သင့်ဘဝရဲ့ အပျော်ရွှင်ခဲ့ရဆုံး အခိုက်အတန့်လေးကို သင်ရွေးချယ်ခဲ့တဲ့ တိမ်လေးကပြောပြပေးမယ်
lotaya.mpt.com.mm
|
2021-10-24

Freepik

ဖြတ်သန်းလာတဲ့လူ့ဘဝသက်တမ်းတစ်လျှောက်လူတိုင်းလူတိုင်းမှာအပျော်ရွှင်ခဲ့ရဆုံးအခိုက်အတန့်လေးတွေရှိခဲ့ဖူးကြမှာပါ။ဒီအခိုက်အတန့်လေးတွေကတော့ပြန်မရနိုင်တော့ပေမယ့်ပြန်တွေးမိတိုင်းတော့လူတိုင်းရင်ထဲမှာကြည်နူးရင်ခုန်မှုအဖြာဖြာကိုပြန်ခံစားမိကြမှာမလွဲမသွေပါပဲ။ဒီနေ့မှာတော့သင်ရွေးချယ်ခဲ့တဲ့တိမ်တိုက်လေးတွေကတစ်ဆင့်သင့်ဘဝသက်တမ်းတစ်ယောက်အပျော်ရွှင်ခဲ့ရဆုံးအခိုက်အတန့်လေးတွေကိုပြောပြပေးသွားမှာပါ။ဘယ်လိုအခိုက်အတန့်အတန့်လေးကသင့်ကိုအပျော်ရွှင်ဆုံးဖြစ်ခဲ့လဲဆိုတာလေ့လာကြည့်လိုက်ရအောင်။

နံပါတ်၁


Freepik

နံပါတ်၁ကိုရွေးချယ်ခဲ့တဲ့သင်ဟာငယ်ဘဝမှာအရမ်းပျော်ရွှင်စရာကောင်းပြီးအပူအပင်မဲ့တဲ့အချိန်တွေကိုပိုင်ဆိုင်ခဲ့ဖူးပါတယ်။ဒါ့အပြင်ငယ်ငယ်တုန်းကသင်ဟာအဆော့သန်ပြီးဟန်ဆောင်မှုတွေမရှိပဲရိုးသားပွင့်လင်းတဲ့ကလေးလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှသင်ဟာလောကဓံအပြောင်းအလဲတွေကိုရင်ဆိုင်ရပြီးလူအမျိုးမျိုးနဲ့ပေါင်းသင်းဆက်ဆံရတဲ့အတွက်ယုံကြည်မှုအပြည့်ရှိပြီးသန်မာတဲ့လူတစ်ယောက်အဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ဒါကြောင့်တစ်ခါတစ်ရံဘဝမှာအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါသင်ဟာငယ်ငယ်ကအပူအပင်ကင်းပြီးရိုးသားတဲ့ကလေးဘဝလေးကိုသင်ဟာပြန်လိုချင်နေတတ်ပါတယ်။

နံပါတ်၂


Freepik

နံပါတ်၂ကိုရွေးချယ်ခဲ့တဲ့သင်ဟာသင့်ရဲ့မိဘဆွေမျိုး၊သူငယ်ချင်းမိတ်ဆွေတွေအပြင်သင့်ကိုမိဘသဖွယ်၊မောင်နှမသဖွယ်ပြောဆိုဆက်ဆံပြီးစဉ်းစားပေးတတ်တဲ့လူတွေကိုအရမ်းသံယောဇဉ်တွယ်တတ်ပါတယ်။ဒါကြောင့်သင်ဟာသူတို့ဘေးနားအမြဲနေနိုင်အောင်ကြိုးစားနေတတ်တဲ့အပြင်သင့်ဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းကိုသူတို့နဲ့တိုင်ပင်ဆွေးနွေးပြီးသူတို့ဆီကအကြံဉာဏ်တွေကိုတောင်းတတ်ပါတယ်။ဒါပေမယ့်သူတို့အကြံပေးတဲ့အတိုင်းလိုက်တော့မလုပ်တတ်ပါဘူး။ဒီအတိုင်းလေးသူတို့အကြံပေးတာကိုနားထောင်နေရတာကိုပဲသင်ဟာသဘောကျနေတတ်တာပါ။ပြောရမယ်ဆိုရင်တော့ဒီလိုလူတွေနားမှာသင်အမြဲနေနိုင်တာကသင့်အတွက်အပျော်ရွှင်ရဆုံးအချိန်တွေပဲပေါ့။

နံပါတ်၃


Freepik

နံပါတ်၃ကိုရွေးချယ်ခဲ့တဲ့သင်ဟာအချိန်အများစုကိုဖြစ်သင့်တာထက်ဖြစ်ချင်တာတွေကိုဦးစားပေးနေမိပါတယ်။ဒီလိုမလုပ်သင့်မှန်းသင့်ကိုယ်သင်သိပေမယ့်လည်းသင်ဟာဆက်ပြီးရူးမိုက်နေတုန်းပါပဲ။ဒါကြောင့်သင့်ဘဝမှာပြည့်ပြည့်ဝဝပျော်ရွှင်ခွင့်မရခဲ့တဲ့အချိန်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်။အကြံပေးချင်တာကယခုလက်ရှိသင်ပိုင်ဆိုင်ထားတဲ့အရာတွေကိုတန်ဖိုးထားပြီးသင်မပိုင်ဆိုင်ရသေးတဲ့အရာတွေကိုစွဲလမ်းနေတာကနေရပ်လိုက်မယ်ဆိုရင်သင့်ဘဝမှာပျော်ရွှင်မှုတွေပိုင်ဆိုင်လာမှာအမှန်ပါပဲ။

#lotaya_quiz




Some text some message..