၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၀.၁.၂၀၂၁ မှ ၁၆.၁.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-01-10

တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွားအခြေအနေ ဆက်ကောင်းနိုင်တဲ့ သီတင်းပတ် ဖြစ်တယ်။ အလုပ်သစ် စတင်တာ ၊ စီးပွားတိုးချဲ့တာတွေလည်း အဆင်ပြေလိမ့်မယ်။ ကိုယ့်ကို နေရာ၊ အခွင့်အရေးတွေ ပေးလာမယ်။ အကြီးအကဲ နဲ့ အစိုးရ၊အာဏာပိုင်တွေက ကူညီထောက်ပံ့ကြမယ်။ ငွေကြေးကိစ္စမှာတော့ စိတ်ပူပန်ပြီးမှ အဆင်ပြေလိမ့်မယ်။ 
ကျန်းမာရေး - ကိုယ်ခံအား ကောင်းနေချိန် ဖြစ်လို့ တော်ရုံ ရောဂါဘယ မဝင်နိုင်ဘူး။ ကျန်းမာဘေးကင်းမယ်။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ကူညီမလိုနဲ့ ဒုက္ခပေးသူတွေပဲ ပေါ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးရာ စိတ်မချမ်းသာစရာတွေကြောင့် တခြားကိစ္စတွေပါ ထိခိုက်တတ်တယ်။ ချစ်သူ၊ စုံတွဲတွေကြား နားလည်မှု ရှားပြီး အချင်းများရတတ်တယ်။ လက်တွဲဖော်နဲ့ပတ်သက်လို့ စိတ်ညစ်ရပေမယ့် မိတ်ဆွေတွေက ရပ်တည်ပေးကြမယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အဝါဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ
ယတြာ - စေတီတစ်ဆူမှာ ညလုံးပေါက် မီးအလင်း ပူဇော်တဲ့ ကုသိုလ်ကို တစ်ပတ်အတွင်း နှစ်ကြိမ် ပြုလုပ်ပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်နဲ့ ပတ်သက်လို့ အကြိတ်အနယ် ငြင်းခုံရ၊ ပြိုင်ဆိုင်ရတာတွေ ရှိလာမယ်။ လုပ်ငန်းခွင်ထဲမှာလည်း ဒေါသထွက်စရာတွေ ဖြစ်လာတတ်တယ်။ ဝန်ထမ်းတွေဆို ပိုပြီး သတိထားရလိမ့်မယ်။ လုပ်မှားကိုင်မှား ဖြစ်ပြီး ဖြေရှင်းရတတ်တယ်။ ငွေကြေးကံတော့ ကောင်းလိမ့်မယ်။ များများစားစား ဝင်လိမ့်မယ်။
ကျန်းမာရေး - စိတ်ရှုပ်လွယ်ပြီး ခေါင်းတွေ နောက်လာတတ်တယ်။ ကျန်းမာရေး နည်းနည်း အညံ့ ရှိနိုင်တယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်လာမယ်။ ချစ်သူစုံတွဲတွေကြား ဆတ်ဆတ်ထိမခံနိုင်စရာတွေ ဖြစ်တတ်တယ်။ အချင်းချင်း သည်းညည်းခံဖို့ လိုမယ်။ လူမှုရေးမှာ ကိုယ်ကချည်း အနစ်နာခံရတာမျိုး ဖြစ်မယ်။ လူစုလူဝေးနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ သတိပြုရမယ်။ သူတပါးဒဏ်ကို ခံရမယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အဝါဖျော့၊ အညို
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ
