၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၉.၁၁.၂၀၂၀ မှ ၅.၁၂.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-11-29

တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - ဝန်ထမ်းဆိုရင် အကောင်း၊ အဆိုး ရောထွေးတဲ့ ကာလ ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းသမားတွေက အတော်လေး အဆင်ပြေမယ့် သီတင်းပတ် ဖြစ်တယ်။ လုပ်ငန်းမှာ အတိုက်အခိုက်တွေ ရှိနေပေမယ့် ကျော်လွှား ဖြတ်သန်းနိုင်မယ်။ လူပင်ပန်းစိတ်ပင်ပန်းတော့ ပိုများလိမ့်မယ်။ ငွေဝင်ကိန်း ရှိပေမယ့် စောင့်ပေးရတတ်တယ်။
ကျန်းမာရေး - အရိုး၊ အကြော၊ သွားနဲ့ ပတ်သက်တာတွေ ဂရုစိုက်ရမယ်။ အခြေအနေတော့ မဆိုးပါ။
လူမှုအိမ်ထောင် - မေတ္တာရေးနဲ့ပတ်သက်လို့ စိတ်ချမ်းသာ ကြည်နူးစရာတွေ ကြုံရမယ်။ လူငယ်တွေ အချစ်သစ် နဲ့ ဆုံတတ်ပြီး စန်းပွင့်၊ မျက်နှာပွင့် ဖြစ်လာနိုင်တယ်။ အိမ်ထောင်ရှင်တွေလည်း အဆင်ပြေသာယာမယ်။ ပြင်ပနဲ့ ဆက်ဆံပေါင်းသင်းရာမှာတော့ အညံ့ နည်းနည်း ရှိမယ်။ မိတ်ဆွေအကန့်နဲ့ စီးပွားအကန့်ကို ခွဲထားဖို့ လိုမယ်။
ကံကောင်းစေတဲ့ အရောင် - အနီ ၊ အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္ဂနွေ
ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ သစ်သီးဆွမ်း မကြာခဏ ကပ်လှူပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ် လုပ်ငန်းကံဇာတာက အကောင်းဘက်မှာ ရှိနေပေမယ့် အလုပ်တွေရဲ့ အရှုံးအမြတ်က မရေရာသလို ဖြစ်နေမယ်။ ကိုယ့်အတွက် သိပ်အကျိုးမရှိဘဲ အလုပ်တွေ ဝင်ကူပေးရတတ်တယ်။ ဝန်ထမ်းဆိုရင် သိပ်အဆင်မပြေဘဲ ဖြစ်မယ်။ စိတ်ရှုပ်စရာတချို့ ကြုံရမယ်။ ငွေကြေးကိစ္စမှာ မသေချာမရေရာဘဲ ဖြစ်နေမယ်။
ကျန်းမာရေး - အများအားဖြင့် ကျန်းမာရေး ဒေါင်ဒေါင်မြည်တဲ့ကာလလို့ ဆိုရမယ်။ စိတ်ပူစရာ မရှိပါ။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ကိုယ့်ထက်ကြီးကဲသူတွေက ဖိအားပေးတာမျိုး ခံရမယ်။ ဝမ်းနည်းစရာတွေ ဖြစ်ပွားတတ်တယ်။ အိမ်ထောင်ရှင်ဆိုရင်လည်း စကားများလိုက်၊ ပြန်အေးသွားလိုက်နဲ့ ဖြစ်နေမယ်။ မိတ်ဆွေနဲ့ ပတ်သက်လို့ လူယုံထားတာမျိုး ရှောင်ပါ။ ကိုယ့်ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရတတ်တယ်။ သတိထားပါ။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ရောင်စုံကွက်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၆
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ အင်္ဂါ
ယတြာ - မွေးနေ့မှာ ညောင်ပင်ကြီးတစ်ခုဆီ သွားပြီး ညောင်ရေသွန်းပါ။ အမွှေးနံ့သာတွေလည်း ပူဇော်ပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - ဒီတစ်ပတ်က အလုပ်များမယ့် သီတင်းပတ် ဖြစ်တယ်။ အရင်ကနဲ့မတူဘဲ လုပ်စရာတွေချည်း တန်းစီနေလို့ မသက်မသာ ဖြစ်လိမ့်မယ်။ ဝန်ထမ်းဆိုရင် လာဘ်လာဘ ရွှင်ပြီး မျက်နှာကောင်းလည်း ရမယ်။ စီးပွားရေးသမားတွေ ကောင်းတစ်ခါ၊ ညံ့တစ်လှည့် ဖြစ်နေမယ်။ ငွေကြေးကိစ္စမှာ အဝင်အထွက် မြန်လိမ့်မယ်။
ကျန်းမာရေး - နာမကျန်းဖြစ်၊ ဖျားနာတာမျိုး ဖြစ်တတ်တယ်။ ဖြစ်ရင်လည်း ခဏနဲ့ ပြန်ကောင်းပါလိမ့်မယ်။
