သင်ရွေးချယ်လိုက်တဲ့ ကြယ်လေးတွေက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2021-07-20



Freepik/ user2104819

လက်တစ်ဖက်မှာ လက်ချောင်းလေးတွေ အတိုအရှည် မတူညီကြသလို လူတစ်ယောက်နဲ့တစ်ယောက်လည်း စိတ်နေစိတ်ထားတွေ၊ ခံယူချက်တွေ မတူညီကြပါဘူး။ ဒီနေ့မှာတော့ သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့ လူတစ်ယောက်လည်းဆိုတာ သင့်ရွေးချယ်မှုကနေ ပြောပြပေးသွားမှာပါ။ ပုံမှာပေးထားတဲ့ ကြယ်လေးတွေထဲက သင်နှစ်သက်တဲ့တစ်ခုကို ရွေးချယ်ပြီး သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာကြည့်ပါ။

နံပါတ် ၁




Freepik/ user2104819

သင်ဟာ စိတ်ဓာတ်တက်ကြွသူတစ်ယောက်ပါ။ သင့်စိတ်ကူးနဲ့လုပ်ဆောင်ချက်တွေက သူတစ်ပါးနဲ့မတူပဲ ခွဲထွက်နေတာကိုက သင့်ထူးခြားချက်ပါပဲ။ ရည်ရွယ်ချက်ကြီးမားပြီး မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူးလို့ ခံယူထားတဲ့အတွက် ဘယ်အရာကိုမဆို အောင်မြင်အောင် လုပ်ဆောင်တတ်ပါတယ်။ ပြီးတော့ သင့်ကိုယ်သင် အရမ်းကံကောင်းတဲ့လူလို့ သတ်မှတ်ထားပါသေးတယ်။ ကမ္ဘာကြီးကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် ဖန်တီးချင်ပါတယ်။ ရမ္မက်ကြီးပြီး လက်ထဲမှာ သုံးစရာမရှိရင်တောင် ဇိမ်ခံပစ္စည်းတွေကို လိုချင်မက်မောနေတာကတော့ သင့်ရဲ့မကောင်းတဲ့အချက်လေးတွေပေါ့။

နံပါတ် ၂




Freepik/ user2104819

သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဖော်ရွေတဲ့လူတစ်ယောက်ပါ။ ဒါ့အပြင် မိတ်ဆွေသူငယ်ချင်းတွေက သင့်မိသားစုလို့ သတ်မှတ်ထားသူပါ။ သင့်ဘေးမှာ သင်နဲ့ ခင်မင်ရင်းနှီးတဲ့လူတွေရှိနေရင်ကိုပဲ သင်ဟာ အလိုလိုတက်ကြွနေသလို ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် မိမိဘေးမှာရှိနေတဲ့ လူတွေကိုလည်း ပျော်ရွှင်ရယ်မောအောင် ဖန်တီးပေးတတ်ပါသေးတယ်။ ဒါကြောင့်ပဲ လူတိုင်းက သင့်ကိုချစ်ခင်နေရတာပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့သင်ဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးကို ပိုင်ဆိုင်ထားတတ်ပါသေးတယ်။

နံပါတ် ၃




Freepik/ user2104819

သင်ဟာ လူတွေရဲ့အာရုံစိုက်ခြင်းကို အထူးတလှယ် ခံရသူတစ်ယောက်ပါ။ သင့်ရုပ်ရည်၊ အရည်အချင်း၊ လုပ်ပုံကိုင်ပုံ အစရှိတဲ့ အရာတစ်ခုခုကြောင့် သင်ဟာ လူအုပ်ထဲရောက်နေရင်တောင် အလွယ်တကူ သတိထားမိလွယ်တဲ့ လူတစ်ယောက်ပေါ့။ ဒါ့အပြင် သင်ကိုယ်တိုင်ကလည်း လူတွေရဲ့အရေးပေးခြင်း၊ အာရုံစိုက်ခြင်းကို နှစ်သက်သူတစ်ယောက်ပါ။ ဒါကြောင့် သင့်ကိုယ်သင် လူတွေရဲ့အာရုံစိုက်ခြင်းကို ခံရဖို့ မွေးလာသူတစ်ယောက်လို့ သတ်မှတ်ထားတတ်ပါတယ်။ ကြွားဝါရတာကို အနည်းငယ်နှစ်သက်ပြီး ဘယ်နေရာမှာမဆို သင်သိသင်တက် ဆရာကြီးလုပ်ရတာကို အရမ်းဝါသနာပါပါတယ်။

#lotaya_quiz


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..