သင်ရွေးချယ်လိုက်တဲ့ အချိုပွဲကတစ်ဆင့် သင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ထုတ်ဖော်ပေးမယ်
lotaya.mpt.com.mm
|
2021-02-07

Shutterstock/Africa Studio&Nataliia Pyzhova&Nattika

ဒီနေ့မှာတော့ သင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို သင်ရွေးချယ်လိုက်တဲ့ အချိုပွဲလေးကတစ်ဆင့် ထုတ်ဖော်ပေးသွားမှာဖြစ်လို့ အစားချင်ဆုံး တစ်ခုကို ရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်ရအောင်နော်….

(၁) ကိတ်မုန့်




Shutterstock/Africa Studio

ကိတ်မုန့်လေးကို ရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ ခန့်မှန်းလို့မရတဲ့ လူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာ ခံစားချက်တွေအများကြီး ဖြစ်ပေါ်နေပြီး အဲဒီခံစားချက်တွေကို ဘယ်လိုရင်ဆိုင်ရမလဲ သေချာမသိတဲ့အတွက် အဆုံးသတ်မှာတော့ သင့်စိတ်နဲ့ နှလုံးသားမှာပဲ ဒဏ်ရာတွေနဲ့ စိတ်ဖိစီးမှုတွေ ရလာတတ်ပါတယ်။ တစ်ချို့အခိုက်အတန့်တွေမှာ သင့်အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရတတ်ပေမယ့် သင့်ဆီမှာရှိတဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ ဘယ်တော့မှ မှေးမှိန်မသွားပဲ ဘဝကို တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပျော်ပျော်နေဖို့ အမြဲအားပေးနေလေ့ ရှိပါတယ်။ ဒါ့အပြင် ဒီကိုယ်ရောင်ကိုယ်ဝါကြောင့်ပဲ သင့်ရဲ့အခက်ခဲဆုံး အချိန်တွေမှာတောင် လူတွေက သင့်ကိုလေးစားနေပြီး စွန့်ပစ်မသွားပါဘူး။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင်က ထူးခြားတဲ့အတွက် ဘယ်တော့မှ အထီးကျန်ရမှာ မဟုတ်ပါဘူး။

(၂) ရေခဲချောင်း




Shutterstoc/Nataliia Pyzhova

သင်က အမြဲကောင်းမြင်တတ်တဲ့ လူတစ်ယောက်ပါ။ ဘယ်အခက်အခဲကိုမဆို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပြီး အနာဂတ်မှာ ပိုကောင်းမွန်တဲ့ရလဒ်တွေ ဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့အတွက် ဘယ်လိုအရာမျိုးကမှ သင့်ရဲ့ယုံကြည်မှုကို လျော့ပါးအောင် မလုပ်နိုင်ပါဘူး။ လူအများစုက သင့်ကိုတုံးအတယ်လို့ သတ်မှတ်ထားကြပေမယ့် သင့်အနေနဲ့ ဒါကဘဝမှာ အကောင်းဆုံးနေထိုင်မှုတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ဘဝကို ကောင်းမြင်တဲ့မျက်လုံးနဲ့ အမြဲကြည့်ပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင် လျှောက်လှမ်းပြီး ကိုယ်လိုချင်တဲ့အရာတွေကို ဖြေးဖြေးချင်း ရယူဖို့ ကြိုးစားပါတယ်။ ဒါ့အပြင် သင့်နှလုံးသားကို ညှင်းပန်းနှိပ်စက်ပြီး အနိုင်ယူမဲ့လူတွေကို သင့်ဘဝထဲ ဝင်ခွင့်မပေးပါဘူး။ အကြံပေးချင်တာက သင့်ရဲ့အကောင်းမြင်စိတ်ကို ဆက်ထိန်းထားပါ။ ပိုကောင်းမွန်ပြီး ပျော်ရွှင်တဲ့ဘဝကြီးကို သင့်အနေနဲ့ ပိုင်ဆိုင်ခွင့်ရမှာပါ။

(၃) ကွက်ကီးမုန့်




Shutterstock/Nattika

ကွက်ကီးမုန့်ကို ရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ ဘာသာရေးအပေါ် နက်နက်နဲနဲ သက်ဝင်ယုံကြည်ပြီး ကိုးကွယ်သူတစ်ယောက်ပါ။ မိမိရဲ့ပင်ကိုယ်အသိစိတ်နဲ့ ဘဝကို ရှေ့ဆက်လျှောက်လှမ်းနေပြီး တကိုယ်ကောင်းဆန်မှုတွေ၊ ဘက်လိုက်မှုတွေ၊ လာဘ်စားမှုတွေ၊ အကျင့်ပျက်မှုတွေနဲ့ သင့်နှလုံးသားကို အမှောင်ချခွင့်မပြုပါဘူး။ ဒါ့အပြင် ဘယ်အရာကိုမဆို တရားမျှတစွာ ဆုံးဖြတ်ပြီး လုပ်ဆောင်တတ်တဲ့အတွက် ဖြစ်လာတဲ့ရလဒ်တွေပေါ်မှာ နောင်တရတာမျိုးလည်း မရှိပါဘူး။ အခုခေတ် လူတချို့က လောဘတရားတွေနဲ့ လွှမ်းမိုးနေတတ်ပေမယ့် သင်ကတော့ ဘဝမှာ အရေးပါဆုံးအရာတွေကို ငွေနဲ့တန်ဖိုးဖြတ်ပြီး ဝယ်လို့မရဘူးလို့ လက်ခံထားပါတယ်။ သင့်စိတ်နေစိတ်ထားက လူတိုင်းမှာ မတွေ့ရတဲ့ ကြုံတောင့်ကြုံခဲဖြစ်တဲ့ စိတ်နေစိတ်ထားတစ်ခု ဖြစ်တဲ့အတွက် ဒီစိတ်နေစိတ်ထားလေးကို ဆက်ထိန်းထားပြီး ဘဝကို မှန်မှန်ကန်ကန် လျှောက်လှမ်းပြီး ရှေ့ဆက်ပါ။

#lotaya_quiz


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..