ဘယ်အသက်အရွယ်မှာ ပထမဆုံးရင်သွေးလေး ပိုင်ဆိုင်ခွင့်ရမလဲဆိုတာ ဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2022-01-20

Pixabay/ nastya_gepp

အခုတလော ကိုယ့်မောင်နှမ ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေ မင်္ဂလာဆောင်သွားတာမျိုး၊ စေ့စပ်သွားတာမျိုးပဲ တွေ့နေရတော့ Wedding season လို့ပဲပြောရမလား။ ချစ်ရတဲ့လူနဲ့ ဘဝတစ်ခုကို အတူတူတည်ထောင်ခွင့်ရတာ ကြည်နူးစရာအခိုက်အတန့်လေးပါပဲ။ အိမ်ထောင်တစ်ခု ထူထောင်ရုံနဲ့ မပြီးသေးပါဘူး။ အိမ်ထောင်တစ်ခု စိုစိုပြည်ပြည်ဖြစ်ပြီး ပျော်ရွှင်ကြည်နူးစရာလေးတွေ မိသားစုလေးတစ်ခုဖြစ်ဖို့ ချစ်စဖွယ် သားသားမီးမီးလေးတွေ မွေးဖို့ကလည်း လိုအပ်ပါသေးတယ်။ ဒီနေ့မှာတော့ ဘယ်အရွယ်မှာ သင့်အနေနဲ့ ပထမဆုံးရင်သွေးလေး ပိုင်ဆိုင်ခွင့်ရမလဲဆိုတာ ဖော်ထုတ်ပေးသွားမှာ။ မေးခွန်းလေးတွေကို ဖြေဆိုပြီး ရရှိလာတဲ့အမှတ်ပေါင်းလေးတွေကတစ်ဆင့် အဖြေလေးတွေကို လေ့လာကြည့်လိုက်ရအောင်။

နံပါတ် ၁ - သင့်အမေက သူ့အသက်ဘယ်နှနှစ်မှာ သင့်ကိုမွေးဖွားခဲ့သလဲ။


Pixabay/ satyatiwari

(က) ၃၁နှစ်ကျော်ပြီ (၁မှတ်)

(ခ) ၁၅နှစ် - ၂၀နှစ် (၅နှစ်)

(ဂ) ၂၀နှစ် - ၂၃နှစ် (၄နှစ်)

(ဃ) ၂၄နှစ် - ၂၇နှစ် (၃နှစ်)

(င) ၂၈နှစ် - ၃၁နှစ် (၂နှစ်)

နံပါတ် ၂ - သင်မွေးတုန်းက သင့်အဖေက အသက်ဘယ်လောက်ရှိပြီလဲ။


Pixabay/ sarahbernier3140

(က) ၃၁နှစ်ကျော်ပြီ (၁မှတ်)

(ခ) ၁၉နှစ် - ၂၀နှစ် (၅နှစ်)

(ဂ) ၂၀နှစ် - ၂၃နှစ် (၄နှစ်)

(ဃ) ၂၄နှစ် - ၂၇နှစ် (၃နှစ်)

(င) ၂၈နှစ် - ၃၁နှစ် (၂နှစ်)

နံပါတ် ၃ - သင်နဲ့သင့်မိဘ ခန့်မှန်းချေအသက် ဘယ်နှနှစ်ကွာသလဲ။


Pixabay/ serrano1004

(က) ခန့်မှန်းချေ ၁၀နှစ် - ၁၅နှစ် (၄မှတ်)

(ခ) ခန့်မှန်းချေ ၁၆နှစ် - ၂၀နှစ် (၃မှတ်)

(ဂ) ခန့်မှန်းချေ ၂၁နှစ် - ၂၅နှစ် (၂မှတ်)

(ဃ) ခန့်မှန်းချေ ၂၆နှစ် - ၃၀နှစ် (၁မှတ်)

(င) ခန့်မှန်းချေ ၃၁နှစ်အထက် (၅မှတ်)

နံပါတ် ၄ - ဘယ်အရာတွေကို ပ၊ဒု၊တ အစဉ်လိုက် သင့်အတွက် အရေးကြီးဆုံးဆိုပြီး ခံယူထားသလဲ။


