၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၄.၁.၂၀၂၁ မှ ၃၀.၁.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-01-24

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းလည်ပတ်မှု ခက်ခဲကြန့်ကြာတတ်တယ်။ အလုပ်မှာ အကူအညီ မရဘဲနဲ့ တာဝန်ပိုတွေ ထမ်းရတာ၊ အကျိုးမဲ့ လုပ်ကိုင်ပေးရတာတွေ ဖြစ်မယ်။ ဝန်ထမ်းတွေဆို ပို ဂရုစိုက်ပြီး လုပ်ရမယ်။ အမှားအယွင်း များတတ်တယ်။ ငွေကြေးကံတော့ ကောင်းနိုင်တယ်။ မမျှော်လင့်ဘဲ ပွပေါက်တိုးကိန်း ရှိတယ်။

ကျန်းမာရေး - ယာယီ ဖျားနာ နေထိုင်မကောင်းတာမျိုး ဖြစ်တတ်တယ်။ ဒါပေမယ့် ဘေးဥပဒ် အန္တရာယ်မရှိပါ။

လူမှုအိမ်ထောင် - နှလုံးသားရေးကံဇာတာ ကောင်းမွန်မယ့်ကာလ ဖြစ်တယ်။ လူပျိုလူလွတ်တွေလည်း စန်းပွင့် ဇာတာတက်လိမ့်မယ်။ စုံတွဲတွေ၊ အိမ်ထောင်ဖက်တွေလည်း လက်တွဲဖော်ရဲ့ အကျိုးကျေးဇူးကို ခံစားခွင့်ရမယ်။ စိတ်ချမ်းသာပျော်ရွှင်စရာတွေ ကြုံဖို့ ရှိတယ်။ အပေါင်းအသင်းပိုင်းမှာ အကူအညီ ရပေမယ့် စိတ်ညစ်ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ အပြာရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - မိခင် (သို့မဟုတ်) အမျိုးသမီးအကြီးအကဲတစ်ဦးကို စားချင်တာ ဝယ်ကျွေးပြီး လိုရာဆုတောင်းပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - စိတ်ဆန္ဒ ဆုတောင်းလေးတွေ ပြည့်ဝလွယ်နေမယ်။ စိတ်ထဲ တောင့်တလိုက်ရင် သူ့အလိုလိုနဲ့ ပြေလည်သွားတတ်တယ်။ အလုပ်မှာ ကံကောင်းတတ်ပေမယ့် ကိုယ်နဲ့မဆိုင်တာတွေထဲ ဝင်ပါမိလို့ အချိန်ကုန် လူပန်း ဖြစ်ရတတ်တယ်။ လိုချင်တာကို တိတိကျကျ သတ်မှတ် လုပ်ကိုင်ပါ။ ငွေကြေးကံ အသင့်အတင့်ရှိတယ်။

ကျန်းမာရေး - တစ်ပတ်တာလုံးမှာ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံလိမ့်မယ်။ ရောဂါဘယ ကင်းဝေးမယ်။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ စိတ်အလိုမကျစရာတွေ၊ အချင်းချင်း အမြင်မတူ သဘောထားချင်း ကွဲလွဲတာ၊ အလကားနေရင်း ပြဿနာ ရှာချင်တာတွေ ဖြစ်နေမယ်။ ကိုယ်တိုင်ကလည်း အတွေးလွန်ပြီး အာရုံများနေမယ်။ အိမ်တွင်းမိသားစုအတွက် စိတ်ညစ်ရတတ်တယ်။ ခင်မင်ရင်းနှီးသူတွေနဲ့လည်း စိတ်မကြည်လင်စရာ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ ကြက်သွေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး

ယတြာ - မွေးနေ့ (တနင်္လာ) မနက်ခင်း အိမ်ကဘုရားမှာ သစ်သီး ၆ စိတ် (သို့) ၆ မျိုး ကပ်လှူ ဆုတောင်းပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်စီးပွားကံ အားနည်းတယ်။ လုပ်ငန်းတွေ နှောင့်နှေးပြီး စိတ်ညစ်စရာတွေပဲ များနေမယ်။ ဒါပေမယ့် ကိုယ့်ဘက်က သေချာအာရုံစိုက်လုပ်ရင် အခက်အခဲတွေကို ကျော်ဖြတ်အောင်မြင်မယ်။ ဝန်ထမ်းတွေတော့ အကြီးအကဲ ငြိုငြင်တာမျိုး ခံရတတ်တယ်။ ငွေကြေးကိစ္စမှာ အဆင်မပြေတာတွေ များမယ်။

ကျန်းမာရေး - ဖျားနာကူးစက်လွယ်တဲ့ သီတင်းပတ် ဖြစ်တယ်။ အသွားအလာ အစားအသောက် သတိပြုပါ။

