သင်ရွေးချယ်လိုက်တဲ့ ဆွဲကြိုးလေးတွေကတစ်ဆင့် သင်ဟာ ဘယ်လိုကောင်မလေးလဲ ပြောပြမယ်
lotaya.mpt.com.mm
|
2021-04-29

မိန်းကလေးတိုင်းနီးပါးတော့ လက်ဝတ်လက်စားတွေကို မခုန်မင်တတ်ကြပေမယ့် မိန်းကလေးတော်တော်များများကတော့ လက်ဝတ်လက်စားတွေကို နှစ်သက်တတ်ကြပါတယ်။ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စသဖြင့် အကြိုက်အမျိုးမျိုး ရှိကြတာပေါ့။ ဒီနေ့မှာတော့ ဆွဲကြိုးလေးတွေကတစ်ဆင့် သင်ဟာ ဘယ်လိုမိန်းကလေးတစ်ယောက်လဲဆိုတာ ခန့်မှန်းပေးသွားမှာပါ။ နှစ်သက်ရာ ဆွဲကြိုးလေးတစ်ခုကို ရွေးချယ်ပြီး အဖြေက ဘယ်လိုဖြစ်မလဲ လေ့လာကြည့်လိုက်ရအောင်….

(၁) ရွှေရောင်ချိုးငှက်




ငှက်ဆိုတာ လွတ်လပ်မှုနဲ့ ယုံကြည်မှုကို ကိုယ်စားပြုပါတယ်။ ရွှေရောင်ချိုးငှက်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါ့အပြင် သင်ဟာ စိတ်ကူးယဉ်ဆန်ပြီး တီထွင်ဖန်တီးနိုင်စွမ်း အပြည့်အဝရှိသူလည်း ဖြစ်ပါတယ်။ မိန်းမဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့အပြင် အပြစ်ကင်းစင်ပါတယ်။ သင်ဟာ လူတွေအတွက် ငြိမ်းချမ်းမှုတွေကို ယူဆောင်ပေးတတ်သူ တစ်ဦးဖြစ်တဲ့အပြင် လူတိုင်းကို ကြင်နာသနားပြီး ကူညီပေးတတ်ပါသေးတယ်။

(၂) ရွှေရောင်အသည်းနှလုံး




အသဲနှလုံးကတော့ သနားကြင်နာမှုနဲ့ ချစ်ခင်မှုကို ကိုယ်စားပြုပါတယ်။ ရွှေရောင်အသည်းနှလုံးလေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ သနားကြင်နာတတ်ပြီး အရမ်းချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့...ဒါပေမယ့် သင်ဟာ နားလည်ရခက်ပြီး လျှို့ဝှက်ချက်တွေ များပါတယ်။ လူတွေအမြင်မှာ သင်ဟာ အသည်းနှလုံးမရှိတဲ့လူ၊ ခံစားချက်မရှိတဲ့လူလို့ ထင်ရပေမယ့် တကယ်တော့ သင်ဟာ အရမ်းချစ်တတ်ပြီး တဖက်လူဆီက နွေးထွေးမှုနဲ့ ဂရုစိုက်မှုကို မျှော်လင့်တောင်းတနေသူ တစ်ယောက်ပေါ့။

(၃) ရွှေရောင်လပြည့်ဝန်း




လပြည့်ဝန်းကတော့ စွမ်းအားအပြည့်ရှိခြင်း၊ ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ရွှေရောင်လပြည့်ဝန်းကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ကိုယ်လုပ်ချင်တဲ့အရာကို မရမက အကောင်အထည်ပေါ်အောင် လုပ်ဆောင်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါ့အပြင် ညှို့အားအပြည့်ရှိပြီး ဆန့်ကျင်ဘက်လိင်တွေကိုလည်း ဆွဲဆောင်နိုင်ပါသေးတယ်။ ဖက်ရှင်နဲ့ပတ်သက်ရင် ခေတ်နဲ့အညီ အမြင်ရှိပြီး သပ်သပ်ရပ်ရပ်နဲ့ စမက်ကျကျ ဝတ်စားဆင်ယင်မှုကို နှစ်သက်ပါတယ်။

(၄) ရွှေရောင်သရဖူ




သရဖူကတော့ ဂုဏ်သိက္ခာရှိခြင်း၊ ကြွယ်ဝချမ်းသာမှု၊ လှပမှုတို့ကို ကိုယ်စားပြုပါတယ်။ သင်ဟာ ရွှေရောင်သရဖူကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို အလွန်တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါ့အပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာသူလည်း ဖြစ်ပါတယ်။ ဖော်ဖော်ရွေရွေနေတတ်ပြီး လူတွေကိုလည်း လေးလေးစားစား ပြောဆိုဆက်ဆံတတ်ပါတယ်။ များသောအားဖြင့် သင်ဟာ လူတွေရဲ့စကားကို နားထောင်ပေးသူ တစ်ယောက်ပေါ့။

#lotaya_funny


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန်ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..