သင့်ရဲ့စိတ်နေစိတ်ထားကို သင်ရွေးချယ်လိုက်တဲ့ Bubble Milk Tea ကတစ်ဆင့် ပြောပြပေးမယ်
lotaya.mpt.com.mm
|
2021-08-01

Freepik

Bubble Tea ကတစ်ဆင့် စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တယ်ဆိုတော့ စိတ်ဝင်စားသွားပြီ။ Bubble Milk Tea ထဲမှာ ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ? Admin ကတော့ Brown Sugar Pearl Milk Tea ပါ။ ဒီနေ့မှာတော့ ပေးထားတဲ့ Bubble Tea ထဲက သင်အသောက်ချင်ဆုံးတစ်ခုကို ရွေးချယ်ပြီး အဲဒီကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းပေးသွားမှာဆိုတော့ ဘယ်လိုအဖြေထွက်မလဲ လေ့လာကြည့်လိုက်ရအောင်။

(၁) Milk Tea




Freepik

သင်ဟာ မိမိကိုယ်ကို ကံကောင်းတဲ့လူတစ်ယောက်လို့ သတ်မှတ်ထားတတ်ပါတယ်။ ဘယ်အရာမှာမဆို ယှဉ်ပြိုင်လိုစိတ် ပြင်းပြပေမယ့် သင်ဟာ ဒီအချက်ကို ဝန်ခံလေ့မရှိပါဘူး။ အနိုင်ရတာကို သဘောကျပေမယ့် မတရားတဲ့နည်းလမ်းနဲ့ တဖက်သားကိုအနိုင်ယူရတာမျိုးကို မနှစ်သက်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ လုပ်ရပ်တွေကြောင့် တစ်ဖက်သားကို နစ်နာသွားမှာ အရမ်းစိုးရိမ်တတ်ပါတယ်။ ဒါကြောင့် တခြားလူတွေအမြင်မှာ အနိုင်၊အရှုံးက သင့်အတွက် အဓိကမဟုတ်တဲ့ ပုံစံမျိုးနဲ့ ဟန်ဆောင်နေတတ်ပါတယ်။ သဘောထားပြည့်ဝတဲ့ စိတ်လေးကြောင့် အောင်မြင်မှုတွေကို ပိုင်ဆိုင်ရတတ်ပါတယ်။

(၂) Taro Bubble Milk Tea




Freepik

သင်ဟာ အကောင်းမြင်စိတ်အပြည့်ရှိပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ပါ။ ဒါ့အပြင် အသစ်အဆန်းတွေကို အလွန်စိတ်ဝင်စားတတ်ပြီး အနာဂတ်နေ့ရက်တွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်အပြည့်နဲ့ စိတ်လှုပ်ရှားနေတတ်ပါတယ်။ ဆိုလိုတာက သင့်အနာဂတ်မှာ ကောင်းတဲ့အရာတွေပဲ ဖြစ်လာမှာဆိုပြီး ယုံကြည်နေတတ်တာပါ။ နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထားရှိပြီး သူငယ်ချင်း၊မိတ်ဆွေတွေကိုလည်း အားတတ်သရော ကူညီပေးတတ်ပါတယ်။ လူတိုင်းအတွက် ခက်ခက်ခဲခဲ လုပ်ဆောင်ရတဲ့အလုပ်တစ်ခုက သင့်အတွက်တော့ လွယ်လွယ်ကူကူနဲ့ ပြီးစီးသွားတတ်ပါတယ်။

(၃) Matcha Bubble Milk Tea




Freepik

သင်ဟာ ဆဌမအမြင်ရှိပြီး သင့်ရဲ့ဆုံးဖြတ်ချက်တွေကို အဲဒီအမြင်နဲ့ ချမှတ်တတ်ပါတယ်။ တချို့လူတွေက ဆူညံသံတွေကြားရင် အာရုံထွေပြားပြီး ဘာမှမလုပ်နိုင်တော့ပေမယ့် သင်ကတော့ အာရုံစိုက်ပြီး လုပ်ဆောင်နိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေ အပြည့်ရှိပြီး မျက်စိရှေ့မှာ ဖရိုဖရဲဖြစ်နေတဲ့ အရာတွေကို လှပသွားအောင် ပြန်လည်ဖန်တီးနိုင်စွမ်း ရှိပါတယ်။ မာနမကြီးပဲ ကိုယ့်ကိုယ်ကို နိမ်ချဆက်ဆံတတ်တာက သင့်ရဲ့ကောင်းတဲ့အကျင့်လေးပေါ့။

(၄) Mango Bubble Tea




Freepik

သင်ဟာ တတ်တတ်ကြွကြွနဲ့ စိတ်အားထက်သန်မှု အပြည့်ရှိတဲ့အပြင် လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါ။ လူတိုင်းကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးတတ်ပြီး ဒရမ်မာတွေနဲ့ လုပ်ဇာတ်တွေကို အလွန်မုန်းတီးတတ်ပါတယ်။ ဒါ့အပြင် စိတ်ရောကိုယ်ပါ ချုပ်တည်းပြီး နေထိုင်ရတာမျိုးကို မနှစ်သက်တဲ့အတွက် စိတ်လွတ်ကိုယ်လွတ် ပြုမှုနေထိုင် ပြောဆိုတတ်ပါတယ်။ အထီးကျန်တဲ့ဒဏ်ကို မခံစားနိုင်တဲ့အတွက် အမြဲလိုလို လူတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။

(၅) Apple Milk Tea




Freepik

သင့်ရဲ့ပြုမှုနေထိုင်ပုံနဲ့ တွေးခေါ်ပုံတွေက တခြားလူတွေနဲ့မတူဘဲ ကွဲပြားနေတတ်ပါတယ်။ ဒါက မကောင်းတာမဟုတ်ဘဲ သင့်ကိုပိုထူးခြားနေစေတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး တခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်ရတာကို နှစ်သက်တတ်ပါတယ်။ ဟန်ဆောင်ရတာတွေကို မနှစ်သက်ပဲ အရှိကိုအရှိအတိုင်း နေထိုင်ရတာမျိုးကမှ ဘဝရဲ့ ပျော်ရွှင်မှုအစစ်အမှန်လို့ သတ်မှတ်ထားတတ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အပြည့်ရှိပြီး လူတွေကို ကူညီတဲ့နေရာမှာ ထူးခြားတဲ့နည်းလမ်းတွေနဲ့ ကူညီပေးတတ်ပါတယ်။

(၆) Strawberry Bubble Milk Tea




Freepik

သင်ဟာ သဘောကောင်းပြီး ချဉ်းကပ်ရလွယ်ကူတဲ့ လူတစ်ယောက်ပါ။ လူတိုင်းအပေါ် ခင်မင်ရင်းနှီးပြီး ဖော်ရွေတတ်ပေမယ့် လွန်တာထက်ပိုပြီး အပိုစကားတွေပြောရတာမျိုးကို မနှစ်သက်သူတစ်ယောက်ပါ။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ယုံကြည်စိတ်ချပြီး အားကိုးရတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် သစ္စာရှိပြီး ရိုးသားပါတယ်။ ဒါပေမယ့် သွေးအေးတဲ့နှလုံးသားပိုင်ရှင်တစ်ယောက် ဖြစ်တဲ့အလျှောက် သင့်အပေါ် သစ္စာဖောက်တဲ့လူတွေကို ပြန်ကလဲ့စားချေတတ်တဲ့ အကျင့်လေးကတော့ မကောင်းတဲ့အကျင့်လေးတစ်ခုပေါ့။

#lotaya_quiz


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်အသစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..