သင့်ရွေးချယ်မှုတွေကတစ်ဆင့် သင့်ရဲ့အားနည်းချက်ကို ဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2022-01-13

Pixabay/ Schäferle

ဒီနေ့ Quiz လေးမှာတော့ မေးခွန်းလေးတွေမေးပြီး ဒီမေးခွန်းတစ်ခုချင်းစီမှာ သင်ရွေးချယ်ခဲ့တဲ့ အဖြေတွေရဲ့ ရမှတ်ပေါင်းတွေကတစ်ဆင့် သင့်ရဲ့အားနည်းချက်ကို ဖော်ထုတ်ပေးသွားမှာပါ။ ဒါကြောင့် သင်ဟာ ဘယ်လိုအားနည်းချက်မျိုး ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်လဲဆိုတာ သိရအောင် ဒီ Quiz လေးကို ဖြေကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

နံပါတ် ၁ - သင့်ကိုယ်သင် လူကောင်းတစ်ယောက်လို့ထင်သလား။


Pixabay/ pixel2013

(က) ထင်တယ် (၂မှတ်)

(ခ) မထင်ဘူး (၁မှတ်)

(ဂ) အခြေအနေပေါ် မူတည်တယ် (၃မှတ်)

နံပါတ် ၂ - သင်မုန်းတဲ့ ခံစားချက်တစ်ခုက ဘယ်တစ်ခုဖြစ်မလဲ။

(က) အထီးကျန်မှု (၃မှတ်)

(ခ) ဝမ်းနည်းမှု (၂မှတ်)

(ဂ) ကြောက်ရွံ့မှု (၁မှတ်)

နံပါတ် ၃ - ပရလောကသားတွေရှိတယ်ဆိုတာကို ယုံလား။


Pixabay/ magwood_photography

(က) မယုံဘူး (၁မှတ်)

(ခ) ယုံတယ် (၃မှတ်)

(ဂ) အခြေအနေပေါ် မူတည်တယ် (၂မှတ်)

နံပါတ် ၄ - ဘယ်လိုအခြေအနေမျိုးမှာ သက်သောင့်သက်သာရှိတယ် ခံစားရလဲ။


Pixabay/ StockSnap

(က) သူငယ်ချင်းတွေနဲ့ အတူတူရှိတဲ့အချိန် (၂မှတ်)

(ခ) မိသားစုနဲ့ အတူတူရှိတဲ့အချိန် (၁မှတ်)

(ဂ) ကောင်းမွန်စွာ အနားယူနိုင်တဲ့အချိန် (၃မှတ်)

နံပါတ် ၅ - ကိုယ့်ကိုယ်ကို ဘယ်လောက်သဘောကျသလဲ။

(က) အရမ်းသဘောကျတယ် (၃မှတ်)

(ခ) သဘောမကျဘူး (၂မှတ်)

(ဂ) တော်သင့်ရုံလောက်ပဲ (၁မှတ်)

နံပါတ် ၆ - သင်နှစ်သက်တဲ့ အရောင်အမျိုးအစားကို ရွေးချယ်ပေးပါ။

(က) အရောင်နုနုလေးတွေ (၁မှတ်)

(ခ) အရောင်တောက်တောက်ကြီးတွေ (၃မှတ်)

(ဂ) အကုန်ကြိုက်တယ် (၂မှတ်)

နံပါတ် ၇ - သင့်ကိုယ်သင် ဘယ်လိုလူမျိုးလို့ ယူဆထားလဲ။

(က) ကြင်နာတတ်တယ် (၂မှတ်)

(ခ) ပျော်ပျော်နေတတ်တယ် (၁မှတ်)

(ဂ) ရည်မှန်းချက်ကြီးတယ် (၃မှတ်)

နံပါတ် ၈ - သင်က ကြောက်တတ်တဲ့လူတစ်ယောက်လား။


Pixabay/ mprietou

(က) အင်း ကြောက်တယ် (၃မှတ်)

(ခ) ဟင့်အင်း မကြောက်ဘူး (၂မှတ်)

(ဂ) အခြေအနေပေါ် မူတည်တယ် (၁မှတ်)

နံပါတ် ၉ - သင်က လူတွေကို ယုံကြည်တတ်လား။

(က) အခြေအနေပေါ် မူတည်တယ် (၁မှတ်)

(ခ) ဟင့်အင်း မယုံဘူး (၃မှတ်)

(ဂ) များသောအားဖြင့် ယုံကြည်တယ် (၂မှတ်)

