွေ) မနက်ပိုင်း အိမ်ကဘုရားမှာ သစ်သီးတစ်မျိုးကို ၆ စိတ် ခွဲပြီး ကပ်လှူပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွားကံဇာတာ အကောင်းဘက် ပိုပြီး ဦးတည်လာဖို့ရှိတယ်။ ဒါပေမယ့် လုပ်နေရင်းက အရှိန်တန့်သလို အဖြစ်မျိုးလည်း ကြုံရတတ်တယ်။ ဝန်ထမ်းဆိုရင် ဥပဒေလမ်းကြောင်းနဲ့ မလွတ်ကင်းတာတွေ လုံးဝ ရှောင်ရမယ်။ အလုပ်သစ် ပြောင်းတာ၊ လုပ်ငန်း ချဲ့တာမျိုး ဖြစ်မယ်။ ငွေကြေးကံ မတည်မငြိမ် ဖြစ်မယ်။
ကျန်းမာရေး - ဘေးဥပါဒ်အပေါင်းက ကင်းလွတ်မယ့်ကာလ ဖြစ်တယ်။ နာမကျန်းဖြစ်ရင် အမြန်သက်သာမယ်။
လူမှုအိမ်ထောင် - ပျိုရွယ်သူတွေအနေနဲ့ ခဏတာ ရင်ခုန်မှုထက် ရေရှည်ခိုင်မြဲမှုကို ဦးစားပေးရမယ်။ ခဏတာ သာယာမှုနောက်လိုက်ရင် ပြဿနာ ဖြစ်မယ်။ အိမ်ထောင်ရှင်တွေလည်း ဘေးစကားတွေကြောင့် ဗျာများရမယ်။ ဒီအပတ်မှာ နေရာထိုင်ခင်းကိစ္စ အခက်အခဲ ပေါ်လာနိုင်တယ်။ ခင်မင်ရင်းနှီးသူတွေနဲ့ စကားများရတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ တနင်္ဂနွေ
ယတြာ - မွေးနေ့မနက် အိမ်ကဘုရားမှာ အသက်လွတ်ကြာဆံကြော် ကပ်လှူပြီး လိုရာဆုတောင်းပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်တာလုံးမှာ လုပ်ငန်းကိစ္စအတွက် ကူးသန်းသွားလာ၊ လှုပ်ရှားမှုတွေ၊ ခရီးတွေလည်း ပို များလာတတ်တယ်။ အလုပ်အခြေအနေ အကောင်းအဆိုး၊ အတက်အကျတွေ မြန်ဆန်နေမယ်။ ဝန်ထမ်းဆိုရင် အခြေအနေကောင်းဖို့ ရှိတယ်။ ကိုယ်ပိုင်လုပ်ငန်းတွေ ကောင်းဆိုး ဒွန်တွဲမယ်။ ငွေကြေးအဝင်အထွက် မြန်မယ်။
ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေးအတွက် စိတ်ပူစရာ မရှိပါ။ အလုပ်တွေ ထိန်းလုပ်ဖို့ပဲ လိုပါလိမ့်မယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ဘေးပြဿနာတွေကြောင့် သောက များရတတ်တယ်။ ဘေးလူတွေစကား သတိထားရမယ်။ အိမ်ထောင်ရေးမှာလည်း မရှင်းမလင်းတွေ ရှိခဲ့ရင် ပြေလည်အောင် ညှိနှိုင်းရလိမ့်မယ်။ ပြင်ပ မိတ်ဆွေနဲ့ ပတ်သက်လို့ အကူအညီတွေ ရမယ်။ မိတ်ဆွေအပေါင်းအသင်းက ကူညီထောက်ပံ့လာဖို့ ရှိတယ်။
ကံကောင်းစေတဲ့ အရောင် - အဝါဖျော့၊ ကြက်သွေးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄ ၊ ၈
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ
ယတြာ - မွေးနေ့ (အင်္ဂါ) နေ့မှာ ညောင်ပင်ကြီးတစ်ပင်က တွဲကျနေတဲ့ကိုင်းကို ဝါးနဲ့ထောက်ပြီး ကုသိုလ်ယူပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာတော့ ဝန်ထမ်းရေးရာနဲ့ ပတ်သက်လို့ စိတ်ပင်ပန်းလူပင်ပန်းစရာတွေ များလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်း၊ စီးပွားရေးမှာလည်း အစကောင်းသလိုနဲ့ အနှောင်း မသေချာတာတွေ ဖြစ်မယ်။ လုပ်နေရင်းနဲ့ ရပ်သွားတာ၊ ကြိုးစားသလို အရာမထင်တာတွေ ဖြစ်လာနိုင်တယ်။ ငွေရေးကြေးရေးတော့ ကံကောင်းနိုင်တယ်။
