
Pixabay/jerycho1960 / OpenClipart-Vectors
ဘယ်လောက်ပဲ ဗေဒင် ယတြာနဲ့ တားရော့ကို မယုံကြည်နေပါစေ ဆိုရှယ်မီဒီယာပေါ်မှာ တစ်ပတ်စာ ဟောစတမ်းလေး ထွက်လာရင် ဝင်ဖတ်ကြည့်ကြတာပဲမလား။ ဒီနေ့မှာတော့ အနာဂတ်ဟောစာတမ်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်ကြီးအတွက် ကတ် ၃ချပ် အစီအစဥ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီကတ်လေးတွေက နောက်လမှာ ပရိသတ်ကြီးအနေနဲ့ ကံကောင်းနိုင်မလားဆိုတာ ခန့်မှန်းတင်ဆက်ပေးသွားမှာပါ။ နှစ်သက်ရာ ကတ်လေးကိုရွေးချယ်ပြီး အဖြေလေးတွေ လေ့လာကြည့်လိုက်ပါ။
နံပါတ် ၁

Pixabay/jerycho1960
ဓားကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက်လမှာ သင့်အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကံကောင်းခြင်းတွေ ကြုံရပါလိမ့်မယ်။ ပြောရမယ်ဆိုရင် အရင်နှစ်တွေက သင်ခံစားခဲ့ရတဲ့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အညံ့တွေပျောက်သွားပြီး စိတ်သစ်ကိုယ်သစ် အားအင်အသစ်တွေနဲ့ သင့်လုပ်ငန်းဆောင်တာတွေကို တဖန်ပြန်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် သင်ချစ်ရတဲ့လူတွေနဲ့လည်း ပျော်စရာခရီးတွေ ထွက်ရပါလိမ့်မယ်။
နံပါတ် ၂

Pixabay/OpenClipart-Vectors
ပန်းပွင့်လေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက်လမှာ သင့်အနေနဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ ပတ်သက်ပြီး ကံကောင်းခြင်းတွေ ရရှိပါလိမ့်မယ်။ ရှိပြီးသားမိတ်ဆွေတွေအပြင် မိတ်ဆွေအသစ်တွေလည်း ထပ်ရနိုင်ပြီး အဲဒီလူတွေဆီက သင့်ဘဝကို တဖက်တလမ်းက တိုးတက်ဖြစ်ထွန်းစေမယ့် အကူအညီကောင်းတွေ အကြံဥာဏ်ကောင်းတွေ ရရှိပါလိမ့်မယ်။ ဒါ့အပြင် သင့်ကိုမနာလိုမုန်းတီးနေတဲ့ လူတွေကိုလည်း အဲဒီလမှာ အနိုင်ယူနိုင်ပါလိမ့်မယ်။
နံပါတ် ၃

Pixabay/OpenClipart-Vectors
ငွေထုတ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက်လမှာ သင့်အနေနဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကာလကြာရှည်စွာ ရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေ ပြေလည်သွားမှာပါ။ ဒါပေမယ့် အဲဒီကာလမှာ ငွေကြေးနဲ့ပတ်သက်ပြီး စွန့်စွန့်စားစား လုပ်ဆောင်ရမယ့် ကိစ္စလေးတွေကို အတတ်နိုင်ဆုံးရှောင်ပေးပြီး တတ်နိုင်ရင် ကိုယ့်ပိုက်ဆံနဲ့ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ရမယ့် ကိစ္စလေးတွေရှိနေရင် နောက်ဆုတ်ပေးထားပါ။ နောက်လက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရှိပြီးသားပြဿနာတွေကိုသာ ပြေလည်စေမယ့်လဖြစ်ပြီး ရင်းနှီးမြှုပ်နှံရမယ့်ကာလ မဟုတ်သေးပါဘူး။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz