၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၇.၁.၂၀၂၁ မှ ၂၃.၁.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-01-17

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ကြံစည်လုပ်ဆောင်သမျှ အောင်မြင်တာက များမယ်။ အကြီးအကဲတွေက မစကူညီလိမ့်မယ်။ လုပ်ငန်းသစ် တိုးချဲ့တာ ဖြစ်ဖြစ်၊ လုပ်ငန်း ပြောင်းတာ ဖြစ်ဖြစ် အဆင်ပြေမယ်။ အစိုးရအာဏာပိုင်နဲ့ဆက်စပ်တဲ့ အလုပ်တွေ ကောင်းတယ်။ ဝန်ထမ်းတွေမှာ ရွေးရခက်တဲ့အခွင့်အရေးတွေ ရမယ်။ ငွေကြေးကံ ပုံမှန်ရှိနေမယ်။

ကျန်းမာရေး - အရမ်း အပင်ပန်းခံ လုပ်တာတွေ လျှော့ရမယ်။ ကျန်တဲ့ ကျန်းမာရေးပြဿနာ မရှိနိုင်ပါ။

လူမှုအိမ်ထောင် - ချစ်သူ၊ အိမ်ထောင်ဖက်တွေကြားမှာ ခိုက်ရန်စကားများရတာတွေ ဖြစ်တတ်တယ်။ နှလုံးသား မေတ္တာရေးကံ အားနည်းချိန် ဖြစ်တယ်။ အိမ်တွင်းမိသားစုရေးအတွက်လည်း ပူပန်ရတတ်တယ်။ ဒါပေမဲ့ ပြင်ပ လူမှုဆက်ဆံရေးမှာ မိတ်ဆွေ၊ ဆရာသမားတွေရဲ့ အကူအညီ ရမယ်။ ပညာရေးကိစ္စတွေ ထူးခြားတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါနု ၊ လိမ္မော်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၉ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ စနေ

ယတြာ - ဖခင် (သို့မဟုတ်) အကြီးအကဲတစ်ဦးကို ဦးထုပ် ၊ ထီး (သို့မဟုတ်) အားဆေးတစ်ခုခု ပေးလိုက်ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ငွေကြေးကံကောင်းမယ့် သီတင်းပတ် ဖြစ်တယ်။ အထုပ်အထည်နဲ့ ရတတ်တယ်။ ငွေကံပွင့်ပြီး ရပေါက်ရလမ်းသစ်တွေ ပေါ်လာနိုင်တယ်။ ဒါပေမယ့် လုပ်ငန်းကံတော့ အားနည်းမယ်။ အလုပ်မှာ ဒေါသထွက်ရ စိတ်တိုရတာတွေ များမယ်။ အောက်လူငယ်သားက ဒုက္ခပေးတတ်တယ်။ စိတ်လိုက်မာန်ပါ မလုပ်ဖို့ သတိပြုပါ။

ကျန်းမာရေး - နေထိုင်မကောင်း ဖြစ်တတ်ပေမယ့် ခဏနဲ့ ပြန်သက်သာမယ်။ သွေးထွက်သံယို ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ကြားလူဝင်တာမျိုး ဖြစ်တတ်တယ်။ သူတပါးက ဝင်စွက်တာ၊ ကြားဝင်တာ ခံရတတ်တယ်။ အချင်းချင်း စိတ်ရှည်သည်းခံနိုင်ဖို့ လိုမယ်။ လက်တွဲဖော်နဲ့ ပတ်သက်လို့ စိတ်သောက ဖြစ်မယ်။ ဒီအပတ်မှာ အရေးကြီး ဆုံးဖြတ်ချက်တွေ ခဏ ဆိုင်းထားသင့်တယ်။ အလျင်စလို လုပ်ရင် အမှားတွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - အညို၊ အရောင်ရင့်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အနောက်စူးစူး

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး

ယတြာ - မွေးနေ့နဲ့ ကြာသပတေးနေ့ မနက်ခင်းတွေမှာ အိမ်ကဘုရားမှာ ကိတ်မုန့် ၅ ချပ် ကပ်လှူပေးရမယ်။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းတွေအဖို့ ဒီအပတ်မှာ အတော်လေး သတိထားလုပ်ကိုင်ရမယ်။ လုပ်ငန်းခွင် ပြဿနာ အရှုပ်အရှင်းတွေထဲ ပါဝင်ပတ်သက်မိတတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းတွေမှာလည်း မရေရာတာတွေ များနေမယ်။ အရှုံးအမြတ်မပေါ်ဘဲ ဖြစ်မယ်။ လက်စမသတ်နိုင်တာတွေ များမယ်။ ငွေကြေးကိစ္စလည်း မတည်မငြိမ် ဖြစ်မယ်။

ကျန်းမာရေး - မီး၊ လက်နက်၊ အပူနဲ့ နီးစပ်သူတွေ သတိပြုရမယ်။ ထိခိုက်ရှနာတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ်မှာ နှလုံးသားရေး ကံကောင်းတာ များမယ်။ လူငယ်စုံတွဲတွေကြား နားလည်ဖေးမမှုနဲ့ အေးချမ်းမှုတွေ ပြည့်စုံမယ်။ ချစ်သူလက်တွဲဖော်၊ အိမ်ထောင်ဖက်ဆီက အကူအညီတွေလည်း ရရှိလာနိုင်တယ်။ မိသားစုထဲမှာလည်း ပျော်ရွှင်စရာတွေ ရှိလာမယ်။ လူမှုဆက်ဆံရေးမှာတော့ အပေါင်းအသင်းကို သတိပြုရမယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ကြာသပတေး

ယတြာ - ကိုယ်လက်အင်္ဂါ ချို့တဲ့သူ၊ အလွန် နွမ်းပါးသူတွေကို အစာအာဟာရ မကြာခဏ ဒါနပြုပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်တွေ ထူးခြားကောင်းမွန်လာဖို့ ရှိတယ်။ အကြီးအကဲတွေ၊ အုပ်ချုပ်မှုပိုင်းက လူတွေရဲ့ အကူအညီအထောက်အပံ့တွေလည်း ရတတ်တယ်။ ဝန်ထမ်းဆိုရင် စိတ်ညစ်စရာကြားက အောင်မြင် အဆင်ပြေမှုတွေ ကြုံရမယ်။ ငွေကြေးကိစ္စတော့ သတိထားရမယ်။ အကုန်အကျ များပြီး လာဘ်ပိတ်တတ်တယ်။

ကျန်းမာရေး - ရေချိုးမှားတာ၊ အအေးပတ်တာတွေ ဖြစ်တတ်တယ်။ အစာမကြေဘဲ ရင်ပြည့်နေတတ်တယ်။

လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်။ ကိုယ့်အတွက် မမျှော်လင့်တဲ့ ကူညီဖေးမမှုတွေ ရလာတတ်တယ်။ နှလုံးသားရေးမှာတော့ အဖုအထစ်တွေ များမယ်။ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ စကားများရတတ်တယ်။ အိမ်တွင်းမိသားစုရေးမှာ စိတ်သောကတချို့ ဖြစ်မယ်။ ကိုယ်တိုင်က အာရုံများနေမယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ လိမ္မော်ရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ စနေ

ယတြာ - တစ်ပတ်အတွင်း မကြာခဏဆိုသလို အိမ်ကဘုရားမှာ ပေါင်မုန့်အုန်းနို့ဆမ်း ကပ်လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - တစ်ဦးတစ်ယောက်ကောင်း လုပ်ငန်းထက် အများနဲ့တွဲလုပ်တဲ့၊ လူအများနဲ့ အကျိုးတူ လုပ်တဲ့ စပ်တူရှယ်ယာတွေက ပိုကောင်းမယ်။ ကိုယ့်အလုပ်မှာလည်း အတော်သင့် အဆင်ပြေမယ်။ ဒါပေမယ့် ကိုယ်က စိတ်မပါလက်မပါ ဖြစ်တာ၊ အာရုံများတာကိုတော့ ပြင်ရမယ်။ ငွေကြေးကံ အားနည်းလို့ အပေးအယူ သတိပြုပါ။

ကျန်းမာရေး - အတွေးလွန်တာ၊ ခေါင်းရှုပ်တာတွေကြောင့် အာရုံကြောတွေ အားနည်းတတ်တယ်။

လူမှုအိမ်ထောင် - ခင်မင်ရင်းနှီးသူတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ လူရင်းတွေကြား နားလည်မှုတွေ လွဲတာ၊ စကားအခြေအတင် ဖြစ်ရတာမျိုး ရှိမယ်။ နှလုံးသားရေးမှာလည်း အချင်းချင်း စိတ်ခုစရာလေးတွေ ဖြစ်နေမယ်။ ဒီအပတ်မှာ ကိုယ့်ကိစ္စ မဟုတ်တာတွေထဲ ပါဝင်လုပ်ကိုင်တာ၊ အပိုကိစ္စတွေ ဝင်ပါတာမိတာတွေကို ရှောင်ပါ။

ကံကောင်းစေတဲ့ အရောင် - အဖြူဖျော့ ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅

ကံကောင်းစေတဲ့ အရပ် - အနောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ

ယတြာ - ကိုယ့်အနားဝန်းကျင်က ကလေးတွေကို စားချင်တဲ့ မုန့်ဝယ်ကျွေးပြီး လိုရာ ဆန္ဒပြု ဆုတောင်းပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အရင် ဆက်သွယ်ဖူးပတ်သက်ဖူးတဲ့ လူဟောင်း၊ အလုပ်ဟောင်းတွေနဲ့ ပြန်ချိတ်မိတတ်တယ်။ ဒါပေမယ့် အလုပ်စီးပွားကံဇာတာ အားနည်းချိန် ဖြစ်လို့ ဘယ်ကိစ္စမဆို သတိထား လုပ်ရလိမ့်မယ်။ အလုပ်ထဲမှာ ပင်ပန်းရ ရုန်းကန်ရတာတွေ များမယ်။ ဝန်ထမ်းတွေတော့ အဆင်ပြေမယ်။ ငွေကြေးကိစ္စတွေ ကံကောင်းမယ်။

