သင်ရွေးချယ်လိုက်တဲ့ အနီရောင်ပုံက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2020-11-29

Shutterstock/ Zeljko Radojko& IChaikova& OGdesign& Serhiy Shullye

အနီရောင်ကြိုက်တဲ့လူတွေ ရှိလား? အနီရောင်ဟာ ဝမ်းမြောက်ခြင်း၊ တက်ကြွခြင်း၊ စိတ်အားထက်သန်ခြင်း၊ ချစ်ခြင်း နဲ့ နွေးထွေးခြင်း စတဲ့မတူညီတဲ့ ရသမျိုးစုံကို ကိုယ်စားပြုတဲ့ အရောင်တစ်ရောင်ပါ။ သင်ဟာလည်း အနီရောင် နှစ်သက်တဲ့လူတစ်ယောက်ဆိုရင် ဒီ Quiz လေးကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို စမ်းသပ်ကြည့်လိုက်ပါ။ အနီရောင်နဲ့ ဖော်ကျူးထားတဲ့ ပုံ၄ပုံကို ပေးထားမှာဖြစ်ပြီး ပုံတွေထဲက သင့်စိတ်ကိုအစွဲဆောင်ဆုံး တစ်ပုံကိုရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်လိုက်ရအောင်နော်….

(၁) အနီရောင်ပန်း




Shutterstock/ IChaikova

သင်ဟာ စိတ်ခံစားချက် ပြင်းထန်တဲ့ လူတစ်ယောက်လို့ပြောရပါမယ်။ သင့်မှာ ကိုယ်ပိုင်စိတ်ကူး အကြံဉာဏ်တွေ အများကြီးရှိတဲ့အပြင် မိတ်ဆွေအပေါင်းအသင်း ပေါများတဲ့အတွက် သင့်ကိုမသိတဲ့လူ၊ မရင်းနှီးတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် သင့်ဘဝမှာ ပြည့်စုံအောင်မြင်နေတဲ့အတွက် သင့်မှာ စိတ်အားထက်သန်မှု မရှိပါဘူး။ ဒါ့အပြင် အပြောမခံ အဆိုမခံတဲ့ ဆတ်ဆတ်ထိခံတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် သင့်အမြင်နဲ့ တခြားသူတွေရဲ့ အမြင်ဟာ ကွဲပြားနေတတ်ပါတယ်။ ဒါကြောင့် လူတွေက သင့်ကိုနားလည်ရခက်ပြီး သင့်ယုံကြည်မှုကို လွယ်လွယ်မရကြပါဘူး။ အကြံပေးချင်တာက မိမိအမြင်တစ်ခုထဲကိုပဲ တဖက်သက်မယုံကြည်ပဲ တခြားလူတွေရဲ့ အမြင်ကိုလည်း လေ့လာဆန်းစစ်ပြီး လက်ခံပေးပါ။ ဒါမှ သင့်အနေနဲ့ ပိုကောင်းတဲ့ရလဒ်တွေကို ဖန်တီးနိုင်မှာပါ။



(၂) သဲကန်တရ




Shutterstock/ Zeljko Radojko

သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘယ်ကိစ္စကိုမဆို စနစ်တကျလုပ်ဆောင်တတ်ပါတယ်။ ဒါ့အပြင် သင်ဟာ တခြားသူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် နည်းပေးလမ်းပြ လုပ်ပေးတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီအကျင့်ကြောင့်ပဲ သင်ဟာ တစ်ခါတစ်လေ ဝမ်းနည်းရတတ်ပါတယ်။ ဆိုလိုတာက တခြားသူတွေကို ယုံကြည်မှုရှိအောင် လုပ်ပေးနေတဲ့သင်ဟာ လက်တွေ့မှာ မိမိရဲ့ပျော်ရွှင်မှုတွေကို စွန့်ပစ်နေရသလို ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ အတိတ်က ပြဿနာတွေကို အရမ်းအာရုံစိုက်လွန်းနေပြီး လက်တွေ့မှာ မပျော်မရွှင်ဖြစ်နေရပါတယ်။ အကြံပေးချင်တာက ပိုကောင်းမွန်ပြီး ပျော်ရွှင်တဲ့ လူနေမှုဘဝရအောင် အတိတ်ထဲမှာ နစ်မွန်းမနေသင့်ပဲ အခုလက်ရှိအခြေအနေကိုပဲ ဂရုစိုက်သင့်ပါတယ်။ တ။၂ထျ

