တောင်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိထားသလဲ
lotaya.mpt.com.mm
|
2022-01-23

unsplash/Johen Redman

သင်ဟာ K-Drama Fan ဒါမှမဟုတ် Kpopper တစ်ယောက်ဆိုရင် တောင်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အများကြီးမဟုတ်ရင်တောင် နည်းနည်းတော့ သိထားမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲဆိုတာ ဒီ quiz လေးကတစ်ဆင့် ဖော်ထုတ်ပေးသွားမှာပါ။ သင်ဟာ တောင်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားချင်လို့ပဲဖြစ်ဖြစ်၊ တောင်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ဒီ Quiz လေးကို လက်လွှတ်မခံပဲ ဖြေကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

မေးခွန်း ၁ - တောင်ကိုရီးယားနိုင်ငံရဲ့ငွေကြေးကို ဘယ်လိုခေါ်ပါသလဲ။


Pixabay/zounghyauk

(က) ပေါင်

(ခ) ဝမ်

(ဂ) ယွမ်

(ဃ) ဒေါ်လာ

မေးခွန်း ၂ - တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားအားကစားက ဘယ်တစ်ခုဖြစ်မလဲ။


Pixabay/Steven Lelham

(က) ဘောလုံး

(ခ) ဘော်လီဘော

(ဂ) ဘတ်စကတ်ဘော

(ဃ) တိုက်ကွမ်ဒို

မေးခွန်း ၃ - တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယလူဦးရေအသိပ်သည်းဆုံးမြို့က ဘယ်မြို့ဖြစ်မလဲ။


Pixabay/Seoulinspired

(က) အင်ချွန်းမြို့

(ခ) ဂွမ်ဂျူးမြို့

(ဂ) ဆိုးလ်မြို့

(ဃ) ဘူဆန်မြို့

မေးခွန်း ၄ - တောင်ကိုရီးယားနိုင်ငံက ဘယ်မှာတည်ရှိပါသလဲ။


Pixabay/PIRO4D

(က) ဥရောပအရှေ့ပိုင်း

(ခ) အာရှအရှေ့ပိုင်း

(ဂ) မြောက်အမေရိကား

(ဃ) တောင်အမေရိကား

မေးခွန်း ၅ - ကိုရီးယားနိုင်ငံရဲ့အလံမှာ ပါဝင်တဲ့အရောင်တွေက ဘယ်ဟာတွေဖြစ်မလဲ။


Pixabay/GDJ

(က) အဖြူ၊ အမည်း၊ အနီ၊ အစိမ်း

(ခ) အဖြူ၊ အမည်း၊ အနီ၊ အပြာ

(ဂ) အဖြူ၊ အပြာ၊ အနီ၊ အဝါ

(ဃ) အဖြူ၊ အဝါ၊ အစိမ်း၊ အမည်း

မေးခွန်း ၆ - Best Picture အတွက် ၂၀၁၉ခုနှစ်ရဲ့ အကယ်ဒမီဆုကိုရရှိခဲ့တဲ့ ပထမဆုံးတောင်ကိုရီးယားရုပ်ရှင်က ဘယ်တစ်ခုဖြစ်မလဲ။


Pixabay/geralt

(က) Minari

(ခ) Parasite

(ဂ) Train To Busan

(ဃ) Along With The Gods

မေးခွန်း ၇ - တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးမြို့တော်က ဘယ်မြို့ဖြစ်မလဲ။


Pixabay/kjh318203

(က) အင်ချွန်းမြို့

(ခ) ဂွမ်ဂျူးမြို့

(ဂ) ဘူဆန်မြို့

(ဃ) ဆိုးလ်မြို့

မေးခွန်း ၈ - ဘယ်ရေလက်ကြားက ကိုရီးယားနဲ့ဂျပန်ကို ခွဲခြားထားသလဲ။


Pixabay/AromaArtRodenberg

(က) ဆူရှီမားရေလက်ကြား

(ခ) မလက္ကာရေလက်ကြား

(ဂ) ဖလော်ရီဒါရေလက်ကြား

(ဃ) ထိုင်ဝမ်ရေလက်ကြား

မေးခွန်း ၉ - တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်ခုအနက် ဘယ်တစ်ခုက နယ်မြေဧရိယာပိုကြီးသလဲ။

(က) တောင်ကိုရီးယား

(ခ) မြောက်ကိုရီးယား

မေးခွန်း ၁၀ - ၁၉၄၅ခုနှစ်အထိ တောင်ကိုရီးယာနိုင်ငံကို ဘယ်နိုင်ငံက အုပ်စိုးခဲ့သလဲ။

(က) အင်္ဂလန်

(ခ) ယူအက်စ်အေ

(ဂ) ဂျပန်

(ဃ) ဂျာမနီ

မေးခွန်း ၁၁ - ဘယ်ကားအမျိုးအစားကို တောင်ကိုရီးယားနိုင်ငံက ထုတ်လုပ်တာလဲ။


Pixabay/xdigitalphotos

(က) Nissan

(ခ) BMW

(ဂ) Hyundai

(ဃ) Porsche

အခုဆိုရင် ပရိတ်သတ်ကြီးလည်း မေးခွန်းလေးတွေဖြေပြီး အဖြေလေးတွေလည်း ရလောက်ရောပေါ့။ အောက်မှာအဖြေမှန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

*****အဖြေများ*******

မေးခွန်း ၁ - (ခ) ဝမ်

မေးခွန်း ၂ -  (ဃ) တိုက်ကွမ်ဒို

မေးခွန်း ၃ - (ဃ) ဘူဆန်မြို့

မေးခွန်း ၄ - (ခ) အာရှအရှေ့ပိုင်း

မေးခွန်း ၅ - (ခ) အဖြူ၊ အမဲ၊ အနီ၊ အပြာ

မေးခွန်း ၆ - (ခ) Parasite

မေးခွန်း ၇ - (ဂ) ဘူဆန်မြို့

မေးခွန်း ၈ - (က) ဆူရှီမားရေလက်ကြား

မေးခွန်း ၉ - (ခ) မြောက်ကိုရီးယား

မေးခွန်း ၁၀ - (ဂ) ဂျပန်

မေးခွန်း ၁၁ - (ဂ) Hyundai

#lotaya_quiz




Some text some message..