၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၃၁.၁.၂၀၂၁ မှ ၆.၂.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-01-31

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - အရင်အပတ်နဲ့မတူဘဲ အလုပ်၊ စီးပွားကံဇာတာတွေ တက်လာမယ်။ ဒါပေမယ့် အတိုက်အခိုက် မကင်းဘဲ လုပ်ကိုင်ရမယ်။ ကိုယ်လုပ်သမျှ အနှောင့်အသွား မကင်းဘဲ ခက်ခဲတတ်ပေမယ့် အဆုံးသတ်မှာတော့ အောင်မြင်မှု ရမယ်။ ငွေကြေးကံ အားနည်းတယ်။ အကုန်အကျ များမယ်။ ငွေအတွက်နဲ့ ဒေါသ ဖြစ်ရလိမ့်မယ်။

ကျန်းမာရေး - အရိုး၊ အကြောတွေ မကောင်းတာမျိုး ခံစားရတတ်တယ်။ လူပင်ပန်းခံတာမျိုး လျှော့ချရမယ်။

လူမှုအိမ်ထောင် - လူငယ်တွေ မေတ္တာရေးမှာ စိတ်ချမ်းသာပျော်ရွှင်ရမယ်။ စန်းပွင့်ပြီး လိုအင်ဆန္ဒ ပြည့်ဝရမယ်။ အိမ်ထောင်ရှင်တွေလည်း မိသားစုထဲက အခက်အခဲတွေ ပြေလည်သွားမယ်။ ရင်းနှီးသူတွေဆီက ကူညီပံ့ပိုးမှု ရမယ်။ ကိုယ့်အောက်ငယ်သူတွေနဲ့တော့ အဆင်မပြေ ဖြစ်တတ်တယ်။ လူမျိုးကွဲ၊ ဘာသာခြား သတိပြုရမယ်။

ကံကောင်းစေတဲ့ အရောင် - အနီ ၊ ရောင်စုံကွက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး

ယတြာ - အိမ်ကဘုရားမှာ သကြားဖြူးဆွမ်းကို မနက်တိုင်း ကပ်လှူပြီး ဆုတောင်းပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာလုံးမှာ အလုပ်၊ စီးပွားအခြေအနေ တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာမယ်။ အလုပ် စီးပွား တိုးချဲ့ရင်လည်း အောင်မြင်တတ်တယ်။ အတွင်းလူတွေ၊ ရင်းနှီးသူတွေနဲ့တော့ အဆင်မပြေ ဖြစ်လိမ့်မယ်။ တာဝန်ပိုတွေ၊ ကိုယ့်ကိစ္စ မဟုတ်တာတွေကို ရှောင်ပါ။ ငွေကြေးပိုင်းမှာတော့ မျှော်လင့်သလောက် မရ ဖြစ်မယ်။

ကျန်းမာရေး - ဘေးဥပဒ် ကင်းပြီး ကျန်းမာလန်းဖြာမယ့် သီတင်းပတ် ဖြစ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အရင်အပတ်ထက် ပိုပြီး စိတ်ညစ်စရာတွေ များလာနိုင်တယ်။ အတော်လေး သည်းခံနိုင်မှ ပြေလည်လိမ့်မယ်။ အကြီးအကဲတွေ၊ အလုပ်ကိစ္စတွေက အိမ်ထောင်ရေးမှာ လွှမ်းမိုးလာနိုင်တယ်။ လူမှုရေးပိုင်းမှာ အားကိုးမရတဲ့ မိတ်ဆွေတွေပဲ ကြုံနေရမယ်။ နေရာထိုင်ခင်းကိစ္စတွေအတွက် ခေါင်းရှုပ်ရမယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူဖျော့ ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၃

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - တနင်္လာနဲ့ သောကြာ မနက်ခင်း အိမ်ကဘုရားမှာ ကြက်သားဟင်းနဲ့ ဆွမ်းကပ်လှူ ဆုတောင်းပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ တစ်ပတ်လုံးမှာ လှုပ်လှုပ်ရှားရှား၊ သွားသွားလာလာ များလာမယ်။ အငြိမ်နေလို့ မရဘဲ သွားလာလှုပ်ရှားနိုင်ပါမှ အဆင်ပြေမယ်။ အဆက်အသွယ်တွေ အများကြီးနဲ့ ချိတ်မိလာမယ်။ အကောင်းအဆိုးတွေ ရောထွေးနေမယ်။ ငွေကြေးကိစ္စမှာလည်း ရလိုက်ကုန်လိုက် ဖြစ်မယ်။