ယတြာ - မနက်တိုင်း အိမ်ကဘုရားမှာ ကိတ်မုန့်နဲ့ ဆွမ်း မကြာခဏ ကပ်ပါ။ သံဃာတွေကို ဝထ္ထုငွေ ကပ်ပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကိစ္စ မရေမရာတွေ များမယ်။ ကိုယ်တိုင်ကလည်း မကောင်းမြင်တာများပြီး အပျက်ချည်း လုပ်မိတတ်တယ်။ လုပ်လက်စတွေ မပြီးပြတ်ဘဲ အာရုံတွေ များနေမယ်။ အကျိုးအမြတ်ကလည်း မသေချာဘဲ ဖြစ်နေမယ်။ ရစရာပေးစရာတွေ ဝေ့လည်လိမ့်မယ်။ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့ ဖြစ်မယ်။
ကျန်းမာရေး - အသွားအလာ အနေအထိုင် သတိထားရမယ်။ မထင်မှတ်ဘဲ ထိခိုက်ဒဏ်ရာ ရတတ်တယ်။ 
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းမယ့် သီတင်းပတ် ဖြစ်တယ်။ လူအများက ထောပနာ ပြုရတဲ့ စုံတွဲ ဖြစ်လာမယ်။ ပြဿနာတွေ အေးချမ်းသွားမယ်။ လူကြီးသူမတွေကလည်း အသိအမှတ်ပြုလိမ့်မယ်။ ချစ်သူ၊ လက်တွဲဖော်ရဲ့ အကျိုးကျေးဇူးကို ခံစားခွင့် ရမယ်။ လူမှုဆက်ဆံရေးမှာတော့ စိတ်ပျက်စရာတွေ ရှိမယ်။
ကံကောင်းစေတဲ့ အရောင် - လိမ္မော်ရင့် ၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး
ယတြာ - မွေးနေ့ ညနေမှာ ညောင်ပင်ကြီးရှိရာကို သွားပြီး အမွှေးနံ့သာရေ ၈ ခွက် လောင်းလှူ ဆုတောင်းပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - အလုပ်၊ စီးပွားကိစ္စတွေမှာ အခွင့်အလမ်းတွေ မြင်ရပါရက်နဲ့ ကိုယ်တိုင်က စိတ်များ ဒွိဟများလို့ အခွင့်ကောင်းနဲ့ လွဲရတတ်တယ်။ ရလာတဲ့ ခွင်တွေကို အမိမဖမ်းနိုင်ဘဲ လျစ်လျူရှုမိတတ်တယ်။ စီးပွားရေးကိစ္စ အတော်များများ အဆင်ပြေဖို့ ရှိတယ်။ စပ်တူရှယ်ယာတွေ အကျိုးပေးမယ်။ ငွေကြေးကိစ္စတော့ စိတ်ညစ်ရမယ်။
ကျန်းမာရေး - အစာမကြေတာ၊ အစားမှားတာတွေ ဖြစ်တတ်တယ်။ ကျန်းမာရေးအညံ့ ကြီးကြီးမားမား မရှိပါ။
လူမှုအိမ်ထောင် - ချစ်သူစုံတွဲတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် အလိုမကျစရာတွေ၊ စိတ်ကွက်စရာတွေ အဖြစ် များလာနိုင်တယ်။ အမြင်မတူရာကနေ ပြဿနာတွေ စတင်တတ်တယ်။ ဒါပေမယ့် ခဏလေးနဲ့ ပြေလည် ငြိမ်းချမ်းမှု ရမယ်။ မိတ်ဆွေအပေါင်းအသင်း အကူအညီတွေ ပေးမယ်။ မတည့် အတူနေသလိုတွေ ဖြစ်နေမယ်။ 
ကံကောင်းစေတဲ့ အရောင် - တောက်ပသော အနီ ၊ အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄ ၊ ၅
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ စနေ
ယတြာ - တနင်္ဂနွေနေ့မှာ ရဟန်းသံဃာ (သို့) သီလရှင်တွေကို အားဆေးနဲ့ စတုမဓူတွေ လှူဒါန်းပေးပါ။