(၃) အနီရောင်ဖယောင်းတိုင်




Shutterstock/ OGdesign

သင်ဟာ ဦးစီးဦးဆောင်နိုင်တဲ့စိတ် အပြည့်ရှိသူတစ်ယောက်ပါ။ ပြောရရင် လူတွေကို ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့သူပေါ့။ သင်ဟာ မိမိဘဝနဲ့ မိမိပတ်ဝန်းကျင်ကို တိုးတတ်အောင် ဖန်တီးချင်တဲ့စိတ် အပြည့်ရှိသူပါ။ တခြားလူတွေအမြင်မှာ သင်ဟာ ဘဝမှာရင်ဆိုင်ရတဲ့ ကိစ္စအဝဝကို လက်ခံနိုင်စွမ်းရှိပြီး ဆုံးဖြတ်ပြီးရင် ဘယ်အရာကိုမဆို ဖြစ်အောင် လုပ်တတ်တဲ့လူမျိုးလို့ မှတ်ချက်ပေးတတ်ပါတယ်။ သင်စီစဉ်ထားတဲ့ ကိစ္စတစ်ခုဟာ သင်ထင်သလိုဖြစ်မလာခဲ့ရင် သင်ဟာအရမ်းစိတ်ဆိုးတတ်ပါတယ်။ တစ်ခါတစ်လေ သင်ထမ်းထားရတဲ့ တာဝန်ဝတ္တရားတွေဟာ သိပ်များပြားလွန်းတဲ့အတွက် ကတိပေးတာမျိုးတွေ လုပ်လေ့မရှိပါဘူး။ အကြံပေးချင်တာက အဓိပ္ပာယ်မရှိတဲ့ အောင်မြင်မှုတွေကို မက်မောမနေပဲ ကိုယ့်ကိုယ်ကို ပျော်ရွှင်စေနိုင်မယ့် အောင်မြင်မှုမျိုးကိုသာ ဖန်တီးနိုင်ဖို့ သင့်အချိန်တွေကို ကုန်ဆုံးပါ။



(၄) ချယ်ရီသီး




Shutterstock/ Serhiy Shullye

သင်ဟာ ပျော်ပျော်နေတတ်ပြီး စွန့်စားလိုစိတ်အပြည့်ရှိတဲ့အပြင် စိတ်အားထက်သန်မှု အပြည့်ရှိသူတစ်ယောက်ပါ။ ဒါ့အပြင် အကောင်းမြင်စိတ်ရှိတဲ့အပြင် ပြဿနာတွေကို ရှောင်ရှားပြီး နေတတ်ပါတယ်။ သင်ဟာ ထပ်တလဲလဲလုပ်နေရတဲ့ အရာတွေကို ငြီးငွေ့တဲ့အတွက် စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ပြီး ပြောင်းလဲမှုတွေ လုပ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုစွန့်စားတတ်တဲ့ စိတ်ဓာတ်ကြောင့် သင်ဟာ သင့်ဘဝကို တိုးတက်အောင်မြင်စေမယ့် ကိစ္စတွေကို နောက်ကိုရွေ့ထားတတ်ပါတယ်။ အကြံပေးချင်တာက သင့်ဆီမှာ နဂိုပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေနဲ့ စိတ်ထားတွေကြောင့် သင်ဟာ ဘဝမှာ အခက်အခဲတွေကို ကျော်လွှားနိုင်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလေး ပိုထားပေးရင် အဆင်ပြေသွားမှာပါ။

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..