လူမှုအိမ်ထောင် - အချစ်ရေးကဏ္ဍမှာ ပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ပတ်ဝန်းကျင်က ဝင်ပါပြီး ကြားကနေ ဒုက္ခပေးတတ်တယ်။ စိတ်ပူပန်စရာတွေ ဖြစ်တတ်တယ်။ အိမ်ထောင်ရေးမှာလည်း မကြည်လင်စရာ ဖြစ်မယ်။ အချင်းချင်း ကန့်လန့်တိုက်မိတတ်တယ်။ မိတ်ဆွေအပေါင်းအသင်း အကူအညီတွေတော့ ရလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ရွှေရောင် ၊ လိမ္မော်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၃ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္လာ
ယတြာ - မွေးနေ့ (အင်္ဂါ) မနက် အိမ်ကဘုရားမှာ အုန်းနို့ခေါက်ဆွဲ ဆွမ်းကပ်ပြီး လိုရာဆုတောင်းပေးပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - ဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးမှာဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မကျေလည်စရာတွေ ဖြစ်မယ်။ ရှေ့တိုးရ ၊ နောက်ဆုတ်ရခက်တဲ့ အခြေအနေတွေကို ကြုံရမယ်။ အလုပ်ရှေ့ရေးအတွက် ဝေခွဲရခက်တာတွေ ဖြစ်မယ်။ ငွေရေးကြေးရေးမှာတော့ ကံပွင့်၊ ကံကောင်းနေမယ်။
ကျန်းမာရေး - ဦးနှောက် အာရုံကြောနဲ့ ပတ်သက်လို့ သတိထားရမယ်။ ခေါင်းရှုပ်၊ အာရုံနောက်လွယ်မယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးကံဇာတာ ကောင်းနေမယ်။ စိတ်ချမ်းသာပြီး ကျေနပ်စရာတွေ ဖြစ်မယ်။ ချစ်သူ စုံတွဲတွေကြား အချိန်အခါကောင်းလေးတွေ ဖြတ်သန်းရမယ်။ အိမ်ထောင်ရှင်တွေကတော့ စိတ်ညစ်စရာတစ်ချို့ ကြုံတတ်တယ်။ ရပ်ဝေးက မိသားစုဝင်ရဲ့ အကူအညီ ရမယ်။ မိတ်ဆွေအပေါင်းအသင်းဆီက အကူအညီရမယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူကွက်၊ အနီဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ
ယတြာ - မွေးနေ့ ဗုဒ္ဓဟူးမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ရေသန့်အလှူဒါန ပြုလုပ်ပေးပါ။
ရာဟုဖွား
အလုပ်အကိုင် - လူမှုရေးပြဿနာကြောင့် လုပ်ငန်းခွင်မှာ ထိခိုက်တတ်တယ်။ ကိုယ့်အတွက် အကျိုးအမြတ်က မသေချာဘဲ အလုပ်တွေ လုပ်နေရလိမ့်မယ်။ စိတ်အနှောင့်အယှက်တွေလည်း များရမယ်။ လုပ်သာ လုပ်နေရပြီး ဘာခံစားခွင့်မှ မရှိသလို ဖြစ်နေမယ်။ အသေးအဖွဲတွေနဲ့ အလုပ်ရှုပ်အာရုံနောက်မယ်။ စီးပွားကံအားနည်းတယ်။
ကျန်းမာရေး - မကြာခဏ မေ့လျော့တာ၊ သတိမရတာတွေ ဖြစ်တတ်တယ်။ အနားယူအပန်းဖြေပေးပါ။
လူမှုအိမ်ထောင် - ဒီအပတ်မှာ လူမှုကိစ္စအရှုပ်အရှင်းတွေထဲ ပါဝင်မိတတ်တယ်။ ဖြစ်နိုင်သမျှတစ်ယောက်တည်း နေတာ ကောင်းမယ်။ လူအများနဲ့ စုစုဝေးဝေး နေထိုင်ပတ်သက်မိရင် ကိုယ်ပါ ရောပြီး ဒုက္ခရောက်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေပြေ ဖြစ်နေမယ်။ အချင်းချင်း နားလည်စာနာမှုတွေ တိုးပွားမယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၈ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ
ယတြာ - ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ စာကလေးနဲ့ ခိုတွေကို ဆန်ကွဲ ၈ ဆုပ်ကြဲပြီး ကျွေးမွေး ကုသိုလ်ယူပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွားကံဇာတာ မြင့်မားချိန် ဖြစ်တယ်။ ကိုယ်လုပ်သမျှ ကြံစည် ဆောင်ရွက်သမျှတွေ အလွယ်တကူနဲ့ အောင်မြင်တတ်တယ်။ အကျိုးတူစီးပွားဖက် ၊ အစုစပ်ရှယ်ယာတွေလည်း အကျိုးပေးလိမ့်မယ်။ လုပ်ချင်တာတွေ အများကြီးကို အောင်မြင်စွာ လုပ်ပြနိုင်မယ်။ ငွေကြေးကံလည်း အားကောင်းလာတတ်တယ်။