ကျန်းမာရေး - တစ်ပတ်တာအတွင်း နေရထိုင်ရတာ မအီမသာ ဖြစ်မယ်။ စိတ်ရောလူပါ အနားယူဖို့ လိုမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆူဆူပူပူနဲ့ တကျက်ကျက် ဖြစ်မယ်။ ကိုယ့်အတွင်းရေးတွေကို သူတပါးက ဝင်စွက်ခြေရှုပ်တတ်တယ်။ နှစ်ဦးသား ချစ်ခရီးမှာလည်း အနှောင့်အယှက်တွေ ပေါ်လာတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းကံတော့ ကောင်းတယ်။ အကူအညီတွေ ရမယ်။ အိမ်တွင်းရေးမှာ စိတ်ရှုပ်ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီ ၊ ကြက်သွေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၃

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ

ယတြာ - မွေးနေ့ (အင်္ဂါ) မနက်စောစာ အိမ်ကဘုရားမှာ ထောပတ်ထမင်းနဲ့ ဆွမ်းကပ်လှူပြီး ဆုတောင်းပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - အရောင်းအဝယ်သမားတွေဆိုရင် အရမ်း အလုပ်များမယ့် ကာလ ဖြစ်မယ်။ နားနားနေနေလို့ကို မရှိဘဲ ဖြစ်နေမယ်။ ဒါပေမယ့် စီးပွားရေးမှာက အကောင်းအဆိုး သိပ်မထင်ရှားဘဲ ဖြစ်မယ်။ ဝန်ထမ်းတွေဆိုရင် အခက်အခဲ ပိုများလာနိုင်တယ်။ ငွေရေးကြေးရေးမှာတော့ ကံကောင်းမယ်။ အထုပ်အထည်နဲ့ များများ ဝင်မယ်။

ကျန်းမာရေး - နှာစေးချောင်းဆိုးတွေ ဖြစ်လွယ်တတ်တယ်။ အာရုံကြောလည်း အားနည်းတတ်တယ်။

လူမှုအိမ်ထောင် - မိသားစုအိမ်တွင်းမှာ ပူပန်သောကတွေ များရတတ်တယ်။ အချင်းချင်း စိတ်ဝမ်းကွဲစရာကိစ္စ ပေါ်လာတတ်တယ်။ အိမ်မှာ နေချင်စိတ် နည်းနေလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေပြီး စိတ်ချမ်းသာရမယ်။ လူငယ်လူရွယ်တွေ မေတ္တာရေးမှာ အေးချမ်းသာယာမှု ရမယ်။ ပျော်ရွှင်စရာတွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ အဖြူဆွတ်ဆွတ်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၂ ၊ ၁

ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္လာ

ယတြာ - အိမ်ကဘုရားမှာ နေ့စဉ် ကော်ဖီတစ်ခွက်နဲ ကိတ်မုန့် ၂ ခုကို အမြဲ ကပ်လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ငွေကြေးကံဇာတာ ကောင်းမယ့် သီတင်းပတ် ဖြစ်တယ်။ အလုပ်ကရော တခြားနည်းလမ်းနဲ့ပါ ဝင်ငွေ တိုးလာနိုင်တယ်။ ငွေကြေးကိစ္စတွေလည်း ပြောဆိုဆောင်ရွက် အောင်မြင်မယ်။ ဒါပေမယ့် အလုပ်မှာက မရေမရာတွေ ဖြစ်တတ်တယ်။ လုပ်လက်စတွေ မပြီးဘဲ ဖြစ်မယ်။ အကူအညီ ပေးသလောက် ပြန်မရ ဖြစ်မယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ကျန်းမာရေး သိပ်အညံ့ မရှိပါ။ လေနာ၊ ဝမ်းနာတော့ သတိပြုရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးကံတွေ ပွင့်လန်းသာယာမှု ရှိမယ်။ ချစ်သူရဲ့ အလိုလိုက် ကူညီဖေးမမှု ရရှိမယ်။ ဒါပေမယ့် အပေါင်းအသင်းကဏ္ဍမှာ ကိုယ့်ကို နစ်နာအောင် တိုက်ခိုက်သူတွေ ပေါ်လာတတ်တယ်။ ဘယ်သူ့မှ ယုံလို့ မရဘဲ ဖြစ်မယ်။ လူလိမ်လူကောက် သတိထားရမယ်။ ပြင်ပလူထက် မိသားစုက ပိုပြီး အားကိုးရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ရွှံ့စေးရောင်၊ မီးခိုးဖျော့ ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၊ သောကြာနေ့

ယတြာ - ကိုယ့်နာမည် ရေးထိုးထားတဲ့ ယပ်တောင်တစ်ချောင်းကို သံဃာတစ်ပါးအတွက် လှူဒါန်းပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ အချိန်ကုန်၊ လူပန်း ဖြစ်နေတတ်တယ်။ အလုပ်စီးပွားကံဇာတာက အကောင်းဘက်မှာ ရှိနေမေယ့် ကိုယ်တိုင်က ကြိုးစားအားထုတ်မှု နည်းလို့ မှန်းသလောက် ခရီးမတွင် ဖြစ်မယ်။ ဝန်ထမ်းတွေလည်း စိတ်ပင်ပန်းစရာ များမယ်။ လူကြီး ငြိုငြင်ခံရမယ်။ ဒါပေမယ့် ငွေကြေးကံတော့ ကောင်းမယ်။

ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာဘေးကင်းမယ်။ ကိုယ့်စိတ်ထဲကနေပဲ မအီမသာတွေ ဖြစ်နေတတ်တယ်။

လူမှုအိမ်ထောင် - လူငယ်စုံတွဲတွေကြားမှာ ဘာမဟုတ်တာလေးနဲ့စကားအခြေအတင် ဖြစ်တတ်တယ်။ ဘေးလူ နှောင့်ယှက်တာမျိုးလည်း ခံရတတ်တယ်။ အိမ်ထောင်ရှင်တွေလည်း စိတ်အခန့်မသင့်စရာတွေ များတတ်တယ်။ ဒါပေမယ့် ပြဿနာက ခဏနဲ့ ပြေလည်မယ်။ အပေါင်းအသင်းကိစ္စမှာ သူများကြားမဝင်တာ ပိုကောင်းလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ပုလဲပေါက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ

ယတြာ - အိမ်ကဘုရားမှာ နေ့စဉ်မနက်တိုင်း မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ ပုံမှန် ကပ်သွားပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် အလုပ်ကိစ္စတွေမှာ အမျိုးမျိုးသော နှောင့်နှေးလေးကန်မှုတွေနဲ့ ကြုံရမယ်။ ကိုယ်စိတ် နှစ်ပါးနှစ်မြုပ် လုပ်ကိုင်တာတောင် တာဝန်တွေ များ၊ အလုပ်တွေ ရှုပ်နေလိမ့်မယ်။ ဒါပေမယ့် ခက်ခဲကြမ်းတမ်းမှု အားလုံးကို ကျော်ဖြတ်နိုင်လိမ့်မယ်။ ငွေကြေးကိစ္စမှာ မတည်မငြိမ်တွေ များမယ်။ အဝင်အထွက် မြန်ဆန်မယ်။

ကျန်းမာရေး - နေထိုင်မကောင်းချင်သလို ဖြစ်တတ်ပေမယ့် ကျန်းမာရေးအညံ့ ကြီးကြီးမားမား မရှိနိုင်ပါ။

လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကူညီစောင့်ရှောက်မှုတွေ ရလိမ့်မယ်။ အကူအညီ ပံ့ပိုးမှုတွေ ဘက်ပေါင်းစုံက ဝင်လာတတ်တယ်။ နှလုံးသားရေးမှာတော့ စိတ်များ၊အာရုံများစရာတွေ ကြုံရမယ်။ မေတ္တာရေး အရှုပ်အရှင်းတွေ ဖြစ်ပေါ်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြား စကားအမှားတွေ ပြောမိဆိုမိလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက် ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္လာ

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာ ရက်တွေမှာ ရဟန်းသံဃာတော်တွေကို သစ်သီးဆွမ်း ကပ်လှူပါ။

စနေနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းမှာ အတိုက်အခံ၊ အပြိုင်အဆိုင်တွေ ပေါများလာနိုင်တယ်။ ကိုယ်လုပ်သမျှ လိုက်ပြီး ယှဉ်ပြိုင် နှောင့်ယှက်တာမျိုး ခံရတတ်တယ်။ ကိုယ်တိုင်ကလည်း အတွေးလွန်၊ အဆိုးမြင်တာတွေ များနေပြီး အမှားအယွင်းတွေ လုပ်မိတတ်တယ်။ ငွေကြေးကိစ္စမှာလည်း အတော်လေး ပြောနိုင်ဆိုနိုင်မှ အဆင်ပြေမယ်။

ကျန်းမာရေး - ကိုယ်လက်တွေ ကိုက်ခဲတာ၊ ဖျားတာနာတာတွေ ဖြစ်တတ်တယ်။ သတိထားနေထိုင်ရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ သံသယတွေ ကြီးစိုးလာနိုင်တယ်။ အချင်းချင်း မယုံသင်္ကာတွေ ဖြစ်နေပြီး အမှားကို လိုက်ထောက်နေသလို ဖြစ်တတ်တယ်။ ကိုယ်တိုင်ကလည်း အမှားတွေချည်း လျှောက်လုပ်မိမယ်။ လူမှုရေးပိုင်းမှာ အပေါင်းအသင်းတွေကြား ဆိုးကောင်း ဒွန်တွဲခံစားရမယ်။ အဆက်အသွယ်တွေ ပိုရလာမယ်။

ကံကောင်းစေတဲ့ အရောင် - အနီဖျော့၊ လိမ္မော်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ

ယတြာ - ကိုယ်အင်္ဂါ ချို့တဲ့သ၊ ခြေမသန်သူ၊ မသန်စွမ်းတွေကို တတ်နိုင်သမျှ ဆေးဝါး၊ အစားအစာ လှူဒါန်းပါ။

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..