Pixabay/ 460273

(က) ပိုက်ဆံ ၊ အလုပ် ၊ မိသားစု (၁မှတ်)

(ခ) မိသားစု ၊ အလုပ် ၊ ပိုက်ဆံ (၄မှတ်)

(ဂ) အလုပ် ၊ ပိုက်ဆံ ၊ မိသားစု (၂မှတ်)

(ဃ) မိသားစု ၊ ပိုက်ဆံ ၊ အလုပ် (၅မှတ်)

(င) အလုပ် ၊ မိသားစု ၊ ပိုက်ဆ (၃မှတ်)

နံပါတ် ၅ - သင့်မှာ မောင်နှမတွေရှိသလား။


Pixabay/ Pexels

(က) ရှိတယ် (၁မှတ်)

(ခ) မရှိဘူး (၅မှတ်)

(ဂ) တစ်ဝမ်းကွဲတွေရှိတယ် (၃မှတ်)

နံပါတ် ၆ - မောင်နှမ၊ တစ်ဝမ်းကွဲရှိရင် ဘယ်နှယောက်ရှိသလဲ။

(က) ၁ယောက် (၂မှတ်)

(ခ) ၂ယောက် (၃မှတ်)

(ဂ) ၃ယောက် (၄မှတ်)

(ဃ) ၄ယောက် (၅မှတ်)

(င) ၅ယောက်ထက်ပိုတယ် (၁မှတ်)

နံပါတ် ၇ - သင့်မှာ အိမ်မွေးတိရစ္ဆာန်ရှိသလား။


Pixabay/ Joe Caione

(က) မရှိဘူး (၅မှတ်)

(ခ) ရှိတယ် (၃မှတ်)

(ဂ) မောင်နှမတွေမှာ ရှိတယ် (၁မှတ်)

နံပါတ် ၈ - သင့်မိဘတွေက သင့်နာမည်ကို ဘယ်လိုပေးခဲ့တာလဲ

(က) ဗေဒင်ဆရာနဲ့ တိုင်ပင်ပြီး (၃မှတ်)

(ခ) မိသားစုတွေနဲ့ တိုင်ပင်ပြီး (၂မှတ်)

(ဂ) ဒီအတိုင်းပေးလိုက်တာ (၄မှတ်)

(ဃ) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) နေ့ထူးနေ့မြတ်ကို အစွဲပြုပြီး (၅မှတ်)

(င) မသိဘူး (၁မှတ်)

နံပါတ် ၉ - သင့်မိဘတွေက အတူတူနေသလား။

(က) အင်းနေတယ် (၅မှတ်)

(ခ) ဟင့်အင်း တစ်ယောက်တစ်နယ်စီ (၁မှတ်)

(ဂ) ပြောရမှာရှုပ်တယ် (၃မှတ်)

နံပါတ် ၁၀ - ဘယ်လိုမိသားစုမျိုးကို သဘောကျလဲ။


Pixabay/ chillla70

(က) မိသားစုအကြီးကြီး

(ခ) မိသားစုသေးသေးလေး

(ဂ) ပုံမှန်မိသားစုလေး

ကဲ အခုဆိုရင် မေးခွန်းလေးတွေဖြေပြီးလို့ အမှတ်ပေါင်းလေးတွေလည်း ရလောက်ရောပေါ့။ သင်ရရှိခဲ့တဲ့ အမှတ်ပေါင်းအလိုက် ဘယ်အရွယ်မှာ ရင်သွေးလေး ပိုင်ဆိုင်ရမလဲဆိုတဲ့ အဖြေလေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) အသက် ၃၂ ကျော်မှ

သင့်အနေနဲ့ အသက်၃၂နှစ်ကျော်မှ အိမ်ထောင်ကျပြီး ပထမဆုံးရင်သွေးလေး ပိုင်ဆိုင်ရတာမျိုး ဒါမှမဟုတ် အိမ်ထောင်ကျပြီးပေမယ့် အသက်၃၂နှစ်ကျော်မှ ကလေးယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ အသက် ၃၂နှစ်ကျော်မှ ကလေးယူရတဲ့အတွက် သင့်အနေနဲ့ အနည်းငယ် စိတ်ပူပန်နေတာမျိုး၊ စိတ်လှုပ်ရှားနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ စိတ်မပူပါနဲ့။ အသက် ၃၂နှစ်လောက်မှ ကလေးယူတာ နောက်မကျသေးပါဘူး။

