ဒီမေးခွန်း (၁၀) ခုမှာ ဘယ်နှခုမှန်အောင်ဖြေနိုင်မလဲ စမ်းကြည့်ရအောင်
lotaya.mpt.com.mm
|
2021-09-16

Pixabay/ MoteOo



လူတစ်ယောက်က စဉ်ဆက်မပြတ် နေ့စဉ်နဲ့အမျှ သင်ယူလေ့လာနေမှ ဒီခေတ်မှာ တခြားလူတွေနဲ့အပြိုင် ရင်ဘောင်တန်းနိုင်မှာပါ။ မိမိရဲ့ကျောင်းသင်ခန်းစာ၊ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေသာမက မိမိနေထိုင်တဲ့ ကမ္ဘာကြီးပေါ်က သက်ရှိ၊သက်မဲ့တွေရဲ့အကြောင်းကိုလည်း ဗဟုသုတရအောင် လေ့လာဆည်းပူးသင့်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေကို သိသင့်သိထိုက်တဲ့ ဗဟုသုတမေးခွန်းလေးတွေ တင်ဆက်ပေးသွားမှာပါ။ ဒီမေးခွန်းလေးတွေထဲက အကုန်လုံးနီးပါး မှန်ကန်အောင် ဖြေဆိုနိုင်တယ်ဆိုရင်တော့ သင်ဟာ လေ့လာစူးစိုက်အားကောင်းတဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။



နံပါတ် ၁ - အိုလံပစ်အကွင်းတွေမှာ အရောင်ငါးရောင်ပါဝင်ပါတယ်။ အပြာ၊ အဝါ၊ အစိမ်း၊ အနီနဲ့ နောက်ဆုံးတစ်ရောင်က ဘယ်တစ်ခုဖြစ်မလဲ။



(က) လိမ္မော် (ခ) ခရမ်း (ဂ) အနက် (ဃ) ခဲရောင်



နံပါတ် ၂ - ပေးထားတဲ့ဂြိဟ်တွေထဲက ကမ္ဘာမြေဆွဲငင်အား အများဆုံးတစ်ခုကို ရွေးချယ်ပေးပါ။




Pixabay/ WikiImages



(က) မားစ် (ခ) ဂျူပီတာ (ဂ) စေတန် (ဃ) ဗီးနပ်စ်



နံပါတ် ၃ - ရေနွေးကြမ်းကို တီထွင်ခဲ့တဲ့နိုင်ငံက ဘယ်နိုင်ငံဖြစ်မလဲ။




Pixabay/ OpenClipart-Vectors



(က) မြန်မာ (ခ) ဂျပန် (ဂ) တရုတ် (ဃ) ဘူတန်



နံပါတ် ၄ - ကမ္ဘာပေါ်မှာ နယ်နိမိတ်ဧရိယာအကျယ်ဆုံးနိုင်ငံက ဘယ်တစ်ခုဖြစ်မလဲ။



(က) တရုတ် (ခ) ရှရှား (ဂ) ကနေဒါ (ဃ) ယူအက်စ်အေ



နံပါတ် ၅ - ကြက်ဥမှာ မပါဝင်တဲ့ ဗီတာမင်ဓာတ်က ဘယ်တစ်ခုဖြစ်မလဲ။




Pixabay/ OpenClipart-Vectors



(က) ဗီတာမင်အေ (ခ) ဗီတာမင်ဒီ (ဂ) ဗီတာမင်စီ (ဃ) ဗီတာမင်အီး



နံပါတ် ၆ - ရွှေရဲ့ ဓာတုသင်္ကေတက ဘယ်တစ်ခုဖြစ်မလဲ။




Pixabay/ OpenClipart-Vectors



(က) Ag (ခ) Hg (ဂ) Au (ဃ) Cu







နံပါတ် ၇ - နယူယောက်မြို့မှာရှိတဲ့ လေဘာတီရုပ်တုကြီးကို ဘယ်နိုင်ငံက လက်ဆောင်ပေးတာလဲ။




Pixabay/ stux



(က) ဂျာမနီ (ခ) ပြင်သစ် (ဂ) စပိန် (ဃ) ပေါ်တူဂီ



နံပါတ် ၈ - မပုပ်မသိုးဘဲ တစ်သက်လုံး အထားခံတဲ့အစားအစာက ဘယ်တစ်ခုဖြစ်မလဲ။



(က) ချိစ် (ခ) ဝက်ပေါင်ခြောက် (ဂ) ကြက်ဥ (ဃ) ပျားရည် 



နံပါတ် ၉ - ကြက်ဥကို မာမာလေးကျက်အောင်ပြုတ်ဖို့ အချိန်ဘယ်လောက်ယူရပါသလဲ။




Pixabay/ MoteOo



(က) ၃မိနစ် (ခ) ၆မိနစ် (ဂ) ၁၀မိနစ် (ဃ) ၁၂မိနစ်



နံပါတ် ၁၀ - လူတစ်ယောက်က ရေမသောက်ဘဲ အများဆုံးဘယ်နှရက်အသက်ရှင်နိုင်ပါသလဲ။



(က) ၁ ရက် (ခ) ၂ ရက် (ဂ) ၃ ရက် (ဃ) ၁ပတ်



ကဲ…အခုဆို မေးခွန်းလေးတွေလဲ ဖြေပြီးလောက်ရောပေါ့….ဘယ်နှခုမှန်လဲဆိုတာ အောက်ကအဖြေလေးတွေနဲ့ တိုက်စစ်ဆေးခဲ့ဦးနော်….



*****အဖြေမှန်များ*******



နံပါတ် ၁ - (ဂ) အနက်



နံပါတ် ၂ - (ခ) ဂျူပီတာ



နံပါတ် ၃ - (ဂ) တရုတ်



နံပါတ် ၄ - (ခ) ရှရှား



နံပါတ် ၅ - (ဂ) ဗီတာမင်စီ



နံပါတ် ၆ - (ဂ) Au



နံပါတ် ၇ - (ခ) ပြင်သစ်



နံပါတ် ၈ - (ဃ) ပျားရည် 



နံပါတ် ၉ - (ဃ) ၁၂မိနစ်



နံပါတ် ၁၀ - (ဂ) ၃ ရက်



ကဲ..ဘယ်နှခုမှန်ခဲ့လဲ ပြောခဲ့ပေးပါဦးနော်။



#lotaya_quiz



MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..