ကျန်းမာရေး - ခေါင်းရှုပ်စရာတွေ လျှော့ပါ။ အပူအစပ်တွေလည်း ရှောင်ပါ။ ဒါဆို နေထိုင်ကောင်းပါလိမ့်မယ်။

လူမှုအိမ်ထောင် - ဒီအပတ်မှာလည်း မေတ္တာရေးကံ အညံ့ ရှိနေဦးမယ်။ လူပျိုလူလွတ်တွေ မျှော်လင့်ထားတာနဲ့ တခြားစီ ကြုံရမယ်။ စုံတွဲတွေလည်း မကြာခဏ စကားများ ရန်များရတတ်တယ်။ အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်လာတတ်တယ်။ ဘေးက မိသားစု၊ ဆွေမျိုးသားချင်းတွေပါ ပါလာနိုင်တယ်။ မိတ်ဆွေကံတော့ ကောင်းမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ ပဲထမင်းနဲ့ ဆွမ်းကပ်ပြီး ကော်ဖီ ၁ ခွက်ပါ ကပ်လှူပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - လူရောစိတ်ပါ ပင်ပန်းစရာတွေ များပြီး အလုပ်မှာလည်း အတိုက်အခိုက်တွေ ပေါများလိမ့်မယ်။ ဝန်ထမ်းတွေတော့ ခါတိုင်းထက် အဆင်ပြေမယ်။ လုပ်ငန်းရှင်တွေကတော့ အပြိုင်အဆိုင် များပြီး စိတ်သောက များရမယ်။ စိတ်လောပြီး ဆုံးဖြတ်ချက် မြန်လို့ အမှားအယွင်း ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ မရေမရာ များမယ်။

ကျန်းမာရေး - တစ်ပတ်လုံး နေလို့ထိုင်လို့ မကောင်းဘဲ ဖြစ်နေမယ်။ အစားမှားဆေးမှားတာမျိုး ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အရှုပ်အရှင်းတွေ ဖြစ်တတ်တယ်။ ခြေများ ခြေမငြိမ်သူနဲ့ ဆုံဆည်းတတ်လို့ ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။ ကိုယ့်နှလုံးသားရေးမှာ ဘေးလူက ကြားဝင်တတ်တယ်။ ဒါပေမယ့် အိမ်တွင်း မိသားစုရေးမှာ ကံကောင်းနေမယ်။ ပျော်ရွှင်စရာတွေ ကြားရသိရမယ်။ အပေါင်းအသင်းကြောင့် စိတ်ညစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီတောက်တောက်၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - တစ်ပတ်အတွင်း မကြာခဏဆိုသလို ငါးစာကျွေးတာ၊ ငါးလွှတ်တာတွေ လုပ်ပြီး ကုသိုလ်ယူပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းတွေအဖို့ လုပ်ငန်းခွင်ထဲမှာ ပြဿနာများမယ့် ကာလ ဖြစ်တယ်။ လုပ်ငန်းရှင်တွေတော့ ကံကောင်းပြီး စီးပွားဖြစ်နိုင်တယ်။ လုပ်လိုက်တဲ့ အလုပ်တွေတိုင်း အောင်မြင်တာ များမယ်။ အကြီးအကဲတွေက ကူညီကြလိမ့်မယ်။ ငွေရေးကြေးရေးလည်း ကံကောင်းနေမယ်။ အနှောင့်အယှက် ရှိပေမယ့် ကျော်ဖြတ်နိုင်မယ်။

ကျန်းမာရေး - အမျိုးသမီးတွေ ဓမ္မတာနဲ့ ပတ်သက်လု့ိ သတိထားရမယ်။ ကျန်တဲ့ ဘေးဥပဒ် မရှိနိုင်ပါ။

လူမှုအိမ်ထောင် - ကိုယ့်ကို မနာလို တိုက်ခိုက်ချင်သူတွေ ရှိနေမယ်။ အဝေးကရောအနီးကပါ ပြဿနာ ရှာချင် ရန်မီးပွားချင်သူတွေ ရှိနေတတ်တယ်။ အနေအထိုင် အသွားအလာ သတိထားရမယ်။ နှလုံးသားရေးမှာတော့ ပျော်ရွှင်ကြည်နူးစရာတွေ ဖြစ်မယ်။ လူငယ်တွေ စန်းပွင့်မျက်နှာပွင့် ဖြစ်တတ်တယ်။ ရည်ရွယ်ချက် ပြည့်ဝမယ်။

ကံကောင်းစေတဲ့ အရောင် - လိမ္မော်ရင့် ၊ အစိမ်း

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူး

ယတြာ - တနင်္ဂနွေနေ့ မနက်စောစော အိမ်ကဘုရားမှာ အုန်း ၆ ညွှန့် ကပ်လှူပြီး တစ်ပတ်လုံး ထားရှိပေးပါ။

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..