ဂျပန်အနုပညာပန်းချီလေးက ပြောပြပေးမယ့် သင့်အကြောင်း
lotaya.mpt.com.mm
|
2021-07-22

ဒီနေ့မှာတော့ ဂျပန်အနုပညာပန်းချီလေးတွေကတစ်ဆင့် သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြပေးသွားမှာပါ။ ပေးထားတဲ့ ပန်းချီလေးတွေထဲက အနှစ်သက်ဆုံး တစ်ခုကိုရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်ရအောင်နော်။

နံပါတ် ၁




သင်ဟာ ဉာဏ်ပညာထက်မြက်ပြီး ကမ္ဘာကြီးနဲ့ပတ်သက်ပြီး သိလိုစိတ်ပြင်းပြသူ တစ်ဦးဖြစ်တဲ့အတွက် မိမိတတ်နိုင်သလောက် စူးစမ်းလေ့လာမှုတွေ ပြုလုပ်တတ်သူတစ်ယောက်ပါ။ တစ်ယောက်တည်းနေရတာကို အထူးနှစ်သက်ပြီး အစွဲအလမ်းတွေ၊ နှောင်ကြိုးတွေက သင့်ကိုစိတ်အနှောင့်အရှက် ဖြစ်စေတဲ့အရာတွေလို့ သတ်မှတ်ထားပါတယ်။ ဆိတ်ငြိမ်တဲ့ တစ်နေရာမှာ တစ်ယောက်တည်းထိုင်ပြီး စူးစမ်းလေ့လာမှုတွေ၊ တွေးခေါ်မှုတွေ လုပ်လေ့ရှိပါတယ်။ အမြော်အမြင်ရှိပြီး စဉ်းစားတွေးခေါ်တတ်တဲ့အပြင် ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့အတွက် လူတိုင်းကို သနားကြင်နာစွာ ပြောဆိုဆက်ဆံတတ်ပါတယ်။

နံပါတ် ၂




သင်ဟာ ဟာဉာဏ်အပြည့်ရှိပြီး တက်တက်ကြွကြွနဲ့ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ယောက်ပါ။ ဒါ့အပြင် အကောင်းမြင်စိတ်ရှိတဲ့အပြင် ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲရယ်မောနေသူတစ်ယောက်ပေါ့။ ပျော်ပျော်ရွှင်ရွှင်နေရဖို့က သင့်ဘဝရဲ့ တာဝန်တစ်ခုလို့ ခံယူထားတဲ့အတွက် ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သူတစ်ပါးကိုလည်း အမြဲပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပါတယ်။ အမြဲတတ်ကြွလန်းဆန်းနေတဲ့အတွက် ဘယ်အရာကမှ သင့်ကိုစိတ်ပျက်အောင်၊ ဝမ်းနည်းအောင်၊ စိတ်အားငယ်အောင် မလုပ်နိုင်ပါဘူး။ ရိုးသားဖြောင့်မတ်စွာ ဘဝကို ဖြတ်သန်းပြီး အားကစားမှာလည်း ထူးချွန်သူတစ်ယောက်ပေါ့။

နံပါတ် ၃




သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း နေထိုင်တတ်သူတစ်ယောက်ပါ။ ရန်ပွဲတွေ၊ အငြင်းပွားမှုတွေကို မနှစ်သက်ပဲ လူတိုင်းကို အေးချမ်းနေစေချင်တာ သင့်ဆန္ဒပါ။ တခြားလူတွေကို ပျော်ရွှင်ပြီး စိတ်ချမ်းသာအောင် အမြဲလုပ်ဆောင်ပေးတတ်ပြီး မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားကိုးအားထားရသူတစ်ယောက်ပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ သင်ဟာ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုမှုနေထိုင် ပြောဆိုတတ်ပါတယ်။ ဘယ်အရာကိုမဆို ကြိုတင်ခန့်မှန်းပြီး လုပ်ဆောင်တတ်တာက သင့်အားသာချက်ပါ။

#lotaya_quiz


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..