
Freepik&pixabay/Clker-Free-Vector-Images & OpenClipart-Vectors & upklyak
လူရယ်လို့ ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ကိစ္စတွေကြောင့် စိတ်ဖိစီးမှုဆိုတာ ရှိတတ်ကြစမြဲပါ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဖိစီးမှု Level တွေနဲ့ အဲဒီစိတ်ဖိစီးမှုတွေအပေါ် ခံနိုင်ရည်ကလည်း မတူညီကြပါဘူး။ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် စိတ်ဓာတ်ကျတဲ့အဆင့်ကို တဖြည်းဖြည်း ရောက်လာမှာပါ။ ဒီလို စိတ်ဓာတ်ကျတဲ့အဆင့်ကနေမှ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်က စိတ်ဖိစီးနေပြီဆိုရင် အဲဒီလိုစိတ်ဖိစီးနေရတဲ့ အကြောင်းအရင်းကို ကောင်းစွာသိဖို့လိုအပ်ပြီး အဲဒီအကြောင်းအရင်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာဖွေသင့်ပါတယ်။ ဒီနေ့မှာတော့ သင့်ကို စိတ်ဖိစီးအောင် လုပ်နေတဲ့အရာကို ပေးထားတဲ့ပုံလေး ၄ ပုံထဲက တစ်ခုကိုရွေးချယ်ပြီး အဖြေကိုရှာဖွေကြည့်လိုက်ရအောင်နော်။
(၁) အိမ်ကလေးတစ်လုံး

Pixabay/
သင်ဟာ သင့်မိသားစုရဲ့ အိမ်ထောင်ဦးစီး အကြီးအကဲ ဒါမှမဟုတ် မိသားစုကို အရမ်းချစ်တတ်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း သင်စိတ်ဖိစီးနေရတဲ့ အဓိကအကြောင်းအရင်းကတော့ သင့်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကြောင့်ပါ။ ဖြစ်နိုင်တာကတော့ အဲဒီမိသားစုဝင်ရဲ့ ကျန်းမာရေးကိစ္စ၊ ငွေရေးကြေးရေးကိစ္စ ဒါမှမဟုတ် ပညာရေးကိစ္စကြောင့်ပါ။
(၂) စုံတွဲ

pixabay/ Clker-Free-Vector-Images
အခုနောက်ပိုင်း သင်စိတ်ဖိစီးနေရတဲ့ အဓိကအကြောင်းအရင်းကတော့ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေကြောင့်ပါ။ သင့်သူငယ်ချင်းတစ်ယောက်ယောက် ဒါမှမဟုတ် လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်က လူတစ်ယောက်ယောက်နဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဖုအထစ်လေးတွေ ရှိနေရာကတစ်ဆင့် စိတ်ဖိစီးနေရတာပါ။
(၃) ရုပ်တုတစ်ခု

P/ upklyak
အခုနောက်ပိုင်း သင်စိတ်ဖိစီးနေရတဲ့ အဓိကအကြောင်းအရင်းကတော့ နှလုံးသားရေးရာကိစ္စတွေကြောင့်ပါ။ ဖြစ်နိုင်တာက သင့်ချစ်သူနဲ့ သင့်ကြားမှာ ညှိရခက်တဲ့ကိစ္စလေးတွေ ရှိနေပြီး အဲဒီကိစ္စလေးတွေကို အဆင်ပြေအောင် ညှိဖို့ကြိုးစားရင်းကနေ စိတ်ဖိစီးနေရတာပါ။
(၄) မြင်းတစ်ကောင်

pixabay/ OpenClipart-Vectors
အခုနောက်ပိုင်း သင်စိတ်ဖိစီးနေရတဲ့ အဓိကအကြောင်းအရင်းကတော့ သင့်အလုပ်ကိစ္စကြောင့်ပါ။ ဖြစ်နိုင်တာက လက်ရှိအလုပ်မှာ အရမ်းပင်ပန်းနေတတ်တာမျိုး ဒါမှမဟုတ် အလုပ်တစ်ခုရှာဖို့ ရုန်းကန်းကြိုးစားနေရတာမျိုးကြောင့်ပါ။
#lotaya_quiz
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။