နံပါတ် ၁၀ - သင့်ကိုယ်သင် ယုံကြည်မှုရှိသလား။

(က) အင်း ယုံကြည်တယ် (၂မှတ်)

(ခ) ဟင့်အင်း မယုံကြည်ဘူး (၁မှတ်)

(ဂ) တစ်ခါတလေပေါ့ (၃မှတ်)

နံပါတ် ၁၁ - သင့်ကိုယ်သင် ပြောင်းလဲချင်သလား။

(က) အင်း အကုန်ပြောင်းလဲချင်တယ် (၁မှတ်)

(ခ) ဟင့်အင်း မပြောင်းလဲချင်ဘူး (၂မှတ်)

(ဂ) နည်းနည်းပါးပါး ပြောင်းလဲချင်တယ် (၃မှတ်)

နံပါတ် ၁၂ - ဘဝနဲ့ပတ်သက်ပြီး ဘယ်လိုအဓိပ္ပာယ်ဖွဲ့ချင်သလဲ။


Pixabay/ Pexels

(က) ဘဝက ပင်ပန်းဆင်းရဲတယ် (၁မှတ်)

(ခ) ဘဝက အဖိုးတန်တယ် (၃မှတ်)

(ဂ) ဘဝက ပျော်စရာကောင်းတယ် (၂မှတ်)

အခုဆိုရင် မေးခွန်းလေးတွေဖြေပြီး အမှတ်ပေါင်းလေးတွေလည်း ရလောက်ရောပေါ့။ သင်ရရှိခဲ့တဲ့ အမှတ်ပေါင်းအလိုက် သင့်ရဲ့အားနည်းချက်လေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ၁၂မှတ် - ၁၆ မှတ်

သင့်အားနည်းချက်ကတော့ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား မချနိုင်တဲ့အားနည်းချက်ပါ။ ပြောရမယ်ဆိုရင် သင်ဟာ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်ရတာထက် တခြားလူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရတာကို ကျင့်သားရနေတာပါ။

(၂) ၁၇မှတ် - ၂၁ မှတ်

သင့်အားနည်းချက်ကတော့ အမှားတွေကို ထပ်တလဲလဲ ကျူးလွန်နေမိတာပါ။ ဒါကြောင့် ကိစ္စတစ်ခုကို မဆောင်ရွက်ခင် ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ သင်ဘာလုပ်သင့်သလဲဆိုတာ ကြိုတင်စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် အမှားတွေကတစ်ဆင့် သင်ခန်းစာယူတတ်ဖို့လည်း လိုပါသေးတယ်။

(၃) ၂၂မှတ် - ၂၆မှတ်

သင့်အားနည်းချက်ကတော့ တခြားလူတွေရဲ့သဘောဆန္ဒအတိုင်း ပြုမူနေထိုင်တတ်တဲ့ အကျင့်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သင်ဟာ မိမိရဲ့ပျော်ရွှင်မှုကို အလေးမထားပဲ တခြားလူတွေရဲ့ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင် စဉ်းစားပေးနေလေ့ရှိပါတယ်။

(၄) ၂၇မှတ် - ၃၁မှတ်

သင့်အားနည်းချက်ကတော့ ကြောက်ရွံ့မှုပါ။ သင်ဟာ သာမန်လူတွေ သည်းခံနိုင်တဲ့အရာတွေကိုတောင် ကြောက်ရွံ့နေတတ်ပါတယ်။ ကြောက်ရွံ့မှုက သင့်ကိုဆုတ်ယုတ်မှုတွေပဲ ပေးစွမ်းနိုင်တဲ့အတွက် အရာရာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်။

(၅) ၃၂မှတ် - ၃၆မှတ်

သင့်အားနည်းချက်ကတော့ အချိန်လွန်ပြီး ကိုယ့်ကိုယ်ကို နောင်တရစေမယ့်ဖြစ်ရပ်မျိုးတွေ ရှိလာမှာမျိုးကိုပါ။ ဘဝဆိုတာ အတက်အကျရှိတာကို သတိပြုသင့်ပါတယ်။ ပျော်ရွှင်မှုတွေကလည်း မတည်မြဲသလို ဝမ်းနည်းမှုတွေကလည်း အမြဲတည်ရှိမနေပါဘူး။ ဒါကြောင့် အတိတ်ကဖြစ်ရပ်တွေကြောင့် နောင်တရပူဆွေးမနေပဲ လက်ရှိအချိန်မှာ အကောင်းဆုံးနေထိုင်သင့်ပါတယ်။

#lotaya_quiz




Some text some message..