သင့်ကိုလွှမ်းမိုးမှုအရှိဆုံး ပုံရိပ်လေးကတစ်ဆင့် သင့်အကြောင်းကိုပြောပြပေးမယ်
lotaya.mpt.com.mm
|
2021-11-25

Pixabay/OpenClipart-Vectors

လူတစ်ယောက်က တဖက်လူကို နားလည်ပေးဖို့ မကြိုးစားခင် ကိုယ့်ကိုယ်ကို အရင်ဆုံးနားလည်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို နားအောင်အောင် မကြိုးစားဘဲ တဖက်လူကိုပဲ နားလည်ဖို့ကြိုးစားနေတာက ဘယ်လိုဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် သင့်ကိုပင်ပန်းနေစေမှာပါ။ ဒါကြောင့် သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့ လူတစ်ယောက်လဲဆိုတာ နားလည်စေနိုင်ဖို့ ဒီ Quiz လေးကိုပြင်ဆင်ထားပါတယ်။ ပေးထားတဲ့ပုံလေးထဲက သင့်ကိုအလွှမ်းမိုးဆုံး ပုံရိပ်လေးကို ရွေးချယ်ပြီး အဖြေကို လေ့လာကြည့်လိုက်ရအောင်နော်။

(၁) ကောင်းကင်နဲ့ အပြာရောင်တိမ်တိုက်တွေ


Pixabay/OpenClipart-Vectors

ကောင်းကင်နဲ့ အပြာရောင်တိမ်တိုက်တွေကို အရင်ဆုံးသတိပြုမိခဲ့ရင်တော့ သင်ဟာ ရည်မှန်းချက်ကြီးပြီး အပြောကြီးတဲ့လူတစ်ယောက်ပါ။ ရည်မှန်းချက်ကြီးတာကတော့ သင့်အတွက် ကောင်းတဲ့အရည်အချင်းတစ်ခုလို့ ပြောလို့ရပါတယ်။ လူတချို့က ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေကို လုပ်ဆောင်ဖို့ တွန့်ဆုတ်နေပေမယ့် သင်ကတော့ သင့်ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒအပြည့်ရှိပါတယ်။ ဒါပေမယ့်လည်း လုပ်နိုင်တာထက်ပိုပြီး အပြောကြီးတတ်တဲ့ သင့်အားနည်းချက်လေးကကြောင့် တစ်ခါတစ်ရံ သင့်ရည်မှန်းချက်တွေကို ထင်သလောက် မလုပ်ပြနိုင်တဲ့အခါ လူတချို့ရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရတတ်ပါတယ်။

(၂) ဂစ်တာနဲ့ လေယာဉ်ပျံ


Pixabay/OpenClipart-Vectors

ဂစ်တာနဲ့လေယာဉ်ပျံကို အရင်ဆုံးသတိပြုခဲ့မိရင်တော့ သင်ဟာ မိသားစုနဲ့ သူငယ်ချင်းတွေကို လိုတာထက်ပိုပြီး မှီခိုနေတတ်တဲ့ လူတစ်ယောက်ပါ။ သူတို့ရဲ့အထောက်အပံ့တွေ၊ အကူအညီတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို သင့်ကိုအရမ်းလွှမ်းမိုးထားတတ်ပါတယ်။ ဒါ့အပြင် သင့်ဘေးမှာ သူတို့ရှိနေရင် သင့်အတွက် ခွန်အားတစ်ရပ်လို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သင်နဲ့ပတ်သက်ပြီး သူတို့စိတ်လေးတစ်ချက် ငြိုငြင်မှာကို သင်အကြောက်ဆုံးပေါ့။ ဒါပေမယ့် သူတို့ကို လိုတာထက်ပိုပြီး မှီခိုနေခြင်းက သူတို့အတွက် ဝန်ထုတ်ဝန်ဝိုးတစ်ခုလို ဖြစ်လာနိုင်တတ်တဲ့အတွက် တစ်ခါတစ်လေ သင့်ကိုယ်သင် အားကိုးဖို့နဲ့ ကိုယ့်ကိုယ်ကို အားကိုးတတ်အောင် ကြိုးစားသင့်ပါတယ်။

#lotaya_quiz




Some text some message..