ကျန်းမာရေး - လူရောစိတ်ပါ အငြိမ်မနေရလို့ ပင်ပန်းနွမ်းလျသွားတတ်တယ်။ အရိုးအကြော သတိထားရမယ်။
လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ စိတ်ချမ်းသာစရာတွေ ဆက်ရှိနေမယ်။ ဒါပေမယ့် ကိုယ်တိုင်က စကားမှား၊ ကတိပျက်တာတွေ ဖြစ်တတ်လို့ သတိပြုရမယ်။ အိမ်ထောင်ရေးမှာ စိတ်အခန့်သင့်စရာ ဖြစ်မယ်။ အိမ်တွင်းရေး မသာမယာ ဖြစ်တတ်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့ အကူအညီတွေ ရပြီး စိတ်ချမ်းသာမယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ အနီဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၂
ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ အင်္ဂါ
ယတြာ - တနင်္ဂနွေနေ့ မနက်ပိုင်း အိမ်ကဘုရားမှာ အကြော်စုံပူပူနွေးနွေးလေး ဆွမ်းကပ်ပြီး ဆုတောင်းပါ။
ရာဟုဖွား
အလုပ်အကိုင် - ကိုယ်လုပ်သမျှကို အနှောင့်အယှက် ပေးမယ့်သူတွေ ရှိနေတတ်တယ်။ လုပ်ငန်းခွင်မှာလည်း အတိုက်အခိုက်တွေ ပေါများလာနိုင်တယ်။ လူမှုရေးပြဿနာက စီးပွားရေးကိုပါ လာပြီး သက်ရောက်လိမ့်မယ်။ အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘဲ ဖြစ်နေမယ်။ ငွေကြေးနဲ့ ပတ်သက်လို့လည်း စိတ်ညစ်ပြီးမှ ရရှိတတ်တယ်။
ကျန်းမာရေး - ရုပ်ပိုင်းထက် စိတ်ပိုင်းမှာ ဖိအားတွေ များတတ်တယ်။ အစားမမှန်၊ အိပ်မရဘဲ ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - ခင်မင်ရင်းနှီးသူတွေနဲ့ အထင်လွဲအမြင်မှား ဖြစ်တတ်တယ်။ အချင်းချင်းကြား နားလည်မှုတွေ လွဲချော်ပြီး ပြဿနာ တက်နိုင်တယ်။ ချစ်သူရည်းစားကိစ္စမှာလည်း ဘေးက အနှောင့်အယှက်တွေ ဝင်လိမ့်မယ်။ နှစ်ဦးသား သတိနဲ့ ရင်ဆိုင်နိုင်မှ ကျော်လွှားနိုင်မယ်။ အိမ်ထောင်ရေး၊ မိသားစုရေးမှာတော့ ပုံမှန်ပဲ ဖြစ်နေမယ်။
ကံကောင်းစေတဲ့ အရောင် - စိမ်းပုပ်ရောင် ၊ ပုလဲရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး မွန်းလွဲ ၊ အင်္ဂါ
ယတြာ - ဗုဒ္ဓဟူးနေ့ ညနေစောင်းမှာ အိမ်ခြေရာမဲ့ ကလေးတွေကို မုန့်ပဲသရေစာ ကျွေးမွေးကုသိုလ်ယူပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - အရင်အပတ်ကထက် စီးပွားဥစ္စာ ရှာဖွေလို့ ပိုကောင်းလာနိုင်တယ်။ လုပ်ငန်းစီးပွားကံဇာတာက ကောင်းသထက်ကောင်းမယ့် အနေအထား ရှိနေတယ်။ ကြိုးစားသမျှလည်း အောင်မြင်ဖို့ လွယ်ကူမယ်။ စီးပွား တိုးချဲ့တာ၊ အသစ် ချဲ့ထွင်တာတွေလည်း ကောင်းတယ်။ ငွေကြေးကံလည်း ပွင့်လန်း အားသာဖို့ ရှိနေတယ်။
ကျန်းမာရေး - ကိုယ်လက် မအီမသာ ဖြစ်တတ်တယ်။ နေရထိုင်ရတာ မကောင်းသလိုလည်း ခံစားရမယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အချင်းချင်း အမြင်မတူဘဲ ဆန့်ကျင်ကွဲလွဲလိမ့်မယ်။ အရေးမကြီးတဲ့ကိစ္စနဲ့ပဲ စကားများရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သံသယတွေ ဝင်လာနိုင်တယ်။ အပြိုင် ပေါ်တတ်တယ်။ လူမှုဆက်ဆံရေးမှာတော့ ဆရာလုပ်ချင်သူ၊ လွှမ်းမိုးချင်သူတွေ ရှိလာနိုင်တယ်။ သတိထား ဆက်ဆံရလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ အဖြူစပ် အရောင်များ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၆