ရာဟုဖွား
အလုပ်အကိုင် - ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ ထိခိုက်နစ်နာတတ်မယ်။ ဒါပေမယ့် ရိုးရိုးအလုပ်တွေမှာက အောင်မြင်မှုတွေ ရလိမ့်မယ်။ အကြီးအကဲ၊ ဆရာသမားတွေက ကြည့်ရှုစောင့်ရှောက်မယ်။ မပြီးဘဲ ကျန်ရစ်ခဲ့တဲ့ အလုပ်မျိုးတွေ လက်စသတ်နိုင်မယ်။ အလုပ်ဟောင်းတွေ ပြန်ကောင်းမယ်။ ငွေအတွက် စကားများရလိမ့်မယ်။
ကျန်းမာရေး - အအေးပတ်တာ၊ ရေချိုးမှားတာနဲ့ လေးလံထိုင်းမှိုင်းတာမျိုးတွေ ဖြစ်တတ်တယ်။ ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ များမယ်။ အတူနေ မိသားစုချင်းလည်းတွေပါ မသင့်မမြတ်တွေ ထဖြစ်တတ်တယ်။ ဟိုက အဖြူဆို ကိုယ်က မဲပစ်ဖို့ ဝန်မလေးဘဲ ဖြစ်နေမယ်။ အောက်လူတွေ ငယ်သူတွေနဲ့ပါ ရန်စကားများရတတ်တယ်။ ကိုယ်ကလည်း အတွေးတွေ များပြီး အလကားနေ စိတ်ရှုပ်နေမယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အနီရဲရဲ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၉ 
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ
ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာ ရက်တွေမှာ ဆင်းရဲနွမ်းပါးသူတွေကို ဘုရားလှူဖို့ ပန်းဝယ်ပေးပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှု တုံ့ဆိုင်းသွားနိုင်တယ်။ ပုံမှန်အတိုင်းလို ဆက်လုပ်လို့ မရတော့ဘဲ ခက်ခက်ခဲခဲ ဖြစ်လာမယ်။ အနှောင့်အယှက်တွေကလည်း ဘက်ပေါင်းစုံကနေ ဝန်းရံ ပေါ်ပေါက်လာမယ်။ အလုပ်ကံ အားနည်းပေမယ့် ငွေကြေးကံတော့ ကောင်းတယ်။ ကံစမ်းတာတွေ လုပ်ပေးပါ။ 
ကျန်းမာရေး - ကိုယ်ခံအားနည်းချင်သလို ဖြစ်တတ်ပေမယ့် ပူစရာ မလိုပါ။ ကျန်းမာဘေးကင်းပါလိမ့်မယ်။
လူမှုအိမ်ထောင် - ချစ်သူစုံတွဲတွေကြား မကြာခဏ ပဋိပက္ခ ဖြစ်တတ်တယ်။ အထင်အမြင်လွဲရာကနေ ပြဿနာ ပိုကြီးသွားနိုင်တယ်။ လင်မယားတွေဆိုရင်လည်း ကတောက်ကဆ အဖြစ်များမယ်။ မေတ္တာရေးကံ အားနည်းလို့ တစ်ဦးအပေါ်တစ်ဦး သည်းညည်းခံဖို့ လိုမယ်။ တစ်ခုခုဆို အကြီးအကဲတွေ၊မိတ်ဆွေတွေနဲ့သာ တိုင်ပင်ကြည့်ပါ။
ကံကောင်းစေတဲ့ အရောင် - အဖြူဆွတ်ဆွတ်၊ အဝါရင့် 
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့ 
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး 