(၂) အသက် ၂၉နှစ်ကနေ ၃၂နှစ်အတွင်း

သင့်အနေနဲ့ ဒါမှမဟုတ် မိသားစုလေးတစ်ခု ဖန်တီးဖို့ အဆင်သင့်ဖြစ်နေပေမယ့် တခြားသော အကြောင်းအရင်းကိစ္စလေးတွေ ရှိနေတာကြောင့် အသက်၂၉နှစ်ကနေ အသက်၃၂နှစ်အတွင်းမှာမှ ပထမဆုံးရင်သွေးကို ယူနိုင်မှာပါ။ ဒီအသက်အရွယ်မတိုင်ခင် ရင်သွေးလေးအတွက် ပြီးပြည့်စုံပြီး တာဝန်ကျေတဲ့မိဘတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့အတွက် ရင်သွေးလေးရရင် အခက်အခဲတွေ၊ စိန်ခေါ်မူတွေ သိပ်ရှိမှာမဟုတ်ပါဘူး။

(၃) အသက် ၂၅နှစ်ကနေ ၂၈နှစ်အတွင်း

သင့်အနေနဲ့ မိမိရဲ့အိမ်ထောင်သည်ဘဝနဲ့ မိမိရဲ့အသက်မွေးဝမ်းကြောင်းကို ဟန်ချက်ညီအောင် ကြိုးစားနေရတဲ့အတွက် သင့်ရဲ့ပထမဆုံးရင်သွေးလေးကို အသက် ၂၅နှစ်ကနေ အသက်၂၈နှစ်အတွင်းမှာမှ ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ သင်ဟာ အရာရာမှ ဟန်ချက်ညီအောင် ကြိုးစားနေရတဲ့အတွက် ပင်ပန်းရပေမယ့်လည်း ရင်သွေးလေးရရင် သင်ဟာ ဟန်ချက်ညီပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရရှိပါလိမ့်မယ်။

(၄) အသက် ၂၁နှစ်ကနေ ၂၄နှစ်အတွင်း

သင့်အနေနဲ့ အသက်၂၁နှစ်ကနေ ၂၄နှစ်အတွင်း သင့်ရဲ့ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။ ဒီအသက်အရွယ်တွေဟာ အိမ်ထောင်ပြုပြီး ကလေးယူတာက မိခင်နဲ့ရင်သွေးအတွက် အကောင်းဆုံးဖြစ်တယ်လို့ ဆေးပညာမှာ ဖော်ပြထားပါတယ်။ သင်ဟာ သင့်မိသားစုနဲ့ အိမ်ထောင်ဖက်ဆီက အကောင်းဆုံးအထောက်အပံ့တွေနဲ့ အချစ်တွေကို လက်ခံရရှိပြီး မွေးလာမယ့် သင့်ရင်သွေးလေးအတွက်လည်း သာယာပျော်ရွှင်ပြီး ကျန်းမာတဲ့ဘဝလေးတစ်ခုကို ပေးစွမ်းနိုင်မှာပါ။

(၅) အသက် ၁၉နှစ်ကနေ ၂၀နှစ်

သင့်အနေနဲ့ အသက်၁၉နှစ်ကနေ ၂၀နှစ်အတွင်း သင့်ရဲ့ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။ ဒီအသက်အရွယ်က အိမ်ထောင်ပြုပြီး ကလေးယူဖို့ အရမ်းငယ်သေးတယ်လို့ မှတ်ချက်ပေးကြပေမယ့်လည်း သင်ဟာ စိတ်ဓာတ်ပိုင်းဆိုရင်ရာ အလွန်ကြံ့ခိုင်ပြီး တာဝန်ယူမှု အပြည့်ရှိတဲ့မိဘတစ်ယောက်လို့ ချီးကျူးလိုက်ချင်ပါတယ်။ မွေးလာမယ့် ရင်သွေးလေးအတွက် သင့်ဘက်က အများကြီးတာဝန်ယူပြီး ကြည့်ရှုစောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားဖို့ အကြံပေးလိုက်ပါတယ်။

#lotaya_quiz




Some text some message..