ကံကောင်းစေတဲ့ အရပ် - မြောက်၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး
ယတြာ - မွေးနေ့ (ကြာသပတေး) မနက် အိမ်ကဘုရားမှာ သီးစုံဟင်းနဲ့ ဆွမ်းကပ်လှူ ဆုတောင်းပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ် လုပ်ငန်းကိစ္စအဝဝမှာ ကိုယ်လိုချင်သလို ဖြစ်မလာဘဲ သည်းခံစိတ်ရှည်ရမယ့် ပုံစံမျိုး ဖြစ်လာမယ်။ ဘယ်ကိစ္စမဆို မှန်းထားတဲ့အချိန်ထက် နောက်ကျပြီးမှ အဆင်ပြေသွားတတ်တယ်။ တာဝန်တွေ ပိုများလာသလို စိတ်ဖိစီးမှုတွေ များလာလိမ့်မယ်။ ဒါပေမယ့် ပင်ပန်းခံရကျိုး နပ်မယ်။ ငွေကြေးကံ ပုံမှန်ရှိမယ်။
ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာဘေးကင်း အနာရှင်းမယ်။ ဝေဒနာတွေ ရှိရင် သက်သာသွားမယ်။
လူမှုအိမ်ထောင် - အပေါင်းအသင်းကဏ္ဍ အဆင်မပြေမှုတွေ ပြန်ကောင်းလာဖို့ ရှိတယ်။ ကိုယ့်အပေါ် မှန်ကန် ဖြောင့်မတ်သူတွေ ကျန်ရစ်မယ်။ နှလုံးသားရေးမှာ မတည်ငြိမ်မှုတွေ များမယ်။ အလှည့်အပတ်တွေ ကြုံရမယ်။ စိတ်ချ ယုံကြည်လို့ မရဘဲ ဖြစ်မယ်။ ဒါပေမယ့် ကိုယ်က အမှတ်မရှိဘဲ တွယ်တာမယ်။ စိတ်လည်း ညစ်ရမယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အဝါ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္ဂနွေ
ယတြာ - အင်္ဂါနေ့ မနက်စောစော အိမ်ကဘုရားမှာ ဆန်၊ ဆီ၊ ဆား ဆေး (၄) မျိုး စတိထည့် လှူဒါန်းပါ။
စနေနေ့ဖွား
အလုပ်အကိုင် - ဒီအပတ် အလုပ်ကိစ္စတွေမှာ တစ်ယောက်အားနဲ့ မရဘဲ အများက ဝိုင်းကူရမယ့် အခြေအနေ ဖြစ်လာမယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ စိုးရိမ်သောကတွေလည်း များတတ်တယ်။ အတိုက်အခံတွေ ပေါ်မယ်။ လုပ်သမျှ အနှောင့်အသွားမကင်းဘဲ ဖြတ်သန်းရမယ်။ ငွေကြေးကိစ္စမှာလည်း သောက ဖြစ်ပြီးမှ အဆင်ပြေမယ်။
ကျန်းမာရေး - အပူရှပ် ဖျားနာတာမျိုး ဖြစ်တတ်တယ်။ အညောင်းထိုင်တာ၊ အပင်ပန်းခံတာတွေ သတိထားပါ။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ဒွိဟသံသယတွေ ဝင်လာတတ်တယ်။ မယုံသင်္ကာ ဖြစ်စရာတွေ ပေါ်မယ်။ သီတင်းပတ်အစမှာ ပြဿနာ မရှိပေမယ့် နောက်ပိုင်းမှာ အချင်းများရတတ်တယ်။ အိမ်ထောင်ရေးကိစ္စမှာလည်း စိတ်ဝမ်းကွဲစရာတွေ ဖြစ်တတ်တယ်။ လူမှုရေးမှာ အလိမ်အညာသမားတွေကြောင့် ကိုယ်ပါ နစ်နာတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အနီ ၊ အစိမ်းဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ
ယတြာ - အားလပ်ရက်မှာ ဘုန်းကြီးကျောင်း၊ စေတီ စတဲ့ နေရာတွေကို သွားပြီး တံမျက်လှည်းကုသိုလ်ယူပါ။

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..