ယတြာ - မြေနေသတ္တဝါတွေကို ရည်ရွယ်ပြီး ဆန်ကြဲပက်လှူဒါန်းပါ။ ဘုရားမှာ နေ့စဉ် သောက်တော်ရေကပ်ပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းငယ်ကစလို့ လုပ်ငန်းကြီးအထိ ကိုယ့်စီးပွားကိုယ် အေးအေးသက်သာစွာနဲ့ မလုပ်ရဘဲ ဖြစ်နေမယ်။ ဘက်ပေါင်းစုံက ဝိုင်းဝန်းတိုက်ခိုက် နှောင့်ယှက်တာမျိုး ခံရမယ်။ လုပ်ငန်းခွင်မှာလည်း စိတ်မကြည်မလင်ဘဲ လုပ်နေရမယ်။ အလုပ်တွေလည်း ပိုများလာမယ်။ ငွေကြေးကံကတော့ ပုံမှန်ပဲ ရှိလိမ့်မယ်။
ကျန်းမာရေး - အစားမှား ဆေးမှား ဖြစ်တတ်တယ်။ အစားအသောက် အနေအထိုင် သတိထားမှ ဖြစ်မယ်။ 
လူမှုအိမ်ထောင် - အိမ်ထောင်ရှင်တွေအဖို့ ဒီအပတ်မှာ လက်တွဲဖော်ရဲ့အကူအညီတွေ ရမယ်။ သတင်းကောင်း ကြားရမယ်။ လူငယ်တွေ အချစ်ရေးမှာတော့ အပြိုင်တွဲတာမျိုး ဖြစ်တတ်တယ်။ အချင်းချင်း စိတ်မရှင်း ဖြစ်မယ်။ ဆွေမျိုးသားချင်းထဲက သြဇာကြီးသူတွေ ကူညီပံ့ပိုးမယ်။ ကိုယ့်အနားက မိတ်ဆွေတွေကြောင့် ဒုက္ခ ဖြစ်မယ်။
ကံကောင်းစေတဲ့ အရောင် - အရောင်ရင့်အရောင်မှိုင်းများ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၀ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ ကြာသပတေး
ယတြာ - တစ်ပတ်အတွင်း အချိန်ရရင် ရသလို ဘုန်းကြီးကျောင်း၊ စေတီတွေမှာ သန့်ရှင်းရေးကုသိုလ်ယူပါ။ 
စနေနေ့ဖွား
အလုပ်အကိုင် - အပြိုင်အဆိုင်တွေ၊ အနှောင့်အယှက်တွေကြားကနေ အလုပ်တွေ ဆက်ကောင်းနိုင်သေးတယ်။ စီးပွားရေးမှာ လူကြီးသူမတွေ၊ အာဏာပိုင်တွေက ကူညီထောက်ပံ့လာလိမ့်မယ်။ လုပ်ငန်းတွေက အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်လည်ပတ်နိုင်တယ်။ ငွေကြေးကိစ္စမှာလည်း ထူးထူးခြားခြား ကံတွေ ကောင်းလာမယ်။
ကျန်းမာရေး - ဆီး၊ ကျောက်ကပ်နဲ့ ပတ်သက်လို့ သတိထားရမယ်။ ဒါပေမယ့် ဘေးအန္တရာယ်ကြီး မရှိနိုင်ပါ။   
လူမှုအိမ်ထောင် - မေတ္တာရေးမှာ အေးချမ်းမှုတွေ ပြည့်နှက်လာမယ်။ အချင်းချင်းကြား နားလည်မှုတွေ တိုးပြီး စိတ်ရောကိုယ်ပါ ချမ်းသာရမယ်။ လူပျိုလူလွတ်တွေဆိုရင် စန်းပွင့်မျက်နှာပွင့် ဖြစ်တတ်တယ်။ အိမ်ထောင်ရေး စိတ်ချမ်းမြေ့ရမယ်။ ပြင်ပလူမှုရေးမှာတော့ ကိုယ့်ကို သိပ်မကြည်သူတွေ ရှိမယ်။ ပြင်ပရန်ကို သတိထားရမယ်။
ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ အဖြူဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁
ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ
ယတြာ - ဗုဒ္ဓဟူးနေ့ မနက်စောစော အိမ်က ဘုရားမှာ အုန်း ၆ ညွှန့်နဲ့ ရွှေပြား ၆ ချပ် ကပ်လှူပေးပါ။

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..