လူမှုအိမ်ထောင် - လူငယ်တွေ နှလုံးသားရေးမှာ ပဋိပက္ခ ဖြစ်လွယ်နေမယ်။ အချင်းချင်း စကားများ ကတိပျက် လို့ ဖြေရှင်းရတတ်တယ်။ အိမ်ထောင်ရေးမှာလည်း သူတပါး ကြားဝင်တာ၊ သူများ နှောင့်ယှက်တာမျိုး ဖြစ်မယ်။ မေတ္တာရေး ကံခေတတ်တဲ့ ကာလ ဖြစ်တယ်။ မိတ်ဆွေကဏ္ဍမှာတော့ ကိုယ့်ကို ကူညီထောက်ပံ့သူတွေ ရှိမယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့်၊ အရောင်ရင့်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ

ယတြာ - မွေးနေ့ (အင်္ဂါ) မနက်စောစာ အိမ်ကဘုရားမှာ နို့ထမင်း ဆွမ်းကပ်ပြီး ထီးနီတစ်လက်ပါ လှူဒါန်းပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - စိတ်ကူးမှား အကြံမှားတွေကြောင့် လုပ်ငန်းမှာ ထိခိုက်နစ်နာတတ်တယ်။ ဘယ်အလုပ်မှာမဆို အပြိုင်အဆိုင်တွေ ပေါများပြီး လုပ်ငန်းခွင်ထဲမှာ ကိုယ့်ကို တိုက်ခိုက်သူတွေ ပေါ်လာလိမ့်မယ်။ ဝန်ထမ်းတွေဆို အပြိုင်ကြားက တိုးတက်လိမ့်မယ်။ အောင်မြင်မှု ရမယ်။ ငွေကြေးပိုင်းမှာတော့ မျှော်လင့်တာထက် ကောင်းမယ်။

ကျန်းမာရေး - သာမန်ထက် ကျန်းမာရေး ချူချာအားနည်းသွားနိုင်တယ်။ ဘေးဥပဒ်ကြီးကြီးမားမားတော့ မရှိပါ။

လူမှုအိမ်ထောင် - အချစ်ရေးမှာ စန်းပွင့်တာ၊ အခွင့်အရေး ရတာမျိုး ဖြစ်မယ်။ ဒါပေမယ့် တစ်ယောက်ထက်မက ရှုပ်ထွေးမှုတွေ ဖြစ်တတ်တယ်။ မျက်နှာများ၊ စိတ်မငြိမ်သူနဲ့လည်း ဆုံဆည်းရတတ်တယ်။ အိမ်ထောင်ရေးကိစ္စ အဆင်ပြေမှု ရမယ်။ မိတ်ဆွေအပေါင်းအသင်းကံ မဆိုးဘူးလို့ ဆိုနိုင်တယ်။ အကူအညီတွေလည်း ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ အဝါနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ သောကြာ

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေချိန်မှာ နွမ်းပါးသူတွေကို အချိုရည်၊ သောက်ရေသန့်တွေ လှူဒါန်းပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - စိတ်ရောလူပါ မနားမနေ လှုပ်ရှားသွားလာပင်ပန်းစရာတွေ များမယ်။ အလုပ်ကိစ္စမှာပဲ ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက် ဖြစ်စေ လူရောစိတ်ပါ ရုန်းကန်ရတာ များမယ်။ အလုပ်မှာ အေးအေးလူလူ မပြီးဘဲ အတိုက်အခံ လုပ်တာ ကြုံရမယ်။ ငွေကြေးကိစ္စမှာတော့ ကံကောင်းတတ်တယ်။ အခွင့်ကောင်းတွေ မြင်ရမယ်။

ကျန်းမာရေး - တစ်ပတ်တာအတွင်း ကျန်းမာရေး သိပ်မကောင်းဘဲ ဖြစ်နေမယ်။ ဂရုစိုက် နေထိုင်ဖို့ လိုမယ်။

လူမှုအိမ်ထောင် - အချစ်ရေးကဏ္ဍမှာ မယုံသင်္ကာတွေ များတတ်တယ်။ အချင်းချင်း စိတ်မချတာ၊ ဒွိဟများတာ ဖြစ်မယ်။ ဒါပေမယ့် တကယ့် ပြဿနာကြီး မဟုတ်လို့ တတ်နိုင်သမျှ စိတ်ထိန်းပြီး အေးဆေး ဖြေရှင်းသင့်တယ်။ လူမှုရေးကဏ္ဍမှာ ကူညီဖေးမသူတွေ ပေါ်လာမယ်။ ကိုယ့်ကို ဆွဲခေါ် ထိန်းမတ်ပေးသူတွေ ဝိုင်းနေလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ ပုလဲပေါက်ဒီဇိုင်း

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၃

ကံကောင်းစေတဲ့ အရပ် - အနောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့ မွန်းလွဲပိုင်း

ယတြာ - တစ်ပတ်အတွင်း အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တွေကို တိုင်တည်ပြီး အမွှေးတိုင် ပူဇော်ပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီတစ်ပတ်မှာ အလုပ်စီးပွားကံတွေ သိပ်ကောင်းလာနိုင်တယ်။ အရင်နဲ့မတူဘဲ အခွင့်အရေးတွေ လမ်းကြောင်းတွေ ပွင့်လာဖို့ ရှိတယ်။ အစုစပ်ရှယ်ယာတွေ အကျိုးပေးလိမ့်မယ်။ ကိုယ်တိုင်ကလည်း စွန့်ရဲလုပ်ရဲ ဖြစ်လာမယ်။ အတိုက်အခံ ရှိလေ အောင်မြင်လေ ဖြစ်မယ်။ ဝန်ထမ်းတွေတော့ ညံ့တယ်။ ငွေကြေးကံ ထူးမယ်။

ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေး အညံ့ ရှိနေတယ်။ လေနာဝမ်းနာတွေ၊ အစားမှားတာတွေ သတိပြုပါ။

လူမှုအိမ်ထောင် - ဒီအပတ်မှာလည်း မေတ္တာရေးကံ အညံ့ ရှိနေဦးမယ်။ လူပျိုလူလွတ်တွေ မျှော်လင့်ထားတာနဲ့ တခြားစီ ကြုံရမယ်။ စုံတွဲတွေလည်း မကြာခဏ စကားများ ရန်များရတတ်တယ်။ အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်လာတတ်တယ်။ ဘေးက မိသားစု၊ ဆွေမျိုးသားချင်းတွေပါ ပါလာနိုင်တယ်။ မိတ်ဆွေကံတော့ ကောင်းမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ ပဲထမင်းနဲ့ ဆွမ်းကပ်ပြီး ကော်ဖီ ၁ ခွက်ပါ ကပ်လှူပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - လူရောစိတ်ပါ ပင်ပန်းစရာတွေ များပြီး အလုပ်မှာလည်း အတိုက်အခိုက်တွေ ပေါများလိမ့်မယ်။ ဝန်ထမ်းတွေတော့ ခါတိုင်းထက် အဆင်ပြေမယ်။ လုပ်ငန်းရှင်တွေကတော့ အပြိုင်အဆိုင် များပြီး စိတ်သောက များရမယ်။ စိတ်လောပြီး ဆုံးဖြတ်ချက် မြန်လို့ အမှားအယွင်း ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ မရေမရာ များမယ်။

ကျန်းမာရေး - တစ်ပတ်လုံး နေလို့ထိုင်လို့ မကောင်းဘဲ ဖြစ်နေမယ်။ အစားမှားဆေးမှားတာမျိုး ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာတွေ ကြုံရမယ်။ လူငယ်တွေ မေတ္တာရေးမှာ ကံပွင့်စန်းပွင့် ဖြစ်လာမယ်။ မပြေလည်သူတွေလည်း ဒီအပတ်မှာ စိတ်ကျေနပ်လောက်အောင် ဖြေရှင်းနိုင်မယ်။ ချစ်သူ၊ လက်တွဲဖော်ရဲ့ အကူအညီတွေ ရလိမ့်မယ်။ လူကြီးတွေ၊ အပေါင်းအသင်းတွေနဲ့ အဆင်မပြေ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အပြာရင့် ၊ အဖြူဆွတ်ဆွတ်အရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ

ယတြာ - အင်္ဂါနေ့ မနက်စောစော အိမ်က ဘုရားမှာ သီးစုံဆွမ်းတစ်ပွဲ ကပ်လှူ ဆုတောင်းပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - စီးပွားရေးကံဇာတာ အားနည်းနိုင်တယ်။ အလုပ်ကြီးအကိုင်ကြီး လုပ်သူတွေ သတိထားရမယ့် ကာလ ဖြစ်တယ်။ အလုပ်မှာ အတက်အကျတွေ များမယ်။ အစိုးရ၊ အုပ်ချုပ်သူနဲ့ ပတ်သက်ရင် သေချာ ပြင်ဆင် လုပ်ကိုင်ရမယ်။ ဝန်ထမ်းဆိုရင်တော့ အဆင်ပြေပြေ ဖြစ်မယ်။ ငွေကုန်ကြေးကျ များမယ်။ စိတ်ညစ်နေရမယ်။

ကျန်းမာရေး - တစ်ပတ်လုံး ဘေးရန်ကင်းကွာ ကျန်းမာလိမ့်မယ်။ အညံ့တွေ ရှိနေရင်လည်း သက်သာမယ်။

လူမှုအိမ်ထောင် - အချစ်ရေးမှာ အမွှေအနှောင့်တွေ များမယ်။ နှစ်ဦးကြား သူများဝင်တာ၊ အနှောင့်အယှက်တွေ ပေးတာမျိုး ကြုံရတတ်တယ်။ စိတ်လိုက်မာန်ပါတွေလည်း ဖြစ်တတ်လို့ ဆင်ခြင်ရမယ်။ အိမ်ထောင်ရေးကိစ္စမှာပါ မပြေလည်တာတွေ များမယ်။ မိသားစုအတွက် စိတ်ရှုပ်ရလိမ့်မယ်။ အပေါင်းအသင်းလည်း အကျိုးမပြု ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အဝါဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ သောကြာ

ယတြာ - တစ်ပတ်အတွင်း နေ့စဉ် အိမ်ကဘုရားမှာ နွားနို့ ၁ ခွက် နေ့စဉ် ကပ်လှူရင်း ဆုတောင်းပေးပါ။

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..