ကျန်းမာရေး - အသေးအဖွဲ ထိခိုက်မှုလေးတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် ဘာမှ မပြောပလောက်ပါ။
လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ အဆင်ပြေနေရာက ရုတ်တရက် ပြဿနာတွေ ထဖြစ်တတ်တယ်။ စိတ်တို စိတ်ဆတ်ပြီး နားလည်မှု လွဲတတ်တယ်။ အိမ်ထောင်ရေးမှာလည်း အသေးအဖွဲကိစ္စနဲ့ တကျက်ကျက် ဖြစ်မယ်။ ဒါပေမယ့် ပြဿနာကြီးကြီးမားမားတော့ မရှိပါ။ လူမှုရေးပိုင်းမှာ ကိုယ့်ဘက်က ကူညီရတာတွေပဲ များနေမယ်။
ကံကောင်းစေတဲ့ အရောင် - ခရမ်းဖျော့၊ အဖြူဆွတ်ဆွတ်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၉ ၊ ၂ ၊ ၆
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ
ယတြာ - တစ်ပတ်လုံး အိမ်ကဘုရားမှာ မနက်တိုင်း ကိတ်မုန့်နဲ့ ကော်ဖီ ဆွမ်းကပ်ပြီး လိုရာဆုတောင်းပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ ရေရှည်အကျိုးမျှော် ရင်းနှီးမြှုပ်နှံတဲ့အလုပ်တွေ ကောင်းမယ်။ ရေတိုအကျိုးကြည့် လုပ်တဲ့ ယာယီအလုပ်တွေ အဆုံးအရှုံး ဖြစ်တတ်တယ်။ ကိုယ်လုပ်တဲ့ အလုပ်တွေအားလုံးမှာ နှောင့်နှေးတာနဲ့ စိတ်မရှည်ချင်စရာတွေ ကြုံရလိမ့်မယ်။ အတော်လေး သည်းခံရလိမ့်မယ်။ ငွေကြေးကိစ္စ သိပ်အဆင်မပြေနိုင်ပါ။
ကျန်းမာရေး - ပုံမှန်ထက် အားနည်းတာ၊ နေလို့ထိုင်လို့ သိပ်မကောင်းတာ ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ခြေမငြိမ်သူ၊ စကားမတည်သူနဲ့ ဆုံရတတ်တယ်။ စုံတွဲတွေကြား မကြာခဏ စကားမှား၊ ကတိပျက်တာတွေ ဖြစ်မယ်။ အပြိုင်ကိစ္စတွေ ပေါ်တတ်တယ်။ အိမ်ထောင်ရှင်တွေမှာလည်း စိတ်ပူရ အာရုံနောက်ရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် ပြဿနာ မကြီးပါ။ မိတ်ဆွေကောင်းတွေ ကူညီကြလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ခရမ်း ၊ အနီဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ၊ သောကြာ
ယတြာ - တစ်ပတ်အတွင်း ရဟန်းသံဃာတွေကို သစ်သီးဆွမ်း ကပ်လှူပြီး ဆုတောင်းပါ။
စနေနေ့ဖွား
အလုပ်အကိုင် - စီးပွားရေးမှာ လုပ်ကိုင်နေကျထက် ခက်ခဲပင်ပန်း ရုန်းကန်ရတာ ပိုများလာမယ်။ အလုပ်တွေက လွယ်လွယ်နဲ့ မပြီးဘဲ ဖြစ်နေမယ်။ ကိုယ့်လုပ်ငန်းစီးပွားအတွက် ပူပန်ရတာတွေ များမယ်။ ဝန်ထမ်းဆိုရင်တော့ အဆင်ပြေမယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအဖို့ ခက်ခဲတဲ့သီတင်းပတ် ဖြစ်မယ်။ ငွေကြေးကိစ္စ ကြန့်ကြာလိမ့်မယ်။
ကျန်းမာရေး - မီး၊ လျှပ်စစ်နဲ့ နီးစပ်သူတွေ သတိထားရမယ်။ ဒူးနာ၊ သွားကိုက်တာမျိုးလည်း ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ အရှု့ပ်အရှင်းတချို့ ဖြစ်တတ်တယ်။ တွေဝေပြီး မပြတ်မသားနဲ့ စဉ်းစားစရာတွေ များလာမယ်။ အချင်းချင်းကြား သံသယတွေ ပွားတတ်တယ်။ ဒါကိုတော့ သတိပြုရလိမ့်မယ်။ ပြင်ပလူမှုဆက်ဆံရေးမှာ မလိမ့်တပတ်သမားတွေ ရှိနေမယ်။ ဘယ်ကိစ္စမဆို ကိုယ့်ကိုကိုယ်သာ ယုံကြည်ပါ။
ကံကောင်းစေတဲ့ အရောင် - အရောင်ရင့် ၊ မီးခိုးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၄ ၊ ၈
ကံကောင်းစေတဲ့ အရပ် - အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ အင်္ဂါ
ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရင် ပြေသလို ဒုက္ခိတွေ၊ ခြေလက်မကောင်းသူတွေကို လှူဒါန်းပေးပါ။

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..